Main menu

Background

Friday, 26 Nov 2021

          နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မြေရှားသတ္တုအညွှန်းကိန်းမှာ (၇၅၅)မှတ်ဖြစ်ပြီး၊ ၎င်းအမှတ်မှာ အမြင့်ဆုံးအမှတ် (၁၀၀၀)သို့ရောက်ရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့ကထက် (၂၄.၅၀) ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊  အနိမ့်ဆုံးအမှတ် (၂၇၁)မှတ်သို့ ကျဆင်းခဲ့သည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ကထက် (၁၇၈.၆၀)ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။

Friday, 26 Nov 2021

         နိုဝင်ဘာလ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းပဲပုပ်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါသည်။ China Grain Storage Co., Ltd.၏ တိုက်ရိုက် မိတ်ဖက်ကုမ္ပဏီများက သတ်မှတ်ဈေးနှုန်း တစ် cattyလျှင် (၃.၁၅) ယွမ်ဖြင့် ယခု ထွက်ပေါ်လာသောပဲပုပ်အသစ်များကို ဝယ်ယူရန် စာရင်းပေးသွင်းထားကြသည်။

Monday, 22 Nov 2021

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ ဖွံဖြိုးဆဲနိုင်ငံများအပေါ် အထူးနှင့်သီးခြားသက်သာခွင့် များ ပေးအပ်ရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများမှာ သင့်တင့်မျှတမှု မရှိသည့် အားလျော်စွာ WTO အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ကိုင်တွယ်လုပ်ဆောင်မှုများအား ပြန်လည် သုံးသပ်သင့်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ပြောကြားလိုက်သည်။

Monday, 22 Nov 2021

ဘယ်လ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီများ၏လက်ရှိဝင်ငွေမှာ ကိုဗစ်၁၉ကပ်ရောဂါမတိုင်မီကအဆင့်ထက်သာလွန်မှုများရှိလာပြီ ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းအများစုသည် လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပြဿနာ များကို ရင်ဆိုင်နေကြရကြောင်းနှင့်ယင်းအချက်(၂) ချက်သည်ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူမှု ကိုနှောင့်နှေးစေလျက်ရှိကြောင်း သိရပါသည်။

Monday, 22 Nov 2021

  ဥရောပကော်မရှင်က ၂၀၂၁ခုနှစ်ဆောင်းဦးရာသီစီးပွားရေးခန့်မှန်းချက်ကို ၁၁-၁၁-၂၀၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ၎င်းအရအီးယူနှင့် ယူရိုဇုန်၏စီးပွားရေးမှာ ကပ်ရောဂါကြောင့် ကျကပ်ဖြစ်ပေါ်ခဲ့ရာမှ ပြန်လည်နာလန်ထူလာမှု ကြောင့်ယခင်မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ တိုးတက်လာမည်ဖြစ်ကြောင်း၊၂၀၂၂ခုနှစ်တွင်လည်းစီးပွားရေးချဲ့ထွင်မှုအားကောင်းလာနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

Monday, 22 Nov 2021

 

      အီးယူ၏ပြည်ပပို့ကုန်တင်ပို့မှုမှအလုပ်အကိုင်ရရှိမှုအပေါ်သက်ရောက်မှုဆိုင်ရာအစီရင်ခံစာတစ်ရပ်ကိုဥရောပကော်မရှင်၊ကုန်သွယ်ရေးဌာန (Directorate-General for Trade) က၁၂-၁၁-၂၀၂၁ရက်တွင် ထုတ်ပြန်ခဲ့ရာ အီးယူ၌ အလုပ်အကိုင်ပေါင်း (၃၈) သန်းကျော်ကို ပို့ကုန်တင်ပို့မှုကဏ္ဍမှအထောက်အကူပြုလျက်ရှိကြောင်း၊လွန်ခဲ့သည့်ဆယ်စုနှစ်ကထက်အလုပ်အကိုင် (၁၁) သန်းပိုများလာခဲ့ကြောင်းဖော်ပြထားပါသည်။

Friday, 19 Nov 2021

         နိုဝင်ဘာလ (၁၅)ရက်နေ့တွင် သံမဏိ (Stainless Steel)ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၉,၉၈၆.၆၇)ဖြစ်ခဲ့ကာ၊ ယခင်နေ့ကထက် (၀.၈၃) ရာခိုင်နှုန်းနှင့် နှစ်စကထက် (၃၇.၄၉) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလနှောင်းပိုင်းမှစ၍ သံမဏိ ဈေးနှုန်းများမှာ ဆက်တိုက်ကျဆင်းနေသည်ကို တွေ့ရပါသည်။ 

             ရောင်းလိုအားဘက်တွင် နေရာအနှံ့အပြား၌ လျှပ်စစ်မီးဖြတ်တောက်ခြင်းကို ဖြေလျှော့ပေးခဲ့ရာ နိုဝင်ဘာလအတွင်း သံမဏိအကြမ်းထည်ထုတ်လုပ်မှုမှာ ယခင်လ ကထက် (၁၄.၃၉)ရာခိုင်နှုန်း ပိုမိုလာမည်ဖြစ်ပါသည်။

Friday, 19 Nov 2021

         နိုဝင်ဘာလ (၁၂)ရက်နေ့အစောပိုင်း အရောင်းအဝယ်တွင် ငွေသတ္တု၏ ပျမ်းမျှ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၅,၁၆၂.၃၃)ယွမ် ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ နိုဝင်ဘာလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၄,၈၄၆)နှင့် နှိုင်းယှဉ်ပါက (၆.၅၃) ရာခိုင်နှုန်း တက်လာခဲ့ခြင်းဖြစ်ပြီး၊  ယခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၅,၅၅၀)နှင့် နှိုင်းယှဉ်ပါက (၆.၉၉) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

Friday, 19 Nov 2021

       မော်တော်ယာဉ်၊ ဧည့်ခံပွဲများ၌ အကျွေးအမွေးတာဝန်ယူခြင်း၊ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍများကို အသုံးပြုမှုမြှင့်တင်ပေးရန် “မြို့ပြစားသုံးမှု မြှင့်တင်ရေး မူဝါဒနှင့်စီမံဆောင်ရွက်မှုအချို့” ခေါင်းစဉ်ရှိ ထုတ်ပြန်ကြေညာချက်ကို ကွမ်တုန်းပြည်နယ်က မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် အထူးပြုစီမံဆောင်ရွက်မှုပေါင်း (၂၆)ရပ်ကို ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများအဖြစ် ထည့်သွင်းထားပါသည်။

Friday, 19 Nov 2021

            အသစ်တည်ထောင်လိုက်သည့် Beijing Stock Exchange (BSE)ကို နိုဝင်ဘာ လ (၁၅) ရက်နေ့တွင် စတင်လိုက်ပြီး၊ ၎င်းအစုရှယ်ယာဈေးကွက်တွင် ပထမအသုတ်အဖြစ် ကုမ္ပဏီ (၈၁)ခု ပါဝင်ပါသည်။

            Beijing Stock Exchange တွင် ပါဝင်သည့် ကုမ္ပဏီများအနက် (၇၁)ခုမှာ "new third board" ဟု လူသိများသည့် တရုတ်နိုင်ငံ၏ National Equities Exchange and Quotations မှ လွှဲပြောင်းပေးခြင်းဖြစ်ပြီး၊ ကျန် (၁၀)ခုမှာ အသစ်အတည်ပြုလိုက်သောကုမ္ပဏီများ ဖြစ်ပါသည်။

Pages