Main menu

Background

Thursday, 3 Jul 2014

 
ဥရောပသမဂ္ဂ (EU) သည် ထိုင်း နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာ ချုပ်ချုပ်ဆိုခြင်း ကို အချိန်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ဒီမိုကရေ စီနိုင်ငံအဖြစ် အမြန်ဆုံးပြန် လည် တည် ဆောက် ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရားဝင် ခရီးစဉ်များ (official visits) ကိုလည်း ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း၊ EU နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ထိုင်းနိုင်ငံ၌ ဒီ မိုကရေစီနည်းလမ်း အရ ရွေးချယ် တင် မြှောက်သော အစိုးရဖွဲ့စည်းပြီးမှ သာလျှင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရှိ ရပါ သည်။

Thursday, 3 Jul 2014

 
အေးခဲအစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၎င်းင်းတို့အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်သတ် မှတ် ထားသောအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာကြောင်း၊ ငါးလုပ်ငန်းတွင် အလုပ်သမားများကို ကျွန်ကဲ့သို့ ခိုင်းစေ သည်သို့မဟုတ် ကျွန်ကဲ့သို့ အခိုင်းခံရသောအလုပ်သမား (Slave Labour) များအသုံးပြုသည်ဆို သောစွပ်စွဲချက်သည် မှားယွင်း သည်ဟု ခိုင်မာစွာပြောဆိုခဲ့ကြောင်းသိရှိရပါသည်။

Friday, 27 Jun 2014

 
အီးယူနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်ဦး နှစ်ဘက်ကုန်သွယ်မှု ပမာဏသည် ၂၀၀၃ခုနှစ်တွင်ယူရို ၂၈ဒသမ၆ဘီလီယံ ရှိ ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ယူရို ၇၂ ဒသမ ၇ ဘီလီယံသို့တိုးတက်လာခဲ့ပါ သည်။ ၂၀၁၃ ခုနှစ်တွင်အီးယူမှ အိန္ဒိယ နိုင်ငံ သို့တင်ပို့မှုပမာဏ တန်ဖိုးမှာ ယူရို ၃၅ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး အိန္ဒိယ နိုင်ငံမှ အီးယူသို့ တင်သွင်းမှုပမာဏ တန်ဖိုးမှာ ယူရို ၃၆ ဒသမ ၈ ဘီလီယံ ခန့် ရှိခဲ့ ပါသည်။

Friday, 27 Jun 2014

 
ဂျာမနီနိုင်ငံသည် နှစ်စဉ်ဟင်းသီး ဟင်းရွက်တန်ချိန် ၃ သန်းခန့်(တန်ဖိုး အားဖြင့် ယူရို ၃ ဒသမ ၅ ဘီလီယံခန့်) တင်သွင်းလျက်ရှိပါ သည်။ ပြည်တွင်း ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုသည် တန်ချိန် ၃ ဒသမ ၇ သန်းခန့်ရှိပါသည်။ ဂျာမနီနိုင်ငံ၏ ဟင်းသီးဟင်းရွက် တင်ပို့မှု သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၄၅၀၀၀၀ ခန့် ရှိပါသည်။ ဂျာမနီနိုင်ငံတွင် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဟင်းသီး ဟင်းရွက်များမှာ ကညွှတ်၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ကြက်သွန်မြိတ်နှင့် ပန်းဂေါ်ဖီစိမ်းစသည် တို့ ဖြစ်ကြပါသည်။

Friday, 27 Jun 2014

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် အ စားအစာလက်လီရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်သောDelhaize Group သည် ၎င်းင်း၏ပြိုင်ဆိုင်နိုင် မှုတိုးတက်စေ ရေးအတွက် ဘယ်လ်ဂျီယံ နိုင်ငံရှိDelhaize   အစားအစာ လက်လီစတိုး ဆိုင်ပေါင်း ၁၄ ဆိုင်နှ င့် ဝန်ထမ်း ၂၅၀၀ ခန့်အားလျော့ချသွားမည်ဖြစ်ကြောင်း ဇွန်လဒုတိယပတ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

Friday, 27 Jun 2014

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သောSpecial Fruit NV (www.specialfruit.com)သည် ပါကစ္စတန် သရက်သီးများကိုတင်သွင်းလျက် ဥရောပဒေသအနှံ့ဖြန့်ဖြူးရောင်းချလျက်ရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ ပါကစ္စတန် သရက်သီး ရာသီသစ်စတင်ချိန်ဖြစ်သောကြောင့် ပထမသုတ်အဖြစ် ပါကစ္စတန်သရက် သီးများသည် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန် လဒုတိယပတ်တွင်ရောက်ရှိခဲ့ရာSpecial Fruit NV  သည် ယင်းသရက်သီး များအား ဥရောပလက်လီနှင့် လက်ကား  ရောင်းချ သူများထံသို့ ချက်ချင်းဖြန့်ဖြူး ပေးခဲ့ကြောင်းသိရှိရပါသည်။

