Background
အီးယူ၏ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို ရယူ သုံးစွဲရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများအလိုက် အမျိုးသားအဆင့်ပြန်လည်ထူထောင်ရေး အစီအမံများကို ဥရောပကော်မရှင်သို့ တင်သွင်းရမည်ဖြစ်ရာ ဘယ်လ်ဂျီယံနိုင်ငံ၏ ပြန်လည် ထူထောင်ရေးအစီအမံ (Recovery Plan) ကို ဥရောပကော်မရှင်သို့ ၃၀-၄-၂၀၂၁ နေ့တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
လူဇင်ဘတ်နိုင်ငံ၌ လယ်သမားများနှင့် ဝိုင်စပျစ်စိုက်ပျိုးသူများအတွက် Agrimeteo အမည်ရှိစနစ်ဖြင့် မိုးလေဝသသတင်းအချက်အလက်ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်ပေး နေကြောင်းသိရသည်။ မိုးလေဝသဆိုင်ရာ Station ပေါင်း (၃၂) ခုမှ မိုးလေဝသအခြေအနေ များကို (၁၀)မိနစ်ခြားတစ်ကြိမ် တိုင်းတာပြီးနောက် မိုဘိုင်းကွန်ယက်မှတစ်ဆင့် သတင်း အချက်အလက်များကို လယ်ယာစိုက်ပျိုးရေးနည်းပညာဝန်ဆောင်မှုဌာန (Agricultural Technical Services Administration – ASTA) ၏ ရုံးချုပ်သို့ ပေးပို့ပေးခြင်းဖြစ်သည်။
အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်က သဘောတူညီချက်ရရှိခဲ့သည့် Brexit အလွန် ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (post-Brexit Trade and Cooperation Agreement (TCA)) အား ဥရောပပါလီမန်က တရားဝင် အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းသဘောတူညီချက်သည် အီးယူမှ ဗြိတိန်နိုင်ငံ တရားဝင်ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယာယီအသက်ဝင် ခဲ့ပြီး၊ အမြဲတမ်းအသက်ဝင်နိုင်ရေးအတွက် ဥရောပပါလီမန်၏ သဘောတူညီမှုကို ရယူရန် လိုအပ်ခြင်းဖြစ်သည်။
ဥရောပအထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာအသင်း (European Apparel and Textile Confederation-EURATEX) မှ ထုတ်ပြန်ခဲ့သည့် Quarterly Economic Update အရ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းနှင့်အတူ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် နှောင်းနှေးမှုများဖြစ်ပေါ်လာခြင်းသည် ဥရောပ၏ အထည်အလိပ်နှင့်အဝတ်အထည် လုပ်ငန်း ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ မေလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၁၂ သန်းမှ ၁၅.၃၁၆ သန်းအထိ ရောက်ရှိနိုင်ကြောင်း နှံစားသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters - ANEC)က အပတ်စဉ်ထုတ်ဝေသည့် သတင်းတွင်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကာလတွင် ပဲပုတ်စေ့တန်ချိန် ၁၁.၉၆၅ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း ပို့ကုန်အသင်း (ANEC)က ခန့်မှန်းပြောကြားထားသည်။ တင်ပို့ပြီးသော ပဲပုတ်စေ့ပမာဏနှင့် ယခုလအတွင်း သင်္ဘောတင်ပို့ရန်အဆင်သင့်ဖြစ်နေသည့် ပဲပုတ်စေ့အခြေအနေများအပေါ်မူတည်၍ အသင်းက ခန့်မှန်းထားခြင်း ဖြစ်သည်။ ဧပြီလတွင် ဘရာဇီးလ်နိုင်ငံ၏ သင်္ဘောတင်ပို့မှု
ဂျုံ၊ အုတ်ဂျုံနှင့် မုယောစပါးများသည့် ဘရာဇီးလ်နိုင်ငံတွင် အများအပြားစိုက်ပျိုးသည့် အဓိကဆောင်းသီးနှံများဖြစ်ကြပြီး ၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်တွင် ဘရာဇီးလ်နိုင်ငံမှ ဂျုံတန်ချိန် ၇.၃ သန်း ထွက်ရှိရန်ခန့်မှန်းထားပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း သုတေသနသတင်းအချက်အလက်များ ထုတ်ပြန်ပေးနေသည့် Brazilian Institute of Geography and Statistics ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရာဇီးလ်နိုင်ငံတွင် မြေသုံးစွဲမှုလျှော့နည်းသက်သာစေသော စိုက်ပျိုးရေးနည်းပညာကို အသုံးပြုခဲ့သဖြင့် ပဲပုတ်စေ့စိုက်ပျိုးမြေဟက်တာ ၇၁ သန်းကျော်အထိ လျှော့ချစိုက်ပျိုးနိုင်ခဲ့ကြောင်း Brazilian Agricultural Research Company(Embrapa)၏ လေ့လာတွေ့ရှိချက်အား သတင်းတွင် ဖော်ပြခဲ့သည်။ ဆန်းသစ်သောစိုက်ပျိုးရေးနည်းစနစ်ကြောင့် ကျေးငှက်တိရိစ္ဆာန်များရှင်သန်နေထိုင် သည့် မြေရိုင်းဟက်တာ ၁.၅၅ သန်းအား စိုက်ပျိုးမြေအဖြစ် ခုတ်ထွင်ပြုပြင်အသုံးပြုခြင်းမှ အကာအကွယ်ပေးနိုင်ခဲ့ပြီး ဝက်မွေးမြူရေးလုပ်ငန်းများတွင်လည်း မြေဟက်တာ ၁ သန်းအား လျှော့ချနိုင်ခဲ့ကြောင်း ၎င်းသုတေသနကုမ္ပဏီက သတင်းဌာနသို့ပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅၂၁,၃၀၀ တင်ပို့နိုင် ခဲ့ကြောင်း၊ ပြောင်းစေ့အဓိကဝယ်လက်များဖြစ်သည့် မက္ကဆီကိုနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၉၆,၉၀၀၊ တောင်ကိုးရီးယားနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၁၇,၁၀၀၊ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၈၉,၂၀၀၊ ကိုလံဘီယာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၇၁,၁၀၀ နှင့် အီဂျစ်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၅၈,၂၀၀ တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံရှိပဲပုတ်စေ့တင်ပို့သူများမှ ပဲပုတ်စေ့ တန်ချိန် ၂၉၂,၅၀၀ တင်ပို့ခဲ့ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် အမေရိကန်စိုက်ပျိုးရေးဌာန (Department of Agriculture - USDA)က သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဈေးကွက်သို့ ဂျုံမှုန့်ဝင်ရောက်မှုကျဆင်းလျက်ရှိသည့်အပြင် နိုင်ငံများ၏ ဂျုံမှုန့် ဝယ်လိုအားမြင့်တက်နေမှုကြောင့် ဂျုံဈေးနှုန်းများမြင့်တက်လျက်ရှိရာ အကျိုးဆက်အနေဖြင့် ဘရာဇီးလ်ပြည်တွင်းဈေးကွက်တွင်လည်း ဂျုံမှုန့်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိနေ ကြောင်း၊ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလျက်ရှိနေပြီး ဘရာဇီးလ် နိုင်ငံငွေကြေး ဟဲရာတန်ဖိုးမှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras က သတင်းဌာနသို့ ပြောကြားခဲ့သည်။
(ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး)