မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် ပဲတီစိမ်း(အညာ) ဈေးကွက်အခြေအနေ
ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။