Background
ဉာဏပစ္စည်းမူပိုင်ခွင့်ချိုးဖေါက်မှုIntellectual Property (IP)နှင့် အွန်လိုင်းခိုးကူးမှု (Online Piracy)တို့ကိုတားဆီးရန်ထိုင်းနိုင်ငံသည်အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စား လှယ်US Trade Representative’s(USTR) ၏ စောင့်ကြည့်စာရင်း(Watch list)တွင် ဆက်လက်၍ တည်ရှိနေကြောင်းသိရှိရပါသည်။
ပြည်တွင်းအသားဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်ပသို့အမဲသားတင်ပို့ခွင့် အား ရက်ပေါင်း(၃၀)ကြာ ဆိုင်းငံ့ကြောင်း မေလ ၁၇ ရက်နေ့(တနင်္လာနေ့)တွင် အာဂျင်တီးနားနိုင်ငံ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။
စီးပွားရေးဆိုင်ရာသုတေသနစင်တာ(Cepea)၏ အညွှန်းကိန်းများအရ Minas Gerais၊ São Paulo နှင့် and Paraná ကော်ဖီဈေးကွက်များတွင် အာရေဗီကာကော်ဖီဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မေလ ၁၈ ရက်နေ့တွင် ကော်ဖီ ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၈၀၅.၅၅ မှ ၈၀၅.၇၁ သို့ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး တစ်နှစ်လုံး ပျမ်းမျှအနေဖြင့် ၃၇.၃၇ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဘရာဇီးလ်သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများသည် လတ်တလောတွင်တည်ငြိမ် နေသော်လည်း အကျဘက်သို့ဦးတည်နေကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေး ကုမ္ပဏီ Safras & Mercado ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါ်လာဈေးကွက် တည်ငြိမ်လျက်ရှိသဖြင့် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ တည်ငြိမ်မှုရှိနေသော်လည်း အရောင်းအဝယ်များ အေးလျက်ရှိနေသည်။ ပဲပုတ်စေ့ ၁ အိတ် ဈေးနှုန်း သည် In Passo Fundo (RS)ဈေးကွက်တွင် ဘရာဇီးလ်ဟဲရာ ၁၇၅ မှ ၁၇၄ သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သော်လည်း Paranaguá(PR) ဈေးကွက်တွင် ဟဲရာ ၁၇၅ ဖြင့်ဈေးနှုန်း တည်ငြိမ်နေ ကြောင
ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ သိသိသာသာကျဆင်းမှုကြောင့် အကျိုးဆက်အဖြစ် ဘရာဇီးလ်နိုင်ငံ၏ စတော့ဈေးကွက်တွင်လည်း ပြောင်းဈေးနှုန်းများ ကျဆင်း လျက်ရှိကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado ၏ သတင်းများတွင် ဖော်ပြထားသည်။ ကုမ္ပဏီ၏လေ့လာတွေ့ရှိချက်အရ ပြောင်း ၁ အိတ် တန်ဖိုးသည် Cascavel (PR) ဈေးကွက်တွင် ဘရာဇီးလ်ဟဲရာ ၁၀၄ မှ ၁၀၃ သို့ လည်းကောင်း၊ Campinas (SP) ဈေးကွက်တွင် ဟဲရာ ၁၀၉ မှ ၁၀၄.၉၀ သို့လည်းကောင်း အသီးသီးကျဆင်းခဲ့သည်။ ဘရာဇီးလ် နိုင်ငံသည် မေလပထမရက်သတ္တပတ်တွင် ပြောင်းတန်ချိန် ၄၈၄.၅၀ တန်နှင့် ဒုတိယရက်သတ္တပတ် တွင် ပြောင်းတန
ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် နိုင်ငံအတွင်း၌ ရုပ်မြင်သံကြား (TV) စက်များ ထုတ် လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများ၌သာ ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Panasonic မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ၊ Ministry of Land, Infrastructure, Transport and Tourism (MLIT) က ပြည်သူများ စက်ဘီးအသုံးပြု၍ အလုပ်သွားလာရာတွင် အဆင်ပြေစေမည့် နည်းလမ်းများ ဖော် ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
Covid-19 ဖြစ်ပွားမှုများရှိနေဆဲဖြစ်သော်လည်း ယခုနှစ်အတွက် သစ်သီးဝလံတင်ပို့မှု အလားအလာမှာ ကောင်းနေဆဲဖြစ်ကြောင်း၊ ကမ္ဘာတစ်လွှားတွင် ထိုင်းသစ်သီးဝလံများအပေါ် စားသုံးမှုသည် ခိုင်မာ အားကောင်း နေဆဲဖြစ်ကြောင်း၊ အထူးသဖြင့်တရုတ်၊ ဗီယက်နမ်နှင့် ဟောင်ကောင်နိုင်ငံများဖြစ်ကြောင်းသိရှိရပါသည်။အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Somdet Susomboon က ၎င်း၏ ဉီးစီးဌာနအနေဖြင့် ယခုနှစ် အတွက်လတ်ဆတ်သောသစ်သီးများတင်ပို့မှုအနေဖြင့်(၁၇%)ခန့် တိုးတက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း၊ ဘတ်ငွေအားဖြင့် (၁၂၂)ဘီလီယံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ ရေကြောင်းပိတ်ဆို့မှုများကြောင့် ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသကဲ့သို့ ပဲပုတ်စေ့ဈေးနှုန်းများလည်း ကျဆင်း လျက်ရှိသည်။ ဇူလိုင်လအတွက် ကြိုပွိုင့် ရောင်းချမှု များတွင် ၃.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၆.၄၂၄ မှ ၁၅.၈၄၀ သို့ ကျဆင်းခဲ့သည်။ ထို့အပြင် မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စတော့ဈေးကွက်၌ ရောင်းဝယ်မှုသဘောတူညီချက် အချို့ကို ဖျက်သိမ်းခဲ့မှုများလည်းရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။