Main menu

Background

Thursday, 10 Jun 2021

အိန္ဒိယနိုင်ငံ၌  ဈေးနှုန်းများမြင့် တက်မှုနှင့်အတူ     စားသုံးဆီများမှာ ပြည် တွင်းဈေးကွက်သို့     တရားမဝင် ဝင်ရောက်လျက်ရှိရာ   ပြည်တွင်းကုန် ထုတ်လုပ်သူများနှင့်    တောင်သူလယ် သမားများအပေါ် ထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မှုပြုရန်    အိန္ဒိယ ဆီစက်လုပ်ငန်းရှင်များအသင်း(SEA) က တောင်းဆိုလိုက်သည်။အဆိုပါအသင်းက  အိန္ဒိယ ဗဟို အစိုးရထံသို့  စာရေးသားပေးပို့ရာတွင် အကောက်ခွန်နှုန်းထား  သုည  ရာခိုင် နှုန်းအထိ   သက်သာခွင့်ရရှိမှုကို  အခွင့် ကောင်းယူ၍  အခြားပင်ရင်းနိုင်ငံများမှ ထုတ်လုပ်သော   စားအုန်းဆီနှင့် ပဲပုပ် ဆီများမှာ ပြည်တွင်းဈေးကွက်သို့   အိမ် နီးချင်း နီပေါနိုင်ငံမှတစ်ဆင့် ဝင်ရောက် လျက်ရှိကြ

Thursday, 10 Jun 2021

အနောက်အာရှဒေသရှိ အိုမန်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီး ယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့်  အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များ တင်သွင်းရာ၌  ပိုးသတ်ဆေးြွကင်းဆိုင်ရာ သတ်မှတ်ချက်များအား  ဥရောပသမဂ္ဂနိုင်ငံများနှင့်  အဆင့်တူညီစွာ ပြဋ္ဌာန်းခဲ့ကြရာ  အိန္ဒိယ၏ အဆိုပါ နိုင်ငံများသို့ ဘာစမာတီဆန်များ တင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိနေ သည်။ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများတွင်ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ်ချက်အား အဆင့်မြှင့် တင်ခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၏ ပရီမီယံအရည် အသွေးအဆင့် ဘာစမာတီဆန်များအား EUသို့ တင်ပို့မှုမှာ ကျဆင်းလျက်ရှိသည်။

Friday, 28 May 2021

       ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ASEAN Committee in Seoul (ACS) ၏ အလှည့်ကျ ဥက္ကဌဖြစ်သော ထိုင်းသံရုံးနှင့် LS Group တို့၏ပူးပေါင်းစီစဉ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်အစီအစဉ်တစ်ရပ်အဖြစ် အာဆီယံကော်မတီ(ဆိုးလ်)မှ LS Electric ၏ Smart Factory သို့ သွားရောက်လေ့လာခြင်းအစီအစဉ်ကို (၂၅-၅-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်မှ (၁၃:၃၀) အချိန်အထိ Chungcheong ပြည်နယ်မြောက်ပိုင်း၊ Cheongju ဒေသရှိ LS  ၏ Smart Factory ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဉီးသန့်စင်မှ ACS အဖွဲ့ဝင် အာဆီယံ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ “ASEAN Committee in Seoul (AC

Friday, 28 May 2021

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစီးပွားရေး တွေ့ဆုံ ဆွေးနွေးမှုများနှင့် အွန်လိုင်း ကုန်စည်ပြပွဲ Virtual Events များမှတစ်ဆင့် ထိုင်းထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် သံန္နိဌာန်ချမှတ်ထားကြောင်းနှင့် ယခုနှစ် အတွက်အွန်လိုင်းမှအရောင်းအား ဘတ်ငွေ(၁၆)ဘီလီယံအထိရရှိရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါသည်။

Friday, 28 May 2021

       ပြည်ပပို့ကုန်များသည်အားကောင်းခိုင်မာသော အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ဧပြီလတွင် အမေရိကန်ဒေါ်လာ(၂၀)ဘီလီယံကျော်ရရှိကာ(၃၆)လအတွင်း အမြင့်ဆုံး တိုး တက်မှုအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရှိရပါသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ပြည်ပပို့ကုန်များအနေဖြင့် ဒုတိယမြောက်လအဖြစ် ဆက်တိုက် တိုးတက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ပို့ကုန်ကျဆင်းမှု(၂.၅၉%)၊ မတ်လတွင် ပို့ကုန်တိုးတက်မှု (၂.၅၉%)ရှိခဲ့ပြီး နောက် ဧပြီလတွင် (၈.၄၇%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂၁.၄)ဘီလီယံ ရရှိခဲ့ကြောင်း (၂၆.၅.၂၀၂၁ရက်နေ့)တွင အစီရင်ခံတင်ပြခဲ့ပါသည်။

