Main menu

Background

Thursday, 3 Jul 2014

 
ထိုင်းနိုင်ငံ၏ ငွေကြေးမူဝါဒကော် မတီသည် ၁၈-၆-၂၀၁၄ ရက်နေ့၌ကျင်း ပခဲ့သော အစည်းအဝေးတွင် မူဝါဒအ တိုးနှုန်း/စံ အတိုးနှုန်း ကို ၂ ရာခိုင်နှုန်းမှာ ပင်ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါ သည်။ အမေရိကန်နိုင်ငံသည် ပိုမိုခိုင်မာ သော အလုပ်သမားနှင့် အိမ်ရာဈေး ကွက်များနှင့်အတူ ဆက်လက်တိုးတက် လျက်ရှိေ ကြာင်း၊ ဥရောပတွင် စီးပွား ရေးပြန်လည်နာလန်ထူလာလျက်ရှိ ကြောင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် သင့်တင့်သောနှုန်းဖြင့် ဆက်လက်တိုး တက်နေကြောင်း၊ တရုတ်နိုင်ငံ၌ ငွေ ကြေးကဏ္ဍတွင်

Thursday, 3 Jul 2014

 
ထားဝယ် စီမံကိန်း အကောင်အ ထည်ဖော်ဆောင်ရွက်မှုသည် သေချာမှု မရှိသေးကြောင်း၊ အစိုးရ၏ စီမံကိန်း ဌာနအနေဖြင့် ထားဝယ် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်/မည်သို့ ဆောင်ရွက်ရမည်နှင့် ပတ်သက်၍National Council for Peace and Order (NCPO)လမ်းညွှန်မှုရယူရန် လို အပ်နေသေးကြောင်း သိရှိရပါသည်။

Thursday, 3 Jul 2014

 
ထိုင်းနိုင်ငံ၌ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများသည် နိုင်ငံ၏ တည် ငြိမ်မှုအပေါ်စိုးရိမ်လျက်ရှိခြင်းကို ကိုး ကား၍ တရုတ် ခရီးသွား ဧည့်သည်များ အတွက် free visa  မပေးရန်တင်ပြ တိုက်တွန်းလျက်ရှိပါသည်။free visa သည်ခရီးသွားလုပ်ငန်းကို တိုးမြင့်စေ သော်လည်း နိုင်ငံခြားသားများအား လူ ဝင်မှုကြီးကြပ်ရေးကိစ္စ  (immigration process) များကို ရှောင်ကွင်းနိုင်စေ မည်ဖြစ်ကြောင်းခရီးသွားလုပ်ငန်းဆောင် ရွက်သူများစွာမှ ဆွေးနွေးသုံးသပ်ကြ ကြောင်း သိရှိရပါသည်။

Thursday, 3 Jul 2014

 
ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ဘဏ်ကြီးတစ်ဘဏ်ဖြစ်သည့် ဘန် ကောက်ဘဏ်(Bangkok Bank)  နှင့်  ထိုင်းစီးပွားရေး လုပ်ငန်းရှင် များ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဘန်ကောက် ဘဏ်ရုံးချုပ်တွင် ဇွန်လ ၁၇ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

Thursday, 3 Jul 2014

 
ဥရောပသမဂ္ဂ (EU) သည် ထိုင်း နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာ ချုပ်ချုပ်ဆိုခြင်း ကို အချိန်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ဒီမိုကရေ စီနိုင်ငံအဖြစ် အမြန်ဆုံးပြန် လည် တည် ဆောက် ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရားဝင် ခရီးစဉ်များ (official visits) ကိုလည်း ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း၊ EU နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ထိုင်းနိုင်ငံ၌ ဒီ မိုကရေစီနည်းလမ်း အရ ရွေးချယ် တင် မြှောက်သော အစိုးရဖွဲ့စည်းပြီးမှ သာလျှင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရှိ ရပါ သည်။

