Background
ကုန်သွယ်ရေးသတင်း
မန္တလေးကြက်သွန်နီ ဈေးအေးနေ
ယခုတစ်ပတ် မန္တလေးကြက်သွန်နီဈေးနှုန်းဈေးကွက် အခြေအနေမှာ ကြက်သွန်နီအဟောင်းများ အရည်အသွေးနိမ့် (အညှောင့်ပေါက်)လာခြင်းကြောင့် ဈေးနှုန်းနိမ့်ကျလာပြီး ကြက်သွန်နီအသစ်များဈေးကွက်သို့ ဝင်ရောက်လာ၍ ပြည်ပတင်ပို့မှု အနည်း ငယ်သာရှိသောကြောင့် ဈေးအေးနေကြောင်း သိရသည်။ ယခုတစ်ပတ် မန္တလေးဈေးကွက်တွင် ကြက်သွန်နီ တစ် ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၆၀ဝ၊ အလတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ် ၃၀ဝ၊ လက်လီဈေးနှုန်းများမှာ ထိပ်စ ကျပ် ၈၀ဝ၊ အလတ်စ ကျပ် ၆၀ဝ၊ အနိမ့်စကျပ် ၃၀ဝ ဖြင့် နေ့စဉ် ကုန်ချိန်ပိဿာ ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ပြည်ပအမယ်သစ်ပို့ကုန် ဖက်လိပ်လုပ်ငန်းအကြောင်း တစေ့တစောင်း
ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စားသုံး သူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော စုပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မူဆယ်(၁၀၅)မိုင် ဖရဲဈေးကွက်
ရေနံချောင်း၌ ကွမ်းရွက်ဈေးတက်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးမှထွက်ရှိသော ကွမ်းရွက်များ ဈေးတက်နေကြောင်း ကွမ်းယာဆိုင်များနှင့် ကွမ်းရွက်ရောင်းဝယ်သူများ ထံမှ စုံစမ်းသိရှိရသည်။"ကျွန်တော်တို့လွန်ခဲ့တဲ့ ၁၀ ရက် မှာ ကွမ်းရွက်ဈေးနှုန်းတစ်ပိဿာ ကျပ် ၃၀ဝ၀ ဝယ်ရတယ်။ ကိုဗစ်ကာလဆို တော့ မနက် ၁၀ နာရီဆိုရင် ဝယ်မယ့် သူက မရှိဘူး။ကျေးရွာကနေ ဈေးဝယ် လာသူတွေလည်းပြန်ပြီ။ ရောင်းအားက မကောင်းဘူး။ လက်ရှိ ကွမ်းရွက် တစ် ပိဿာကျပ် ၇၀ဝ၀ ဝယ်ရတယ်။ အား ချင်း တက်လာတာပါ"ဟု ကွမ်းယာရောင်းဝယ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းဈေးမှာ လက်ရှိတစ်ပိဿာ ကျပ် ၇၀ဝ၀ ရောင်းနေကြောင်း ယခုလပထမပတ်ကစပြီး ဈေးတက်လာ ကြောင်း ရေနံချ
မြန်မာ့ဖရဲသီး ယူအေအီးသို့ တင်ပို့နိုင်ခဲ့
ဒီဇင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံမှ ဖရဲသီးများ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် စတင်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့ ဖရဲသီးသည် ဆယ်စုနှစ် သုံးခုကျော် တရုတ်ပြည် သူ့သမ္မတနိုင်ငံ တစ်ခုတည်းကိုသာ ဈေးကွက်ရရှိအောင် မှီခို အားထားတင်ပို့ရာမှ ယခုအခါ ယူအေအီးဈေးကွက်သို့ စတင် တင်ပို့နိုင်ပြီဖြစ်ပြီး ကာတာနှင့် စင်ကာပူနိုင်ငံများသို့လည်း ဈေးကွက်ချိတ်ဆက်ထားပြီးဖြစ်သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ အသီးအနှံလက်ကားရောင်းချ သည့် ကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ် သည့် Future Glory ကုမ္ပဏီသို့ ကုန်ဝယ်အမှာစာ ပေးပို့ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့ရန် စာချုပ်ချုပ်ဆို ထားကြောင်း
ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူး ငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။
(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး “Online” ကုန်စည်ပြပွဲနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ “Online” ဆွေးနွေးပွဲကျင်းပမည်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီ (ကျယ်ဂေါင်) တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါ သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရန် အလှည့်ကျရောက်ပါ သည်။ သို့ရာတွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ (မူဆယ်)မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ပါသည်။
ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်းနှင့် မြေပဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။
ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတန်ချိန်သုံးသောင်းကျော်တင်ပို့
အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် မူဆယ် (၁၀၅)မိုင် ဇုန်မှ ဆန်တန်ချိန် ၈၆၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀ ကျော်စုစုပေါင်း တန်ချိန် ၈၆၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။






