Main menu

Background

Thursday, 27 May 2021

        ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရုံကျိုး အကောက်ခွန်ဌာန၏ ထုတ်ပြန် ချက်အရ ယခုနှစ်၊ ပထမ (၃)လအတွင်း ယွမ်ငွေ (၆၁၄)သန်း (အမေရိကန်ဒေါ်လာ ၉၅ သန်း) တန်ဖိုးရှိသွင်းကုန်များအတွက် တင်ပြခဲ့သည့် ပင်ရင်း ဒေသ သက်သေခံလက်မှတ် စောင်ရေစုစုပေါင်း (၁,၈၁၇)စောင်ရှိခဲ့ကြောင်း သိရပါသည်။

Wednesday, 26 May 2021

       မေလ ၂၁ ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့ရိတ်သိမ်းမှု ၈၅.၄ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ယခုရက်သတ္တပတ်တွင် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၁၄.၈  ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း ဗျူနိုအေရိစ် နှံစားသီးနှံစတော့ဈေးကွက်သတင်းတွင် ဖော်ပြ ထားသည်။ ယခုရိတ် သိမ်းမှုများပြီးစီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲပုတ်စေ့တန်ချိန် ၄၃ သန်းထွက်ရှိရန် မျှော်မှန်းထားပြီး လတ်တလောကာလအထိ ပဲပုတ်စေ့ တန်ချိန် ၃၈.၇၄၁ သန်းအား ရိတ်သိမ်းပြီးစီး ပြီးဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

Wednesday, 26 May 2021

        ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်Federation of Thai Industry (FTI)အနေဖြင့် ယခုနှစ်အတွက်ကားထုတ်လုပ်လုပ်မှုရည်မှန်းချက်(Target)နှင့်ပတ်သက်၍ဆုံးဖြတ်ချက်မချသေးဘဲကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ (Semiconductor)ပြတ်လပ်မှုနှင့် Covid-19 ကပ်ရောဂါ တတိယလှိုင်းကူးစက်မှုတို့၏ သက်ရောက်မှုတို့အပေါ် ဆန်းစစ်ရန် (၂)လစောင့်ဆိုင်းသွားရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အချက်နှစ်ချက် မှာ ၂၀၂၁ခုနှစ် တွင်ပြည်ပသို့  တစ်ဝက်တင်ပို့ ရောင်းချမည့်ကားအစီးရေယူနစ်(၁.၅)သန်းအထိရောက်ရှိရန် မျှော်မှန်းထားသည့် ကားရောင်းချမှု

Wednesday, 26 May 2021

           တောင်ကိုရီးယားဇီဝနည်းပညာကုမ္ပဏီ Samsung Biologics နှင့် အမေရိကန်ဇီဝနည်း ပညာကုမ္ပဏီ Moderna တို့ပူးပေါင်း၍ အာရှနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးများကို တောင်ကိုရီးယားနိုင်ငံ၊ Samsung စက်ရုံ၌ထုတ်လုပ်သွားရန် သဘောတူစာချုပ်ကို တောင်ကိုရီးယား သမ္မတမွန်ဂျေအင်း၏ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်ကာလအတွင်းတွင် Washington, D.C. ၌ ချုပ်ဆိုခဲ့ပြီး၊ သက်ဆိုင်ရာကုမ္ပဏီ(၂)ခုမှ CEO များသည် သမ္မတမွန်ဂျေအင်း ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ကြကြောင်း (၂၂-၅-၂၀၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Monday, 24 May 2021

         တရုတ်နှင့် လာအိုနိုင်ငံတို့အကြား  လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများကို နည်းလမ်းအသွယ်သွယ်ဖြင့် သယ်ယူပို့ဆောင်မည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ကုန်တင် ရထားမှာ မေလ (၁၃)ရက်နေ့တွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမှ စတင်ထွက်ခွာခဲ့ပါသည်။ ၎င်းမီးရထားလမ်းကြောင်းအား ဗီယက်နမ်မှတစ်ဆင့် ဖြတ်သန်းပြေးဆွဲခြင်းဖြစ်ပါသည်။

