Background
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာမှု၏ အကျိုးဆက်အနေဖြင့် ဂျပန်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုများ မတ်လအတွင်းက သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအရ သိရှိရပါသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမအပတ်(၈ ရက်နေ့အထိ)တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုတွင် တန်ချိန် ၃၂၇,၇၉၉ တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးကွက်ကခန့်မှန်းထားသည် တန်ချိန် ၂၅၀,၀၀၀ ထက်ကျော်လွန်တင်ပို့ နိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြောင်းတန်ချိန် ၃.၃ သန်းနှင့် မတ်လတွင် ပြောင်းတန်ချိန် ၃ဒသမ၅ သန်း တင်ပို့ခဲ့ပြီး ကာလတူဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြောင်းတန်ချိန် ၅ဒသမ၃ သန်းအထိတင်ပို့နိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့်စာရင်း များအရ သတင်းတွင်ဖော်ပြခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် လတ်တလောကာလအထိ ပြောင်းတန်ချိန် ၂၃ဒသမ၄ သန်း တင်ပို့ခဲ့ပြီးဖြစ်ရာ ယခင်သီးနှံရာသီ(အောက်တိုဘာမှ မတ်လအထိ)တွင် တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၃၂ဒသမ၄ သန်းအောက် လျှော့နည်းလျက်ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ASEAN Committee in Seoul (ACS) ၏ အလှည့်ကျ ဥက္ကဌဖြစ်သော ထိုင်းသံရုံးနှင့် LS Group တို့၏ပူးပေါင်းစီစဉ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်အစီအစဉ်တစ်ရပ်အဖြစ် “ASEAN Committee in Seoul (ACS) visit to LS” အစီအစဉ် အား (၂၂-၄-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှ(၁၁:၃၀)အချိန်အထိ ဆိုးလ်မြို့၊ ယွန်ဆန်းရှိ LS ရုံးချုပ်တည်ရှိရာ LS Yongsan Tower ၌ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဉီးသန့်စင်မှ ACS အဖွဲ့ဝင် အာဆီယံ သံအမတ်ကြီးများနှင့်အတူတက်ရောက်ခဲ့ပါသည်။
ဘရာဇီးလ်နိုင်ငံ၏ဝက်ဈေးကွက်သည် အလျင်အမြန်ပြန်လည်ဦးမော့လာခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ စီးပွားရေးသတင်းစာစောင်များတွင် ဖော်ပြခဲ့သည်။ ဝက်ဈေးကွက် သည် ဧပြီလအစောပိုင်းရက် များမှစတင်၍ အရောင်းအဝယ်များသိသိသာသာကောင်းမွန်ခဲ့ကြောင်း၊ နိုင်ငံခြားပို့ကုန်အတွက် ကောင်းမွန်သော ခြေလှမ်းဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ကုမ္ပဏီ Cepea/Esalq မှ သုတေသနပညာရှင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဘရာဇီးလ်နိုင်ငံမှ ဝက်သားတန်ချိန် ၉၆,၈၀၀ တင်ပို့ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ဖေဖော်ဝါရီလ၏ ဝက်သားတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၃၅ဒသမ၄ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း နိုင်
ဧပြီလ ၂၀ ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက်(Chicago Commodity Exchange - CBOT)၏ ပဲပုတ်စေ့ဈေးနှုန်းများသည် အမြင့်ဈေးနှုန်းများဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး ၇ နှစ်အတွင်း အကောင်းဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး အကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကနှင့် ဉရောပ သမဂ္ဂနိုင်ငံများထံသို့ ပုံမှန်ကုန်များပို့ဆောင်နေသည့်အတွက် ကုန်သေတ္တာလိုအပ်ချက်များ မြင့်တက်နေသောကြောင့် ကုန်သေတ္တာခများ အဆမတန်မြင့်တက်နေပါသည်။ အထူး သဖြင့် ကုန်သေတ္တာအသုံးပြုလိုအား များပြားသည့် အာဖရိကဘက်မှ နိုင်ငံများတွင်လည်း အခက်ကြုံတွေ့လျက်ရှိပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး 5G မိုဘိုင်းလ်ကွန်ယက်အား တည်ဆောက်ရာ၌ ကနဉီးအောင်မြင်မှုများရရှိပြီးဖြစ်ကြောင်း စက်မှုနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက ဧပြီလ (၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း၌ တရုတ်နိုင်ငံတစ်ဝှမ်းတွင် 5G အခြေပြုနေရာ ပေါင်း (၇၉၂,၀၀၀)အား တည်ဆောက်ပြီးဖြစ်ကာ ၊ ၎င်းတို့နှင့်ချိတ်ဆက်ထားသည့် မိုဘိုင်းလ် ကွန်ယက်ပေါင်း သန်း(၂၆၀)ရှိပြီးဖြစ်သည်ဟု MIIT ဒုတိယဝန်ကြီး Liu Liehong က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးပြန်လည်နာလန်ထူလာရန်အတွက် လိုအပ် သည့် ပံ့ပိုးကူညီမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးမှုအရှိန် အဟုန်အားပေါင်းစည်းရန် အခွန်လျှော့ချပေးမှုများနှင့် အခြားစီမံဆောင်ရွက်မှုများအား အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံ၏ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲသူတစ်ဉီး ဖြစ်သူ National Development and Reform Commissionမှ Meng Weiက ဧပြီလ (၁၉) ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။