Main menu

Background

Wednesday, 12 May 2021

            ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှ နှံစားသီးနှံတန်ချိန် ၂.၂၈၇ ဘီလီယံထွက်ရှိနိုင်ရန် နိုင်ငံတကာနှံစားသီးနှံအဖွဲ့(International Grain Council - IIC)က မျှော်မှန်း ထားသည်။ ယခင်သီးနှံရာသီချိန်တွင်ထွက်ရှိခဲ့သည့် အခြေအနေများအပေါ်မူတည်၍ လာမည့်သီးနှံ ရာသီချိန်တွင် နှံစားသီးနှံတန်ချိန်စုစုပေါင်း ၂.၂၈၇ ဘီလီယံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ခန့်မှန်းထား သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွက်လည်း နှံစားသီးနှံ ၂.၂၂၆ ဘီလီယံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် IIC  က ခန့်မှန်းခဲ့သည်။

Wednesday, 12 May 2021

ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားနေသည့် အခြေအနေများကြောင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၏ စီးပွားရေး လုပ်ဆောင်မှုပုံသဏ္ဍာန်များ ကွဲပြားလာကြသည်ကိုတွေ့ရပါသည်။ အချို့သောကုမ္ပဏီ များသည် နေအိမ်မှနေ၍ အင်တာနက်အသုံးပြုကာ လုပ်ငန်းဆောင်ရွက်ခြင်းကို ပိုမိုလိုလားလာကြ ပြီး ဝန်ထမ်းအားလုံး၏ ၇၀ % ခန့်သည် နေအိမ်မှသာ အလုပ်လုပ်ကိုင်နေကြပါသည်။ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများမှာ လုပ်ငန်းလည်ပတ်မှု သိသိသာသာ ထိုင်းမှိုင်းလာခြင်းနှင့် ရင်ဆိုင်နေရပါသည်။

Wednesday, 12 May 2021

                 ဂျပန်နိုင်ငံမှ စျေးသက်သာသည့် လေကြောင်းလိုင်း Japan Airlines (JAL) ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Zipair သည် လေယာဉ်ဝန်ထမ်း ၁၀၀ ခန့်အား အလုပ်ခန့်အပ်ခဲ့ကြောင်း သိရပါ သည်။

Wednesday, 12 May 2021

               တရုတ်နိုင်ငံ၏ စက်မှုနိုင်ငံအဖြစ်တည်ထောင်ရေးလုပ်ငန်းစဉ်အား အရှိန် မြှင့်တင်သည့်အနေဖြင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက ၎င်း၏ 5GtoB solution နှင့်အတူ Smart Factoryပေါင်း (၁၀၀၀)အား ထွန်းကားလာစေရန် လုပ်ငန်းအစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဟု မေလ (၉)ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

Wednesday, 12 May 2021

       အရှေ့တောင်အာရှ၏ နာမည်ကြီး Lazada e-commerce platform ပေါ်တွင်  ထိုင်းဖောက်သည်များအတွက် (၈၅)ယွမ်တန် Stylus အား တိုက်ရိုက်ထုတ်လွှင့် (livestreaming)၍ အရောင်းမြှင့်တင်ရန်  နယ်စပ်ဖြတ်ကျော် e-commerce ကုမ္ပဏီဖြစ် သည့် Tus-Innovation က ထိုင်းစကားပြောနိုင်သည့် တရုတ်ဧည့်လမ်းညွှန်ဖြစ်သူ Zhou Xingxing အား ငှားရမ်းခဲ့စဉ်က ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ်သည့် အကျင့် ရှိ၊မရှိ မသေချာ သောကြောင့် လည်းကောင်း၊ လျှပ်စစ်ပစ္စည်းကို ရောင်းချရမည်ဖြစ်သောကြောင့် လည်းကောင်း သူမမှာ မိမိကိုယ်ကိုယုံကြည်မှုမရှိဖြစ်ခဲ့သည်ဟုဆိုသည်။

Wednesday, 12 May 2021

          ရှန်စီး (Shanxi)ပြည်နယ်၊ တိုင်ယွမ်ရှိ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်းစုကြီးဖြစ်သည့် Jinneng Holding Group ပိုင် ကျောက်မီးသွေးတွင်းများတွင်  ခေတ်မီနည်းပညာများကို အသုံးပြု၍  တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း ပြည်နယ်မှာ တရုတ်နိုင်ငံ၏ အဓိကကျောက်မီးသွေးထုတ်လုပ်ရာ ပြည်နယ်ဖြစ်ပြီး ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ၎င်းရင်းမြစ်အပေါ် မှီခိုရပါသည်။

Wednesday, 12 May 2021

COVID-19 ကပ်ရောဂါက ယခင်မျှော်မှန်းခဲ့သော စီးပွားရေးမျှော်မှန်းချက်များ အားလုံးအား ကမောက်ကမဖြစ်လုနီးဖြစ်စေခဲ့ပါသည်။ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန်၌  တရုတ်နိုင်ငံ၌ မည်သည့်လုပ်ငန်းများ ထွန်းကားလာပြီး၊ အလား အလာကောင်းလာသည်ဟူသည်ကို Caijing Thinktank and Saudi Basic Industry Corporation က ဧပြီလ (၁၁)ရက်နေ့က စစ်တမ်းကောက်ယူခဲ့သည်။

Wednesday, 12 May 2021

ပြည်တွင်း၌ ပဲမျိုးစုံအား လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးရာသီ အထူးမဟာဗျူဟာကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်လယ်သမားများဖူလုံရေး ဝန်ကြီးဌာနက ၆-၅-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါသည်။

Tuesday, 11 May 2021

                      ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကနေဒါနိုင်ငံ၏ ဂျုံစိုက်ပျိုးမှုမှ ဂျုံတန်ချိန် ၃၃.၅ သန်းအထိ ထွက်ရှိရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် ဂျုံတန်ချိန် ၃၅.၁၈၃ သန်း စိုက်ပျိုးထွက်ရှိခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကနေဒါနိုင်ငံမှ ဂျုံတန်ချိန် ၂၄.၁ သန်းကို ပြည်ပသို့တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ယခင်နှစ်က ဂျုံတန်ချိန် ၂၇.၁ သန်း တင်ပို့နိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(U.S. Department of Agriculture - USDA)က သတင်းဌာနသို့ ပြောကြားခဲ့သည်။

Tuesday, 11 May 2021

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် တန်ချိန် ၁.၅၅ သန်းသို့ ကျဆင်းနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် သကြားတန်ချိန် ၁.၈၃ သန်း အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ရှိ အမေရိကန်စိုက်ပျိုးရေးဌာန (USDA)ရုံးခွဲမှ  လယ်ယာစိုက်ပျိုးရေးသံမှူးက သတင်းဌာနသို့ပြောကြားခဲ့သည်။

Pages