ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်း၊ မြေပဲ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကို အဓိကထားစိုက်ပျိုးကြ သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ ၁၂၉၇၀၃ ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၃ ဒသမ ၉၄ တင်းနှုန်းဖြင့် တင်းပေါင်း ၅၁၁၀၃၀ တင်း ထွက်ရှိခဲ့ပြီး ဆောင်း နှမ်းစိုက်ဧကမှာ ၁၇၄ ဧကစိုက်ပျိုးနိုင်ခဲ့သည်။ တစ် ဧက ပျမ်းမျှအထွက်နှုန်း မှာ ၄ ဒသမ ၆၉ တင်း နှုန်းဖြင့် အထွက်တင်းပေါင်း ၈၁၆ တင်း ထွက်ရှိခဲ့ ကြောင်း သိရှိရသည်။ မိုးနှမ်းကို နှစ်စဉ် ဇွန်လ မိုးဦးကျချိန