Monday, 24 May 2021

          ပြည်ပမှ လတ်ဆတ်သောသစ်သီးဝလံများတင်သွင်းမှုကို ကိုင်တွယ်ရန် တရုတ် နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တရုတ်-ဗီယက်နမ်နယ်စပ်ရှိ တုန်ရှင်း(Dongxing)ကုန်သွယ်ရေးစခန်းအား အတည်ပြုချက်ထုတ်ပေးလိုက်ပြီဖြစ်ပါသည်။

                ခွင့်ပြုချက်ရရှိပြီးနောက် မေလ (၁၅)ရက်နေ့တွင် ၎င်းစခန်းက ပထမဆုံး သစ်သီးဝလံအသုတ်အဖြစ် တန်ချိန် (၂၇၅)တန်အလေးချိန်ရှိသော နဂါးမောက်သီး၊ ပိန္နဲ သီးနှင့် ထိုင်းဒူးရင်းသီးများတင်ဆောင်လာသည့် ကုန်တင်ယာဉ် (၁၃)စီး အား အကောက်ခွန် ရှင်းလင်းမှုပြုလုပ်ပေးခဲ့ပါသည်။

Monday, 24 May 2021

                  ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်စွာဖွံ့ဖြိုးနေဆဲ ဖြစ်ပါသည်။

                    စက်ရုံလုပ်ငန်းများအား တိုင်းတာသည့် တန်ဖိုးမြှင့်စက်မှုကုန်ထုတ်လုပ်မှုမှာ ယခင်လကထက် (၉.၈)ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့ ပါသည်။ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုမှာ ယခုနှစ် ပထမ(၄)လအတွင်း ယခင်နှစ်ကထက် (၂၉.၆)ရာခိုင်နှုန်း ခုန်တက်ခဲ့ပါသည်။ ၎င်းကာလအတွင်း မရွှေ့ပြောင်းနိုင် သော ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ (၁၉.၉)ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

Monday, 24 May 2021

         (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅)အတွင်း အာဆီယံ နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာနှင့် ဝန်ဆောင်မှုကွင်းဆက် များ တည်ထောင်သွားမည်ဖြစ်ကာ၊  စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ဆောင်ရွက်သွားမည်ဟု ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဒုတိယအကြီးအကဲ Liang Yiguang က မေလ (၁၀)ရက်နေ့ တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

Friday, 21 May 2021

               အသားပို့ကုန်များကို ရက် ၃၀ ကြာ ယာယီပိတ်ပင်ရန် အာဂျင်တီးနားအစိုးရက ဆုံးဖြတ် ခဲ့သည်။ အာဂျင်တီးနားအစိုးရ၏ အသားပို့ကုန်များအပေါ် ယာယီပိတ်ပင်သည့်မူဝါဒသည် တရုတ် နိုင်ငံကအများဆုံးဝယ်ယူ တင်သွင်း နေသည့်ကမ္ဘာ့အမဲသားဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန် အသားများအတွက် ဈေးကွက်နေရာပိုမိုရရှိစေလျက် ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့်အသားများတွင် အာဂျင်တီးနားနိုင်ငံမှ ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း စီးပွားရေး အကြံပေးကုမ္ပဏီ Agrifatto ၏ ညွှန်ကြားရေးမှူး Lygia Pimentel က သတင်းဌာနသို့ ပြောကြား ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၇.၅ ရာခိုင်

Friday, 21 May 2021
,

             ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်ဘူတာ အနီးရှိ KM Terminal and Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ ကုမ္ပဏီ၏ Phase 2 လုပ်ငန်းများ တိုးချဲ့  ဆောင်ရွက်နေမှု အခြေအနေနှင့်  Phase 1 ရှိ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Pages