မြန်မာ့ထောပတ်သီးတရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရရှိ
ပြည်တွင်းတွင် စိုက်ပျိုးထားရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်ပြည့်သူ့သမ္မတနိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိပြီးဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ အစိုးရအချင်းချင်းကုန်သွယ်ရေးစနစ်ဖြင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့သွားရန် စီစဉ်ထားကြောင်းသိရသည်။ မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ မြန်မာ့ထောပတ်သီးများသည် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ် မှုအာဏာပိုင်အဖွဲ့(GACC)၏ ကျန်းမာရေးစံချိန်စံညွှန်း စစ်ဆေးမှုများကို အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့သည်။ မြန်မာ့ထောပတ်သီးသည် ဖရဲသီး၊ သရက်သီးတို့ပြီးနောက် တရုတ်ဈေးကွက်အတွင်းသိ
