Background
အောက်တိုဘာလနောက်ဆုံးရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းရာဘာတုဈေးကွက် ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ရာဘာတု တစ်တန်လျှင် ယွမ်ငွေ (၁၄,၈၂၀) ရှိခဲ့ပြီး၊ ၎င်းရက်သတ္တပတ်အစောပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း တစ်တန်လျှင် ယွမ်ငွေ (၁၅,၂၆၀)မှ (၂.၈၈) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်း အတက် အကျရှိခဲ့ကာ၊ ကုန်ကျစရိတ်မှာ ပြည်တွင်းဓာတုဗေဒဆိုင်ရာဈေးကွက်တွင် ရေတိုကာလ ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။
ယခုနှစ် ပထမ (၉)လအတွင်း ကွမ်ရှီးလွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေတွင် ကုမ္ပဏီအသစ်ပေါင်း (၁၇,၁၀၀) တည်ထောင်ခဲ့ကာ ယခင်နှစ်က ထက် (၂၅၂.၉) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကွမ်ရှီးလွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့ကာ၊ စုစုပေါင်းဧရိယာ (၄၆.၈) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။
နိုင်ငံခြားရေးရာများ၊ နိုင်ငံခြားနှင့် ဆက်နွယ်နေသည့် လုပ်ငန်းများနှင့် အကူ အညီလိုအပ်နေသည့် ကျွမ်းကျင်သူများကို ကူညီရန် ထိရောက်ပြီး အရည်အသွေးမြင့်သည့် အများပြည်သူဝန်ဆောင်မှုများပေးနိုင်ရေးအတွက် တရုတ်နိုင်ငံက အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဘာသာစကားအမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် (၁၂၃၄၅) hotlineကို စတင်လိုက်ပါသည်။
တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စားသောက်ကုန်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာရေးအတွက် “Webinar on Trade Facilitation for F&B Industry between ASEAN & Korea) ကို တောင်ကိုရီးယားနိုင်ငံ၊အာဆီယံ-ကိုရီးယားဗဟိုဌာန(ASEAN-Korea Centre-AKC)နှင့်တောင်ကိုရီးယားသွင်းကုန်လုပ်ငန်းရှင်များအသင်း (Korea Importers Association-KOIMA) တို့မှပူးပေါင်းကြီးမှူး၍ (၂၇-၁၀-၂၀၂၁) ရက်နေ့တွင် ဆိုးလ်မြို့တွင်အခြေပြု၍ ကျင်းပခဲ့ပါသည်။
အိန္ဒိယနိုင်ငံရှိ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုဖြစ်သော Cadila Healthcare (Zydus Cadila) သည် ZyCoV-D ဟု အမည်ပေးထားသော Covid-19 ရောဂါ ကာကွယ်နိုင်မည့်ဆေးအား သုတေသနပြုဖော်ထုတ်ခဲ့ရာ အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေးဌာန (DCGI) ထံမှ အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုလက်မှတ်ကို ၂၀-၈-၂၀၂၁ နေ့တွင် ရရှိခဲ့ပြီးဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၈.၃၅၆ သန်းအထိ ရောက်ရှိနိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၉၈.၈၈၇ သန်း စိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့်အကြံပေးကုမ္ပဏီ Safras & Mercado ကုမ္ပဏီ၏သတင်းတွင် ဖော်ပြထားသည်။
ဂျပန်ဗဟိုဘဏ်သည် COVID-19 ကူးစက်ပြန့်ပွားမှု၏ သက်ရောက်မှုကြောင့် ကျဆင်းခဲ့သည့်စီးပွားရေးတွင် သက်သာလျော့ပါးစေရန် ယခုဘဏ္ဍာနှစ်အကုန်ကာလ (၂၀၂၂ ခုနှစ်၊ မတ်လ အထိ) နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းနှင့် အခြားသောငွေကြေးမူဝါဒပိုင်းဖြေလျှော့မှုများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။
လက်ရှိ၌ ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၀ ကျော်ထံ COVID-19 ကာကွယ်ဆေး အရေအတွက် သန်း ၃၀ ခန့်လှူဒါန်းပြီးဖြစ်ကာ တရုတ်(တိုင်ပေ)သို့ ကာကွယ်ဆေးများထပ်မံလှူဒါန်းရန် ပြင်ဆင် နေသည့် ဂျပန်နိုင်ငံသည် COVID-19 ကာကွယ်ဆေးလှူဒါန်းမှုတွင် ကမ္ဘာ့တတိယမြောက် အများ ဆုံးလှူဒါန်းသည့်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အောက်တိုဘာလ ၂၇ ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံ၌၂၀၁၈ ခုနှစ်မိုးသီးနှံရာသီမှစတင်၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန်ခွင့်ပြုခဲ့သော ပူစာအာဟာ-၁၆ (Pusa Arhar-16) ဟုအမည်ပေးထားသည့်သက်တမ်းတို ပဲစင်းငုံမျိုးစိတ်အသစ်အား ပြည်နယ်များစွာတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရပါသည်။
နယ်သာလန်နိုင်ငံ၊ Flevoland ပြည်နယ်ရှိ အော်ဂဲနစ်ကြက်မွေးမြူရေးခြံတစ်ခု၌ ကူးစက်မြန်ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်မျိုး ကူးစက်ပြန့်ပွားမှုကြောင့် နယ်သာလန်ရှိ ကြက်/ဘဲ မွေးမြူသူများအနေဖြင့် ၎င်းတို့၏ ကြက်/ငှက်/ဘဲများကို ခြံအတွင်း၌သာ ထိန်းချုပ်ထားရှိရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရပါသည်။