Main menu

Background

Tuesday, 11 May 2021

      COVID-19 ရောဂါလက္ခဏာ စတင်သံသယရှိခြင်းနှင့် ဆေးရုံ/ ဆေးခန်းသို့ မသွားရောက် နိုင်သည့်အခြေအနေမျိုးတွင်အသုံးပြုနိုင်သော ကိုယ်တိုင်စစ်ဆေးနိုင်သည့် COVID-19 Self-Testkit များကို တောင်ကိုရီးယား နိုင်ငံတစ်ဝှမ်းရှိ Convenience Store များနှင့် Supermarket  များတွင်     (၆-၅-၂၀၂၁) ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ တောင်ကိုရီးယားဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Humasis နှင့်SD Biosensor တို့မှ ထုတ်လုပ်သည့် COVID-19 Self-Testkit များကို ၂၀၂၁ ခုနှစ်၊ ဧပြီလနှောင်းပိုင်းက အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီးသည့်နောက် ဆေးဆိုင်များတွင် ကနဉီးရောင်းချခဲ့ပြီး၊ အများပြည်သ

Monday, 10 May 2021

            ၂၀၂၁ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံမှ သကြားတန်ချိန် ၅,၈၀၆,၇၉၂ တင်ပို့ခဲ့ပြီး ဘရာဇီးလ်နိုင်ငံ၏ တင်ပို့ကုန်များအနက် စတုတ္ထမြောက် အများဆုံးတင်ပို့မှု ဖြစ်ကြောင်း Comexstat မှ ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြခဲ့သည်။ အဆိုပါ သကြားတင်ပို့မှုမှ နိုင်ငံ၏ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃၉ ဘီလီယံ ရရှိခဲ့သည်။ သကြားကို São Paulo ပြည်နယ်တွင် အများဆုံးထုတ်လုပ်ပြီး စုစုပေါင်းပမာဏ၏ ၆၄ ရာခိုင်နှုန်း၊ Paraná ပြည်နယ် တွင် ၆.၅ ရာခိုင်နှုန်း၊ Minas Gerais ပြည်နယ်တွင် ၈.၁၁ ရာခိုင်နှုန်းထုတ်လုပ်ပြီး အခြားပြည်နယ်များတွင်လည်း အနည်းငယ်စီထုတ်လုပ်ကြသည်။

Monday, 10 May 2021

             ဘရာဇီးလ်နိုင်ငံ၏ ဂျုံဈေးကွက်တွင် အရောင်းအဝယ်များအေးစက်လျက်ရှိနေသဖြင့်  ပြည်တွင်းရှိ ဂျုံမှုန့်အသုံးပြုသည့်စက်ရုံများမှ ဝယ်ယူအသုံးပြုမှုမြင့်တက်လာစေရန် ဆွဲဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado မှ သုတေသနမှူး Jonathan Pinheiro က သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပြည်တွင်းမှ ထွက်ရှိသည့်ဂျုံမှုန့်များသည် သယ်ယူပို့ဆောင်စရိတ်များနည်းပါးသော်လည်း အနည်းငယ်သာထုတ် လုပ်သဖြင့် ပြည်ပမှတင်သွင်းသည့်ဂျုံမှုန့်အပေါ်တွင်သာ အဓိကမှီခိုနေရသည်။

Monday, 3 May 2021

              ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်သည် အာရှ-ပစိတ်ဖိတ်နိုင်ငံ ၁၅ နိုင်ငံပါဝင်သော ကမ္ဘာ့ အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) တွင် ဂျပန်၏ ပါဝင်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် အတည်ပြုခဲ့ပါသည်။ ဂျပန်အောက်လွှတ်တော်က အဆိုပါ (RCEP) သဘောတူညီချက်ကို ယခု ဧပြီလဆန်းပိုင်းကတည်းကပင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။

Monday, 3 May 2021

                  ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ပြန် လည်ကောင်းမွန်လာပြီး ၇.၃ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားပါသည်။

သို့သော် အာရှတိုက်နိုင်ငံများအကြား COVID-19 ကူးစက်မှုများ ပြန်လည် မြင့်တက်လာနေ ခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်းကို အဟန့်အတားဖြစ်စေသည့် သတိပြုရန် အချက်တစ်ချက် အဖြစ် (ADB) က မှတ်ချက်ပြုထားပါသည်။

Monday, 3 May 2021

              အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၇-၄-၂၀၂၁ နေ့တွင် သတင်း ထုတ်ပြန်ချက်အရ အိန္ဒိယ၏ အော်ဂဲနစ်စားသောက်ကုန်များ ပြည်ပတင်ပို့မှုမှာ ၂၀၂၀-၂၁ ဘဏ္ဍာ နှစ်၌ တန်ဖိုးရူပီးငွေ ၇၀၇၈ ကုဋေ (အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၅၁% ခန့် တိုးတက်မှုရရှိကြောင်း သိရှိရပါသည်။

Monday, 3 May 2021

         ကိုရီးယားသမ္မတနိုင်ငံအစိုးရမှအသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးကို သတ်မှတ်အရေအတွက် ပြည့်မီစွာထိုးပြီးသူများအား ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့မှစတင်၍ (၁၄) ရက် Self-Quarantine နေထိုင် ရခြင်းကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း (၂၈-၄-၂၀၂၁) ရက် နေ့တွင်တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။ 

Monday, 3 May 2021
,

      ဧပြီလ ၂၉ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Thursday, 29 Apr 2021

      တရုတ်နိုင်ငံ၌ ငွေပေးငွေယူမှုများပြုလုပ်ရာတွင် ငွေသားအသုံးပြုခြင်း၊ Alipay နှင့် WeChat Payကဲ့သို့ ဒစ်ဂျစ်တယ်နည်းဖြင့် ပေးချေမှုပြုပေးသည့် ပေါင်းကူးနေရာ (platform)များ အသုံးပြုခြင်းတို့အပြင်၊ ဒစ်ဂျစ်တယ် ယွမ်ငွေကိုလည်း အသုံးပြုလာသည်ကို တွေ့ရပါသည်။ mobile app တစ်ခုအား ဒေါင်းလော့ (download)ရယူကာ ၊ ယွမ်စပေါ်ငွေ ထည့်သွင်းပြီးသည်နှင့် ၎င်းငွေမှာ ဒစ်ဂျစ်တယ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါ သည်။ ၎င်းငွေကြေးအမျိုးအစားအား အသုံးပြုရာတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (digital wallet)များကဲ့သို့ ရိုးရှင်းလွယ်ကူကာ၊ ပေးချေသည့်အချိန်၌ပင် အပေးအယူပြုလုပ်ပေးပါ သည်။ ၎င်းဒစ်ဂျစ်တယ်ငွေကြေးအား

Thursday, 29 Apr 2021

                     ယခုနှစ် ပထမ(၃)လတွင်း တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် စီးပွားရေးတို့၏ လုပ်ဆောင်ချက်များမှာတည်ငြိမ်နေခဲ့ကြောင်း၊  နိုင်ငံ၏ အခြေခံလုပ်ငန်းမှ နိုင်ငံ၏စီးပွားရေးသို့ ယွမ်ငွေ (၁.၁၃)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၃.၅၇ ဘီလီယံ) တန်ဖိုး ပါဝင်ဖြည့်ဆည်းပေးခဲ့ကာ၊ ယခင်နှစ်ကထက် (၈.၁)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရ ပါသည်။

Pages