Main menu

Background

ကုန်သွယ်ရေးသတင်း

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/01/2024 - 11:34 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ဝ၃၄ သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်းပိုမိုခဲ့ပြီး သွင်း ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ဒသမ ဝ၃၄ သန်း ပိုမိုခဲ့ကြောင်းသိရသည်။  

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/01/2024 - 11:33 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက် ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၂ ဒသမ ၁၅၀ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၉၈၅ သန်းဖြစ် သည်။
အနီးစပ်ဆုံးကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၀  သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၃၄၄ သန်းပိုမိုခဲ့သောကြောင့် ကုန် သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ဒသမ ၈၅၄ သန်း ပိုမိုခဲ့ကြောင်း သိရသည်။  

မွန်ပြည်နယ်မှ ဝဥတင်ပို့မှု အခြေအနေ

Mon, 01/01/2024 - 11:32 -- journal_editor

မွန်ပြည်နယ်သည် ဝဥစိုက်ပျိုးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ပျိုးမှု ဧက ၅၁၀ရှိပြီး ထွက်ရှိမှု ၉၅၀ တန်ထွက်ရှိကြောင်း မွန်ပြည်နယ်၏ မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။ ဝဥထွက်ရှိသော ကာလမှ စက်တင်ဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ဝဥ အသီး၊ အစိုများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတို့မှဝယ်ယူရရှိကြောင်း၊ မွန်ပြည်နယ်မှ ဝဥအစိုများသည်လည်း ပဲခူး၊ တောင်ငူ၊ မန္တလေးသို့ စီးထွက်မှုများလည်းရှိသည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူရန်စတင်နိုင်ဖွယ်ရှိ

Mon, 01/01/2024 - 11:29 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီဈေးကွက်မှာ တစ် ကီလိုလျှင် တာကာ ၁၀ဝ ဝန်းကျင်ရှိရာမှ ပြီးခဲ့သည့် တစ်ပတ် အတွင်းမှစ၍ တစ်ကီလိုလျှင် တာကာ ၁၂၀ မှ ၁၈၀ အတွင်း (အရည်အသွေးပေါ်မူတည်၍) မြင့်တက်လာခဲ့သည်။ 
ဆက်လက်၍  အိန္ဒိယနိုင်ငံမှ ၂၀၂၃ ခုနှစ် ၊ အောက်တို ဘာလမှစတင်ပြီး ကြက်သွန်နီ တင်ပို့ရာတွင် ပို့ကုန်အခွန်ကို  ၄၀ ရာခိုင်နှုန်း ထိကောက်ခံခြင်းနှင့်  တစ်တန်လျှင် တင်ပို့ဈေး နှုန်းကို အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၈၀ဝ သတ်မှတ် သည့် ကန့်သတ်ချက်ထုတ်ပြန်သည့်  အချိန်နောက်ပိုင်းမှစတင် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြက်သွန်နီ တစ်ကီလိုလျှင် တာကာ ၂၂၀ အထိ မြင့်တက်လျက်ရှိနေသည်။   

တစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 01/01/2024 - 10:39 -- journal_editor

နို့ဆီ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၉  သန်း  တန်ဖိုးရှိ  နို့ဆီ တန်ချိန် ၂၀ဝ ကျော် အား စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ‌ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ 
နို့မှုန့်

တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 01/01/2024 - 10:38 -- journal_editor

ဓာတ်မြေသြဇာ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ၁၂ ဒသမ ၅၀၁  သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန် နိုင်ငံမှတန်ချိန် ၂၀ဝ၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ခန့်၊  ဗီယက်နမ်နိုင်ငံမှ  တန်ချိန် ၃၂၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဂျာမနီ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေ သြဇာ တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

ယခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ မြန်မာ့ပြောင်း တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထား

Wed, 12/20/2023 - 11:53 -- journal_editor

မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို  ယခု ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ  ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာ့ဒေသထွက် ပြောင်းကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ် ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီ တင်ပို့ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်နေ

Wed, 12/20/2023 - 11:52 -- journal_editor

မြန်မာနိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီကို ဖိလစ် ပိုင်နိုင်ငံသို့   တင်ပို့ခွင့်ရရှိနိုင်ရန်အတွက်  မြန်မာနိုင်ငံ မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်တို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် တင်ပို့ ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ် G to G) သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီ နှင့် အရည်အသွေးကို  အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ပြောင်းနှင့် ရော်ဘာ တင်ပို့မှုအခြေအနေ

Wed, 12/20/2023 - 11:36 -- journal_editor

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်မှ အမေရိကန် ဒေါ်လာ ၇ ဒသမ  ၆၀၁ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၃၁၃၈၀ ကျော် တင်ပို့သည်။ တင်ပို့မှု အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၁၁၇၀၊ ထိုင်ဝမ် သို့ ပြောင်းတန်ချိန် ၁၉၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့သည်။

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Wed, 12/20/2023 - 11:35 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလလုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၉၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၈၂သန်းဖြစ်၍ လျာထားချက်အပေါ် ၅၉ ဒသမ ဝ၉ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။   

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း