Background
တရုတ်နိုင်ငံသည် အမေရိကန်ထုတ် COVIDကာကွယ်ဆေးထိုးထားသူ အမေရိ ကန်ခရီးသွားများအား ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ဧပြီလ (၂၁)ရက်နေ့တွင် ထုတ်ပြန် လိုက်ပါသည်။ တရုတ်နိုင်ငံက လက်ခံသည့် အမေရိကန်နိုင်ငံထုတ်ကာကွယ်ဆေးများတွင် Pfizer ၊ Moderna နှင့် Johnson & Johnsonတို့မှထုတ်ပေးသည့်ကာကွယ်ဆေးများ ပါဝင် ပါသည်။ တရုတ်နိုင်ငံသို့ လာရောက်ခြင်းမပြုမီ ကာကွယ်ဆေးများအားလုံး ထိုးနှံပြီးရန် လိုအပ်ပါသည်။ အမေရိကန်ထုတ်ကာကွယ်ဆေးထိုးနှံထားသူများအနေဖြင့် IgM antibody စမ်းသပ်မှုရလဒ်နှင့် nucleic acidစမ်းသပ်မှုရလဒ်တို့ကိုတင်ပြရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
ကွမ်တုန်းပြည်နယ်၊ Zhanjiangရှိ Leizhou စည်ပင်သာယာအစိုးရ ၀က်ဘ်ဆိုက်မှ မတ်လ ၃၀ ရက်နေ့တွင် တင်ထားသည့် သတင်းများအရ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသည့် ဆန်ကွဲအိတ်များ၌ COVID-19 ရောဂါပိုးများ တွေ့ရှိကြောင်းနှင့် ၎င်း ဆန်ကွဲများမှာ Leizhouမြို့တော်၏ Songzhu စီရင်စုရှိ Fangjia ကျေးရွာ မွေးမြူရေးခြံထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။
လက်ရှိကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အီးယူအတွင်း၌ ခရီးသွားများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် ခရီးသွားလာခွင့်လက်မှတ် (green passport) ဆိုင်ရာ သတ်မှတ်စံနှုန်းများအပေါ် ခရိုအေးရှားနိုင်ငံနှင့် အီးယူအဖွဲ့ဝင် (၁၂) နိုင်ငံတို့က သဘော တူညီခဲ့ကြကြောင်း သိရသည်။ မကြာမီကာလအတွင်း အီးယူအတွင်း၌ green passport ကိုအသုံးပြု၍ ခရီးသွားလာနိုင်ရေးသည် မိမိတို့၏ရည်မှန်းချက်ဖြစ်သည်ဟု ဩစတြီးယား နိုင်ငံ၊ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး Ms.
၂၀၅၀ ပြည့်နှစ်တွင် ဥရောပဒေသအား climate-neutral ဒေသဖြစ်လာစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံး (၅၅) ရာခိုင် နှုန်းလျှော့ချရေး အီးယူ၏ European Green Deal မှ ရည်မှန်းချက်များ ချမှတ်ထားပါသည်။ ၎င်းရည်မှန်းချက်များကို တရားဝင်လိုက်နာရမည့် တာဝန်ဝတ္တရားများအဖြစ် ပြဌာန်းနိုင်စေ မည့် ဥရောပရာသီဥတုဆိုင်ရာ ဥပဒေ (European Climate Law) အပေါ် အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံ၏ ဥရောပပါလီမန်အမတ်များအကြား သဘောတူညီခဲ့ကြကြောင်းသိရသည်။
ဘယ်လ်ဂျီယံနိုင်ငံသည် သစ်တောပြုန်းတီးမှုပပျောက်ရေး ဆောင်ရွက်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇီဝလောင်စာများတွင် ပဲပုပ်နှင့် ဆီအုန်းအသုံးပြုမှုကို ၂၀၂၂ ခုနှစ်မှ စတင်၍ ပိတ်ပင်တားမြစ်သွားမည်ဟု သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဖက်ဒရယ် ဝန်ကြီးဖြစ်သူ Ms.
World Wide Fund for Nature (WWF) ၏ အစီရင်ခံစာအရ သစ်တောပြုန်းတီးမှု ဖြစ်စေနိုင်သည့်ထုတ်ကုန်များတင်သွင်းမှု၌ အီးယူသည် တရုတ်နိုင်ငံ၏နောက်တွင် ဒုတိယ အများဆုံးတင်သွင်းသူအဖြစ် ရပ်တည်နေပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသည် အဆိုပါထုတ်ကုန်များ ကို အဓိကတင်သွင်းသည့် ဥရောပနိုင်ငံ (၈) နိုင်ငံတွင် ပါဝင်ခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ တတိယရက်သတ္တပတ်ကာလအထိ ဘရာဇီးလ်နိုင်ငံ၏ဝက်သား တင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၇၆,၁၁၂,၀၀၀ ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ အစိုးရရုံးဖွင့်ရက်ပေါင်း ၂၀ ရက်အတွင်း တင်ပို့ခဲ့သည့်ဝက်သားတန်ချိန် ၆၂,၉၀၀,၀၀၀ နှင့် နှိုင်းယှဉ် ပါက ၂၁ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းတွင် ဖော်ပြထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည်စီးဆင်းမှုအခြေအနေများနှင့် ပတ်သက်၍ အပတ်စဉ် ကျင်းပပြုလုပ်သည့် ဝန်ကြီး ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဂျပန်နိုင်ငံသည် စတော်ဘယ်ရီသီး အမြောက်အများတင်ပို့နိုင်ခဲ့ရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တန်ချိန် ၄၉၃ တန်၊ တန်ဖိုးအားဖြင့် ယန်း (၁) ဘီလီယံ ရှိခဲ့ပြီး အမြင့် မားဆုံးသော တင်ပို့မှုတန်ဖိုးအဖြစ် ရရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ၊ Riken scientific research institution ၊ တိုကျိုတက္ကသိုလ်နှင့် အခြားသော သုတေသနဌာနများမှ သုတေသီတွေပါဝင်ကြသည့် ပညာရှင်အဖွဲ့သည် ၅ မိနစ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ/မရှိကို လျှင်မြန်စွာ စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြကြောင်း သိရပါသည်။
