ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုများ နှေးကွေးခဲ့သော်လည်း ပြည်ပရေထွက်ကုန် တင်ပို့မှု မြင့်တက်ခဲ့
ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုများ နှေးကွေးခဲ့သော်လည်း ပြည်ပရေထွက်ကုန်တင်ပို့မှုမြင့်တက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ရေထွက်ကုန် တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်ပွားခဲ့သော်လည်း ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မူမှာ ရပ်ဆိုင်းသွားမှုမရှိခြင်း၊ ကောင်းမွန် သည့် ထုတ်လုပ်မှုကျင့်စဉ်ဖြင့် ဆောင်ရွက်ထားသည့် ထုတ်ကုန်များကြောင့် ဈေးကွက်ပျောက်မသွားခြင်း၊ ပြည်တွင်း၌ ပြည်ပသို့တင်ပို့ကုန်များ အလုံအလောက် ရှိနေခြင်း စသည်