Background
ယခုတစ်ပတ်အတွင်းတွင် ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်မဟုတ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ငွေလဲနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ နေ့စဉ်သတ်မှတ်ပေးလျက်ရှိသည့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းမှာလည်း တစ် ပတ်လျှင် တစ်ကြိမ် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကို အမျိုး မျိုးဖြန့်ကျက်ထားနိုင်ဖို့ အစီအစဉ်တစ် ရပ်အဖြစ် ဖေဖော်ဝါရီတွင် သုံးလအတွင်း ရွှေဝယ်ယူစုဆောင်းမှုကိုတိုးမြှင့်ဆောင် ရွက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်က မတ် ၆ ရက်ကကြေညာ ပါတယ်။ ရွှေကိုတန် ၂၀ ဝယ်ယူခဲ့တဲ့ အတွက် ဖေဖော်ဝါရီ လအကုန် မှာ တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့လက်ဝယ် ရှိ ရွှေပမာဏမှာ ၁၀၄ ဒသမ ၄ တန်ထိ ရှိလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဒသမ ၇၉ ဘီလီယံထိရှိလာကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ တောင်ကို ရီးယားဗဟိုဘဏ်ကရွှေဝယ်ယူစုဆောင်း မှုကို ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ၂၀၁၁ ခုနှစ် ဇူလိုင်လကပြုလုပ် ခဲ့ရာ ထိုနောက်ပိုင်း ယခုအကြိမ်က ငါးကြိမ်မြောက်ဝယ် ယူခဲ့တာဖြစ်ပါ တယ်။ ဗဟိုဘဏ်က ၂၀၁၁ ခုနှစ် နိုဝင်ဘာနဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်နဲ့နိုဝင် ဘာလမှာလည်း ဝယ်ယူခဲ့ပါတယ်။
ဂျပန်နိုင်ငံဖွံ့ဖြိုးမှုကို နှစ်ချီဒုက္ခပေးခဲ့တဲ့ ငွေကျုံ့မှုကို တိုက်ဖျက်ဖို့ "ဖြစ် နိုင်သမျှ"အားလုံး ကိုဆောင်ရွက်မှာဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ် BOJ ကိုဦး ဆောင်ဖို့ အစိုးရကရွေးချယ်ထားသူက မတ် ၄ ရက်က ကတိပြုလိုက်ပြီး ပြဿ နာများကိုဖြေရှင်းဖို့အတွက် ပျက်ကွက်ခဲ့တဲ့ ယခင်က BOJ ရဲ့ စီမံခန့်ခွဲ မှုကို ပြစ် တင်ပြောကြားခဲ့ပါတယ်။ ဟာရုဟီကိုကူရိုဒါ က အတွေ့အကြုံရှိတဲ့ ဘဏ္ဍာရေးသမားတစ်ဦးဖြစ်ပြီး အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့အကြီးအကဲအဖြစ်က နုတ်ထွက်ထားသူဖြစ်ပါတယ်။ လာမဲ့ရက်သတ္တပတ်တွေအတွင်းမှာ သူ့ကို ဂျပန် နိုင်ငံရဲ့ဗဟိုဘဏ်ထိပ်တန်းအရာရှိတစ်ဦးအဖြစ် ဂျပန်လွှတ်တော်က ခန့်အပ် တာဝန်ပေးလိမ့်မယ်လို့ အများစုက ခန့်မှန်းထားပါတယ်။ အသက် ၆၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကူရိုဒါ က ကမ္ဘာမှာ တတိယအကြီးဆုံးဖြစ်တဲ့ ဂျပန်စီးပွား ရေးကိုမြှင့်တင်ရာမှာ ဂျပန်ဗဟိုဘဏ်က ထိထိရောက်ရောက်မလုပ်ဘူးလို့ တ စိုက်မတ် မတ် ဝေဖန်လာ သူဖြစ်ပြီး သူက ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ ငွေကြေးမူဝါဒ တွေလျှော့ချဖို့အတွက် ထပ်မံတွန်းအား ပေးဆောင်ရွက် မယ်လို့မျှော်လင့်ထား ကြောင်း င်္ဗဏ သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်စတော့ဈေးကွက် များ နေ့ချင်း မြင့်တက်လာတဲ့ အတွက် အာရှရှယ်ယာတွေမတ်လ ၈ ရက်က ကျဆင်းခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်အလုပ်အကိုင်နဲ့ တရုတ် ကုန်သွယ်ရေးကိန်းဂဏန်းတွေ မထွက် သေးတဲ့အတွက် ဈေးနှုန်းအတက်ကို နည်းနည်းထိန်းထားနိုင်ပါတယ်။ဒေါ်လာ တန်ဖိုးက ယန်းငွေ နဲ့ဖလှယ်ရာမှာ သုံး နှစ်ခွဲ နီးပါးကာလအတွင်း အမြင့်ဆုံး နှုန်းအနီးမှာ ဝဲလည်နေပါတယ်။