Thursday, 3 Jul 2014

 
အေးခဲအစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၎င်းင်းတို့အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်သတ် မှတ် ထားသောအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာကြောင်း၊ ငါးလုပ်ငန်းတွင် အလုပ်သမားများကို ကျွန်ကဲ့သို့ ခိုင်းစေ သည်သို့မဟုတ် ကျွန်ကဲ့သို့ အခိုင်းခံရသောအလုပ်သမား (Slave Labour) များအသုံးပြုသည်ဆို သောစွပ်စွဲချက်သည် မှားယွင်း သည်ဟု ခိုင်မာစွာပြောဆိုခဲ့ကြောင်းသိရှိရပါသည်။

Friday, 27 Jun 2014

 
အီးယူနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်ဦး နှစ်ဘက်ကုန်သွယ်မှု ပမာဏသည် ၂၀၀၃ခုနှစ်တွင်ယူရို ၂၈ဒသမ၆ဘီလီယံ ရှိ ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ယူရို ၇၂ ဒသမ ၇ ဘီလီယံသို့တိုးတက်လာခဲ့ပါ သည်။ ၂၀၁၃ ခုနှစ်တွင်အီးယူမှ အိန္ဒိယ နိုင်ငံ သို့တင်ပို့မှုပမာဏ တန်ဖိုးမှာ ယူရို ၃၅ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး အိန္ဒိယ နိုင်ငံမှ အီးယူသို့ တင်သွင်းမှုပမာဏ တန်ဖိုးမှာ ယူရို ၃၆ ဒသမ ၈ ဘီလီယံ ခန့် ရှိခဲ့ ပါသည်။

Friday, 27 Jun 2014

 
ဂျာမနီနိုင်ငံသည် နှစ်စဉ်ဟင်းသီး ဟင်းရွက်တန်ချိန် ၃ သန်းခန့်(တန်ဖိုး အားဖြင့် ယူရို ၃ ဒသမ ၅ ဘီလီယံခန့်) တင်သွင်းလျက်ရှိပါ သည်။ ပြည်တွင်း ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုသည် တန်ချိန် ၃ ဒသမ ၇ သန်းခန့်ရှိပါသည်။ ဂျာမနီနိုင်ငံ၏ ဟင်းသီးဟင်းရွက် တင်ပို့မှု သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၄၅၀၀၀၀ ခန့် ရှိပါသည်။ ဂျာမနီနိုင်ငံတွင် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဟင်းသီး ဟင်းရွက်များမှာ ကညွှတ်၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ကြက်သွန်မြိတ်နှင့် ပန်းဂေါ်ဖီစိမ်းစသည် တို့ ဖြစ်ကြပါသည်။

Friday, 27 Jun 2014

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် အ စားအစာလက်လီရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်သောDelhaize Group သည် ၎င်းင်း၏ပြိုင်ဆိုင်နိုင် မှုတိုးတက်စေ ရေးအတွက် ဘယ်လ်ဂျီယံ နိုင်ငံရှိDelhaize   အစားအစာ လက်လီစတိုး ဆိုင်ပေါင်း ၁၄ ဆိုင်နှ င့် ဝန်ထမ်း ၂၅၀၀ ခန့်အားလျော့ချသွားမည်ဖြစ်ကြောင်း ဇွန်လဒုတိယပတ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

Friday, 27 Jun 2014

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သောSpecial Fruit NV (www.specialfruit.com)သည် ပါကစ္စတန် သရက်သီးများကိုတင်သွင်းလျက် ဥရောပဒေသအနှံ့ဖြန့်ဖြူးရောင်းချလျက်ရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ ပါကစ္စတန် သရက်သီး ရာသီသစ်စတင်ချိန်ဖြစ်သောကြောင့် ပထမသုတ်အဖြစ် ပါကစ္စတန်သရက် သီးများသည် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန် လဒုတိယပတ်တွင်ရောက်ရှိခဲ့ရာSpecial Fruit NV  သည် ယင်းသရက်သီး များအား ဥရောပလက်လီနှင့် လက်ကား  ရောင်းချ သူများထံသို့ ချက်ချင်းဖြန့်ဖြူး ပေးခဲ့ကြောင်းသိရှိရပါသည်။

Pages