Main menu

Background

Thursday, 28 Oct 2021

အောက်တိုဘာလ (၂၃) ရက်နေ့မှစ၍ တရုတ်နိုင်ငံ၏ ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်လီဈေးနှုန်းများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံကိန်းချမှတ်သည့် National Development and Reform Commission က အောက်တို ဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မကြာသေးမီက အပြောင်းအလဲဖြစ်ခဲ့သည့် နိုင်ငံတကာလောင်စာဆီဈေးနှုန်း များအပေါ် အခြေခံ၍ ဓာတ်ဆီ လက်လီဈေးနှုန်းအား တစ်တန်လျှင် (၃၀၀) ယွမ်နှင့် ဒီဇယ် ဆီ လက်လီဈေးနှုန်းအား တစ်တန်လျှင် (၂၉၀) ယွမ် အသီးသီးတိုးမြှင့်ထားပါသည်။

Thursday, 28 Oct 2021

(၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅)ကာလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အသုံးပြုရေးအတွက် အစီအမံတစ်ရပ်အား တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါသည်။

တစ်ကမ္ဘာလုံးမှ အရည်အသွေးမြင့် ရင်းမြစ်များကို ဆွဲဆောင်ရန်  အဆင့်မြင့် တံခါးဖွင့် ကြိုဆိုမှုများကို တရုတ်နိုင်ငံက ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားပါသည်။

Thursday, 28 Oct 2021

တရုတ်နိုင်ငံ၏ အချို့နေရာများတွင် ပစ္စည်းဆိုင်ရာဉပဒေ (property tax)ကို စမ်းသပ်ပြုပြင်ပြောင်းလဲသွားရေးအတွက် နိုင်ငံတော်ကောင်စီအား အခွင့်အာဏာပေးရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာလ (၂၃) ရက်နေ့၌ ထိပ်တန်းဉပဒေပြုသူများပါ ဝင်သည့် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ချမှတ်ခဲ့ပါသည်။

Thursday, 28 Oct 2021

ယခုနှစ် ပထမ (၉)လအတွင်း ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါဖြစ်ပွားမှုနှင့် သင်္ဘောဖြင့်ပို့ဆောင်မှု အကျပ်အတည်းများဖြစ်ခဲ့သည့်ကြားမှ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း - ပင်လယ်ရေကြောင်းလမ်း စင်္ကြံလမ်းအသစ်ပေါ်တွင် ပင်လယ်ရေကြောင်းနှင့် မီးရထားလမ်းတို့ဖြင့် ချိတ်ဆက်ပို့ဆောင်ပေးခဲ့သည့် ပေ (၂၀)အရွယ် ကုန်သေတ္တာအလုံးရေ ပေါင်း (၄၁၆,၉၀၀) ရှိခဲ့ကာ၊ ယခင်နှစ်ကထက် (၂၄၆.၃၄) ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း သိရပါ သည်။

Thursday, 28 Oct 2021

                   ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၄.၇ သန်းအား ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃ သန်းမှ ၃.၄ သန်းအထိ တင်ပို့သွားနိုင်ရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ၂.၁၇ သန်း တင်ပို့ ခဲ့ကြောင်း National Association of Cereal Exporters (ANEC)၏ အပတ်စဉ်ထုတ်ဝေသည့် လယ်ယာပို့ကုန် သုတေသနစာစောင်တွင် ဖော်ပြခဲ့သည်။

Wednesday, 27 Oct 2021

            ၂၀၂၁ ခုနှစ် တတိယ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံသည် ငါးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅.၇ သန်းဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်ကာလတူတင်ပို့မှုထက် ၇၁ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ငါးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂.၈ သန်း တန်ဖိုးရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကာလတူတွင်တင်ပို့ခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁.၇ သန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းပိုမို တိုးတက်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံစိုက်ပျိုးရေးသုတေသနကုမ္ပဏီ(Embrapa Fisheries and Aquaculture)နှင့် ဘရာဇီးလ်ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း(Brazilian Fish F

Tuesday, 26 Oct 2021

           အီးယူဈေးကွက်သို့ ပျားရည်အတုများဝင်ရောက်နေမှုကို ရပ်တန့်နိုင်ရေးအတွက် လက်ရှိတံဆိပ်ကပ်ဖော်ပြမှုဆိုင်ရာ စည်းမျဉ်းများ (labelling rules) ကိုပြောင်းလဲသွားရန် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စိုက်ပျိုးရေး    ဝန်ကြီးများနှင့် ဥရောပကော်မရှင်၏ စိုက်ပျိုးရေးကော်မရှင်နာတို့အကြား ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်းသိရသည်။ အီးယူသည် ပျားရည် ပြည်တွင်းစားသုံးမှု၏ (၆၀) ရာခိုင်နှုန်းကိုသာထုတ်လုပ်နိုင် သဖြင့် (၄၀) ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေပါသည်။

Tuesday, 26 Oct 2021

      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကော်မတီ/ လုပ်ငန်းအဖွဲ့များ၌ မတူညီသောအုပ်စု များရှိ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်မှုကို ဟန်ချက်ညီမျှတမှု ရှိစေရန်အတွက် အရာရှိများ ခန့်အပ်တာဝန်ပေးရာတွင် အလှည့်ကျစနစ်အားကျင့်သုံးရန် အိန္ဒိယနိုင်ငံက အဆိုပြုခဲ့ ပါသည်။

Tuesday, 26 Oct 2021

      အိန္ဒိယနိုင်ငံ၌ မိုးသီးနှံ မတ်ပဲနှင့်ပဲတီစိမ်းတို့အား အဓိကစိုက်ပျိုးထုတ်လုပ်သည့် ရာဂျပ် စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျရတ်၊ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် စက်တင်ဘာ လနှင့် အောက်တိုဘာလများ၌ မိုးပိုမိုရွာသွန်းမှုကြောင့် စိုက်ခင်းများပျက်စီးပြီး အထွက်ပမာဏ လျော့ကျဖွယ်ရှိကြောင်း ပဲကုန်သည်များနှင့် ကြိတ်ခွဲထုတ်လုပ်များက ခန့်မှန်း လျက်ရှိကြပါ သည်။

Monday, 25 Oct 2021

           ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၏သီးနှံဈေးကွက်၌ ပဲပုတ်စေ့ဈေးနှုန်းများ ပြန်လည်မြင့်တက်လျက်ရှိရာ အမေရိကန်နိုင်ငံ ချီကာဂိုစတော့ဈေးကွက်တွင်လည်း သီးနှံဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံတွင် ၆၀ ကီလိုဂရမ်အလေးချိန် ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၆၉.၀၀ ဟဲရာမှ ၁၇၂.၀၀ ဟဲရာသို့ ဈေးနှုန်းမြင့်တက်ခဲ့ပြီး Mission Region ဈေးကွက်တွင် ၁၆၈.၀၀ ဟဲရာမှ ၁၇၁.၀၀ ဟဲရာ သို့လည်းကောင်း၊ Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ၁၇၃.၀၀ ဟဲရာမှ ၁၇၅.၀၀ ဟဲရာ သို့လည်းကောင်း၊ Cascavel (PR) ဈေးကွက်တွင် ၁၆၉.၅၀ ဟဲရာမှ ၁၇၀.၅၀ ဟဲရာသို့ လည်းက

Pages