Friday, 27 Jun 2014

 
အီးယူတွင်အသားဈေးနှုန်းသည် ၂၀၁၂ ခုနှစ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့် တက် ခဲ့ကြောင်း၊   ထိုသို့ မြင့်တက်ခဲ့ရခြင်းမှာ တိရစ္ဆာန် အစားအစာဈေးနှုန်း များ မြင့်တက်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် တွင် စိုက်ပျိုးရေး ထုတ်ကုန်များအထွက် နှုန်း တိုးတက်နိုင်ကြောင်း၊ သို့ဖြစ်၍ တိရစ္ဆာန်အစားအစာများ၏ ဈေးနှုန်း များကျဆင်း လာနို င်ကြောင်း၊သို့ရာတွင်

Friday, 27 Jun 2014

U.S Centers for Disease Control and Prevention    မှ ထုတ် ပြန်သည့် အစီရင်ခံစာအရ အမေရိ ကန် နိုင်ငံ အတွင်းသို့ တင်သွင်းလာသည့် ပြည်ကြီးငါးများတွင် ပဋိဇီဝဆေးအစွမ်း ကိုခုခံနိုင်သည့် ဘက်တီးရီးယားတစ်မျိုး (antibiotic-resistant bacteria) ပါဝင်ကြောင်း ကနေဒါသုတေသီများ ကရှာဖွေတွေ့ရှိခဲ့သဖြင့်အမေရိကန်နိုင်ငံ ရှိ စားသုံးသူများအနေဖြင့် စိုးရိမ်ပူပန် မှုများမြင့်တက်လျက်ရှိကြောင်းနှင့် အ ဆိုပါဘက်တီးရီးယားပိုးအန္တရာယ်မှ ကာ ကွယ်ရန် ပြည်ကြီးငါးများကို သင့်လျော် သည့်အပူချိန်တွင် ချက်ပြုတ်သင့်ကြောင်း သိရှိရပါသည်။

Friday, 27 Jun 2014

အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ သည့်စီးပွားရေးကျဆင်းမှုကြောင့် လွန်ခဲ့ သော ငါးနှစ်အတွင်းပြည်သူများ၏ ဝင် ငွေ၊ စားသုံးသူများ ၏ ဝယ်ယူလိုမှုနှင့် အိမ်ပိုင်ဆိုင်မှုများသိသိသာသာလျော့ကျခဲ့သဖြင့် ပရိဘောဂလုပ်ငန်းမှာများ စွာထိခိုက်ခဲ့ရသော်လည်း စီးပွားရေးြ ပန် လည်နာလန်ထူလာသည့် လက္ခဏာ များကြောင့် သစ်သားထည်အပါအဝင် ပရိဘောဂ (furniture and bedding)နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူ မှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မား လျက်ရှိပါသည်။ ပရိဘောဂလုပ်ငန်း၏ ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ်တွင် ပရိ ဘောဂဝယ်ယူမှုသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၉၈ ဘီလီယံသို့ရောက်ရှိနိုင် ကြောင်းနှင့် ၂၀၁၉ ခုနှစ် တွင် ဒေါ်လာ ၁၀၉ ဒသမ ၅ ဘီလီယံသို့ဆက်လက် မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းနှစ် အလိုက်ရောင်းချရမှု တန်ဖိုးများမှာ ဒေါ်လာ ၈၈ ဒသမ ၈ ဘီလီယံ၊ ဒေါ် လာ ၉၄ ဘီလီယံနှင့် ဒေါ်လာ ၉၄ ဒသမ ၉ ဘီလီယံ အသီး သီးဖြစ်ကြပါ သည်။

Friday, 27 Jun 2014

 
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) ၏ကော်မတီတစ်ရပ်ဖြစ်သည့် Committee on Fisheries(COFI) သည် တရားမဝင်ငါးဖမ်း ယူမှု များ  (illegal, unreported and unregulated-IUU)   ကိုတိုက်ဖျက်ရန် အဓိကခြေလှမ်း တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လမ်း ညွှန်ချက်တစ်ရပ်ဖြစ်သော ၤFAO Voluntary Guidelines for Flag State Performance   ကို သဘောတူ အတည် ပြုခဲ့ပါသည်။

Pages