ဇူလိုင်လအတွင်း နို့ဆီ၊ နို့မှုန်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၂၀ဝ၀ ကျော် ထိုင်းနိုင်ငံမှ တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေ ကြောင်းမှ နို့ဆီ တန် ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၈၀ဝ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။