ယခုတစ်ပတ်တွင် ငွေလဲနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရ သည်။ ဗဟိုဘဏ်၏ရည်ညွှန်းငွေ လဲနှုန်း မြင့်တက်လာမှုကြောင့် ပုဂ္ဂလိကငွေလဲစင် တာများတွင် ငွေလဲနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းများ မြင့်တက် လာခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့်ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သည့်နည်းတူ နိုင်ငံခြား ငွေလဲလှယ်နှုန်းများလည်း မြင့်တက်ခဲ့ရခြင်း
ဖြစ်ကြောင်း သိရသည်။
ငွေကြေးဈေးကွက်တွေမှာ စီးပွား ရေးစစ်ပွဲဖြစ်လာမှာကို စိုးရိမ်စိတ်တွေ ရှိနေတာကိုတည်ငြိမ်သွားစေဖို့ ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေက ဖေဖော်ဝါရီ ၁၆ ရက်ကစတင်လှုပ်ရှားဆောင်ရွက်ခဲ့ ကြပြီးသူတို့ရဲ့ငွေကြေးတွေရဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်မြင့်တက်သွားအောင်ငွေ ကြေးတန်ဖိုးကိုသီးသီးခြားခြားသတ်မှတ် ပေးတာမျိုးကိုသော်လည်းေ ကာင်း၊ ငွေ ကြေးတန်ဖိုးချတာကိုသော်လည်းကောင်း မပြုလုပ်ကြပါဘူးလို့ ကတိပြုပေးခဲ့ကြ ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးလက်ထက်မှာ ဂျပန်နိုင်ငံ ကငွေကြေးဖေါင်းပွမှုမြှင့်တင်ဖို့ ငွေကြေး မူဝါဒကိုလျှော့ချ တဲ့အစီအစဉ်ကိုဆောင် ရွက်တဲ့အပြင်ယန်းငွေတန်ဖိုးကိုလျှော့ ချဖို့ဆောင်ရွက်လာတဲ့အတွက် အသံ ပလံတွေထွက်ပေါ် လာပါတယ်။
ဂျပန်နိုင်ငံက ယန်းငွေကြေးကို ဈေးကစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုကာကွယ်တဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ စီးပွားရေးအကြံပေး အရာရှိကငွေကြေးဆိုင်ရာ "လွတ်လပ်မှု" မူဝါဒကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာမှာ ရှင်ဇိုအာဘေးရွေးချယ်ခံခဲ့ရပြီး နောက်ပိုင်းယန်းငွေကြေးရဲ့တန်ဖိုးက အဆမတန်ထိုးကျခဲ့ပါတယ်။ ဒီကျဆင်းမှုကို မော်စကိုမြို့မှာ ကျင်းပတဲ့ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ရဲ့အစည်းအဝေး မှာ လေ့လာ ဆွေးနွေးစရာအကြောင်းအရာဖြစ်ခဲ့ပါတယ်။
အမေရိကန် ဗဟိုဘဏ်က ငွေ ကြေးမူဝါဒလျှော့ချဖို့ ဆက်လုပ်တော့မှာ မဟုတ်ဘူး။ အာရှဒေသတွင်းမှာရှိတဲ့ ဗဟို ဘဏ်တွေကလည်း ငွေတန်ဖိုးမြင့် တက်နေတာကို ထိန်းချုပ်ဖို့ ဝင်ရောက် စွက်ဖက်လိမ့်မယ် ဆိုတဲ့အထင်ကြောင့် ယခုရက်သတ္တပတ်အတွင်းမှာ မလေးရှား ရင်းဂစ်နဲ့ တောင်ကိုရီးယားဝမ်တို့ ဦး ဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုး ကျခဲ့ပါတယ်။
ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းတွင် ရောင်း ဈေးနှင့် ဝယ်ဈေးများ တူညီလုနီး ပါးဖြစ်လျက်ရှိကြောင်း သိရသည်။ပုဂ္ဂလိကဘဏ် များ၏ ငွေလဲစင်တာများနှင့် ဘဏ်မဟုတ်သည့် ပုဂ္ဂလိက ငွေလဲ စင်တာများတွင် ရောင်းဝယ်သည့် ဈေးနှုန်းများသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ရည်ညွှန်း ငွေလဲနှုန်းေ ပါ်တွင်သတ်မှတ်၍ ရောင်းဈေး၊ ဝယ်ဈေးကို သတ်မှတ်ထားသော် လည်း ပြင်ပငွေလဲေ ဈးကွက် တွင်မူ အဆိုပါ ငွေလဲစင်တာများက သတ်မှတ်ထား သည့်နှုန်း အောက်သို့လျှော့ချ ကာ ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။