ပြည်မြို့နယ် မှော်ဇာအုပ်စုတွင် ဟင်းသီးဟင်းရွက်များ ရာသီမရွေးထွက်ရှိ
ပြည်မြို့အတွင်းရှိ မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီးဟင်း ရွက်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချကြောင်း သိရသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ ၁၅ ရွာရှိပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြပြီး အဓိကထား၍ လုပ်ကိုင် ကြသော သီးနှံများမှာ ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ဟင်းသီးဟင်းရွက်များကို အများဆုံးစိုက်ပျိုးကြသည်။ မိုးရာသီ တွင် မိုးစပါးစိုက်ပျိုးပြီး ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးကြသည်။