ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံ နှမ်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ
ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီး တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ယခုနှစ် တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း သိရသည်။ ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးကြိုးနှမ်း စိုက်ပျိုးရန် လျာထားဧက ၁၅၂၀ ဧက ဖြစ်ပြီး ဇွန်လကုန်အထိ ၉၀၁ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။မိုးနှမ်းစိုက် တောင်သူများအနေ ဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင် စိုက်ပျိုးပြီး နှစ်လခွဲခန့် ကြာပါက စတင် ရိတ်သိမ်းကြောင်း၊ စမုန်နက်နှမ်းမျိုးကို စိုက်ပျိုးမှုများပြီး ယခုနှစ်တွင် မျိုးနှမ်း ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ န



