Main menu

Background

Wednesday, 10 Nov 2021

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၈၂.၃ သန်းအထိ ရှိနိုင်ကြောင်း Agricultural Market Information System (AMIS)၏ နိုဝင်ဘာလတွင် ထုတ်ဝေသည် ကမ္ဘာ့ကုန်စည်များ၏ ရောင်းလိုအားနှင့်ဝယ်လိုအားဆိုင်ရာချက်အလက်များ သတင်းသုံးသပ်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုအား ဘရာဇီးလ်နိုင်ငံက တန်ချိန် ၃၈၀.၁ သန်း၊ အမေရိကန်စိုက်ပျိုးရေးဌာန(USDA)က တန်ချိန် ၃၈၅.၁ သန်းနှင့် International Grain Council က တန်ချိန် ၃၇၉.၅ သန်းတို့အား အသီးသီးခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်

Monday, 8 Nov 2021

          တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ ဖြစ်သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား ထိရောက်စွာအသုံးပြုနိုင်ရန် စီမံကိန်းတစ်ရပ်အား တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးမြင့်မားသည့် အရင်းအမြစ်များ အား ဆွဲဆောင်နိုင်စေရေးအတွက် ဖွင့်လှစ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအားထိရောက်စွာအသုံးပြုရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်မှု ရှ

Monday, 8 Nov 2021

             ၂၀၂၁ခုနှစ်၊ ပထမ(၉)လတာကာလအတွင်းတရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ကုန်စည်စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၄.၃၉)ထရီလီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလ တူကထက်(၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံ များသို့ တင်ပို့မှုပမာဏ၊ တရုတ်ယွမ်ငွေ(၁၅.၅၅)ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ ကထက် (၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့သည့်နည်းတူ သွင်းကုန်ပမာဏ တရုတ်ယွမ်ငွေ (၁၂.၇၈) ထရီ လီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၂၂.၆)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အဆို ပါပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှ

Monday, 8 Nov 2021

               ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသည် ရေနံစိမ်းတန်ချိန် (၁၆.၆၁) သန်း ထွက်ရှိလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၃.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ အဆိုပါကာလအတွင်း ထုတ်လုပ်ထွက်ရှိမှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက (၀.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနိုင်ငံ၏ နေ့စဉ်ရေနံစိမ်းပျမ်းမျှထွက်ရှိမှုသည် (၅၅၄, ၀၀၀) တန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာ ကာလ အတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်ထွက်ရှိမှုသည် တန်ချိန် (၁၄၉.၈၄) သန်းရှိရာ ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၂.၅) ရာခိုင်နှုန

Monday, 8 Nov 2021

        စွမ်းအင်ရရှိမှုကျဆင်းလာခဲ့ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများကြန့်ကြာ လျက်ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ တတိယလေးလပတ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် မျှော်မှန်းထားသည်ထက်ကျဆင်းကာ (၄.၉)ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာကာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုပမာဏ စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ(၁၂.၈)ထရီလီယံ ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၉.၈)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး သည် ၂၀၂၁ ခုနှစ်၊ ပထမလေးလပတ်ကာလအတွင်း ပြီးခဲ့

Monday, 8 Nov 2021

         ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံသည် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂.၅  ဘီလီယံ ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ၄၃.၁ ရာခိုင်နှုန်းလျှော့နည်းရရှိခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြထားသည်။

Monday, 8 Nov 2021

           နိုင်ငံတကာရေနံစိမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်တွင်း၌စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိချိန်တွင် စက်သုံးဆီအပေါ်ကောက်ခံလျက်ရှိသည့် အထူးထပ်ဆောင်းကုန်စည်အခွန်အား လျော့ချကောက်ခံမည် ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၃-၁၁-၂၀၂၁ နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

Monday, 8 Nov 2021

          လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်များနှင့်နည်းပညာများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်သည် ၂၀၂၆ ခုနှစ် သို့ရောက်ရှိပါက လက်ရှိဈေးကွက်အခြေအနေထက် ၂၅.၅ ရာခိုင်နှုန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လက်ရှိဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံမှ ၂၁.၂ ဘီလီယံအထိ တိုးတက်လာနိုင်ကြောင်း IMARC Private Services Limited အုပ်စုက သုတေသနပြုလေ့လာ၍ထုတ်ပြန်ခဲ့သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်နှင့် နည်းပညာများ၏ ဈေးကွက်အခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။

Monday, 8 Nov 2021

      အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ၃-၁၁-၂၀၂၁ နေ့၌ ကျင်းပခဲ့ရာ အိန္ဒိယဘက်မှ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းဝန် Mr. BVR Subrahmanyam နှင့် ဘူတန်ဘက်မှ စီးပွားရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Dasho Karma Tshering တို့ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြားရှိ နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ဂိတ် ၇ ခုအား တရားဝင် အတည်ပြုသတ်မှတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

Friday, 5 Nov 2021

အမေရိကန်ဒေါ်လာငွေတန်ဖိုးများ မြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ ဈေးကွက်(Chicago Commodity Exchange - CBOT)တွင် ပဲပုတ်စေ့ဈေးနှုန်းများ အနည်းငယ်ကျရိပ်ပြလျက်ရှိပြီး ဘရာဇီးလ်နိုင်ငံရှိသီးနှံဈေးကွက်များတွင် အရောင်းအဝယ်များ အနည်းငယ်အေးစက်လျက်ရှိနေသည်။

Pages