Thursday, 27 May 2021

            ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများနှင့် virtual ငွေကြေးလုပ်ငန်းများတွင် ဈေးကစားမှုပြုခြင်းတို့အား ပိုမိုကာကွယ်ရန် virtual ငွေကြေးများအပေါ် ကြီးကြပ်မှုအား တရုတ်နိုင်ငံက တိုးမြှင့်ဆောင်ရွက်လိုက်ပါသည်။

Bitcoin ဖန်တီးမှုနှင့် ကုန်သွယ်မှုများနှင့်ဆက်စပ်နေသည့်လုပ်ငန်းဆောင်ရွက် မှုများအပေါ် နှိမ်နင်းသွားမည်ဖြစ်ကြောင်း ယခင်ရက်သတ္တပတ်က ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်အရ သိရပါသည်။

Thursday, 27 May 2021

              တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့် ဟွာဝေးသည် ဇွန်လ (၂)ရက်နေ့တွင် ၎င်း၏ operating systemအသစ်ဖြစ်သော HarmonyOS ကို တရားဝင် စတင်တော့မည်ဖြစ်ပါသည်။

           တရုတ် ဘာသာဖြင့် Hongmeng အမည်ရ HarmonyOS မှာ devices အမျိုး မျိုးနှင့် scenario အမျိုးမျိုးတို့အတွက် ဒီဇိုင်းရေးဆွဲထားသည့် open-source operating systemတစ်ရပ်ဖြစ်ပါသည်။ ၎င်း HarmonyOSအား (၂၀၁၉)ခုနှစ်၊ သြဂုတ်လအတွင်း ဝတ်ဆင်၍ရသော အသုံးအဆောင်များ (wearables)နှင့် tablet များအပါအဝင် Internet-of-Things device များအတွက် ပထမဆုံးအသုံးပြုခဲ့သည်။

Thursday, 27 May 2021

         ကွမ်ကျိုးသည် ပြန်လည်ရင်းနှီးမြှုပ်နှံရန်နှစ်သက်သော ထိပ်တန်းနေရာအဖြစ် (၄)နှစ်ဆက်တိုက်ရပ်တည်နေသည့်မြို့ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ အမေရိကန် ကုန်သည်များအသင်းမှ မေလ (၂၄)ရက်နေ့တွင် ထုတ်ပြန်ချက်အရ သိရပါသည်။

Thursday, 27 May 2021

               ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့လာသည့် လတ်ဆတ်သရက်သီး ပထမအသုတ် သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ချင်းကျိုးဆိပ်ကမ်းသို့ မေလ (၂၁)ရက်နေ့တွင် ဆိုက်ရောက်လာခဲ့ပါသည်။

                ၎င်းသရက်သီး ပထမအသုတ်အား ကုန်သေတ္တာ (၆)လုံးဖြင့် တင်ဆောင်လာ ခြင်းဖြစ်ကာ ပေကျင်း၊ ဟာနန်၊ လျိုနင်း၊ ကျဲ့ကျန်း၊ ရှန်တုန်းနှင့် အခြားဒေသများ၏ ဈေးကွက်များသို့ ပို့ဆောင်ရောင်းချသွားမည်ဟု သိရပါသည်။

Thursday, 27 May 2021

            တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျိုကျိုးမြို့နှင့် ရုရှား နိုင်ငံ၊ မော်စကိုမြို့တို့အကြား တိုက်ရိုက်ပြေးဆွဲသည့် ပထမဆုံး တရုတ်-ဉရောပ ကုန်သေတ္တာတင် မီးရထားအား မေလ (၁၈)ရက်နေ့တွင် စတင်ပြေးဆွဲ လိုက်ပြီဖြစ်ပါသည်။ ၎င်းမီးရထားမှာ ကွမ်ရှီး၏ တစ်ခုတည်းသော တရုတ်-ဉရောပ တိုက်ရိုက်ပြေးဆွဲသည့် ကုန်သေတ္တာတင် မီးရထားဖြစ်ပါသည်။

Pages