Background
မုံရွာမြို့နယ်ရဲ့ Export ထွက်ကုန် သစ်သီးဝလံဖြစ်တဲ့ သခွားမွှေးစိုက်ပျိုးရာ သပြေတော၊ ဖန်းခါးကျင်း၊ အက်တောနဲ့ ကျောက်ဆစ်ပုံရွာတွေမှာ ယခုရာသီစိုက်ခဲ့ကြတဲ့ သခွားမွှေးတွေ ဇန်နဝါရီလလယ်ခန့်ကစပြီး ယနေ့အထိ မူဆယ်ဈေးကွက်ကို တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။
မန္တလေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များမှာ စက်ကြိတ်ခွဲအားကောင်းခဲ့တဲ့ ဆောင်းရာသီမှာပင် စက်လည်နှုန်းကျဆင်းကာ နွေရာသီလို စက်လည်နှုန်း မကောင်းချိန်မှာ လုပ်ငန်းပြောင်းရမယ့် အနေအထားရှိနေကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။"အခါတိုင်း ဆောင်းရာသီဆို လက်မလည်အောင် ဆီကြိတ်ရတယ်။ ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းပဲ စက်လည်အားရှိတယ်။ ဆောင်းရာသီမှာတောင် ဒီလိုဖြစ်နေရင် နွေမှာလုပ်ငန်းပြောင်းရမယ့်အနေအထားရှိတယ်။
မုံရွာကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ဆီထွက်သီးနှံဈေးကွက်အနေနဲ့ နယ်စုံကမြေပဲနဲ့နှမ်းတွေ အဝင်ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးထက်မြေပဲက ဈေးပိုစွာ လာတာ တွေ့ရပါတယ်။ ဒီလထဲမှာဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနှံဈေးကွက်ကို လေ့လာတဲ့အခါ မြေပဲဈေးဟာ
အာလူးသီးနှံကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ ၂၁ မြို့နယ်အနက် ၁၉ မြို့နယ်မှာ စိုက်ပျိုးပြီး ပင်လောင်း၊ ကလောနဲ့ ပင်းတယမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မိုး အာလူး၊ စကအာလူးနဲ့ ဆောင်းအာလူး တို့ကို သုံးကြိမ်စိုက်လို့ သုံးကြိမ်ဖော်ပါ တယ်။ မိုးအာလူးကို အဓိကထားစိုက် ပျိုးလို့ စကအာလူးနဲ့ ဆောင်းအာလူးကို ပြည်နယ်စိုက်ဧက လေးသောင်းကျော် နဲ့ စိုက်ပျိုးပါတယ်။
၂၀၀၇ ခုနှစ်၊ ဂေါ်ဖီထုပ်ပေါ်ချိန် တုန်းက ကလောမြို့နယ်ကို စာရေးသူ တစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ ထိုစဉ်က ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀ ကျပ်ဈေး သာရရှိလို့ ထပ်မံစိုက်ထုတ်ရမယ့် သယ် ယူတင်ပို့ခ ၆၀ ကျပ်ကို မကုန်ကျနိုင် တာကြောင့် စိုက်ခင်းထဲမှာပင် ဒါး ကောက်နဲ့ ရမ်းခြင်း၊ လမ်းဘေးမှာ ခြောက်သည်အထိ ပုံထားခြင်းဆိုတဲ့ ရင် နင့်ဖွယ်မြင်ကွင်းကို တွေ့ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၈၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၅ သန်း တန်ဖိုးရှိ သခွားမွှေး ၂၉၅ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၃၄၉ သန်းတန်ဖိုးရှိ ပန်းသီး ၇၉၁ တန်လည်း မူဆယ်နယ်စပ်မှ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ရှေးဟောင်း အနုပညာနယ်မြေ ပုဂံညောင်ဦးမြို့နယ်ကို ပြည်ပဧည့်သည်များ လာရောက်လေ့လာလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပဧည့် ၁၉၉၉၇ ဦး ဝင်ရောက်တာကြောင့် ယခင်လ ဧည့်ဝင်ရောက်မှုထက် ၄၈၆၄ ဦး ပိုမိုဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဧည့်ဝင်ရောက်မှုမှ ဝင်ငွေရရှိမှုမှာလည်း ကန်ဒေါ်လာ ၁၈၃၁၅၉ နဲ့ FEC ၁၆၈၁၁ ဖြစ်တာ ကြောင့် ဇန်နဝါရီလ နိုင်ငံခြားဝင်ငွေရရှိမှုမှာ ဒေါ်လာ ၁၉၉၉၇၀ ရရှိခဲ့တယ်လို့သိရပါတယ်။ တင်မျိုးခိုင်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ ဆောင်းအာလူး ဧက ၁၁၀၀ ကို စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မြို့နယ်အလိုက် စိုက်ပျိုးမှုမှာ လွိုင်ကော်မြို့နယ်မှာ ၃၁၀ ဧကနဲ့ ဒီမော့ဆိုမြို့နယ်မှာ ၇၉၀ဧကတို့ဖြစ်ပြီး၊ ဆောင်းအာလူးကို ဒီဇင်ဘာနဲ့ ဇန်န ဝါရီလများမှာ စိုက်ပျိုးပြီး၊ မတ်လနဲ့ ဧပြီလများမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ မိုးနှောင်း အာလူးစိုက်ဧကမှာ ၅၀၁ ဧကရှိခဲ့တာကြောင့် ဆောင်းအာလူးစိုက်ပျိုးမှုမှာ မိုးအာလူးထက် နှစ်ဆကျော် တိုးတက်စိုက်ပျိုးလာ ကြောင်း သိရပါတယ်။ မင်းအောင်
နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ခုနစ်ရက် ကျင်းပတဲ့ မိုးဗြဲမွေတော်ဓာတ်စစ်စေတီ တော်ဘုရားပွဲကို ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတစ်ခွင်မှ ဘုရားဖူးဧည့်သည်များ၊ ဈေးရောင်းသူ များလာရောက်ကြပြီး၊ ဘုရားပွဲမှအပြန် မှာလိုအပ်တဲ့ အိမ်သုံးပစ္စည်းမျိုးစုံနဲ့ အိမ် ဆောက်ပစ္စည်းအမျိုးမျိုးတို့ကို ပုံအော ဝယ်ယူလေ့ရှိကြောင်းသိရပါတယ်။
ရာသီစာသီးနှံတွေအနက်က ယခုလအတွင်း ဖရဲသီးလှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဖရဲသီးလက်လီ၊ လက်ကားရောင်းချ တဲ့ဆိုင်တွေ များပြားလာတာတွေ့ရပါတယ်။ ဖရဲစိုက်တောင်သူတွေထံက ကုန်သည်များက မြေငှားခပေးပြီးစိုက်ပျိုးကာ ထွက်ရှိလာတဲ့ အသီးတွေကို မူဆယ်မှတစ်ဆင့် တရုတ်ဈေးကွက်ကို တင်ပို့ရောင်းချပြီး၊ ပယ်သီးများကို အလုံးရေအလိုက် ဈေးနှုန်းသတ်မှတ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများအား ရောင်းချပေးကြောင်း သိရှိရပါတယ်။ ဖရဲသီးကို ရှမ်းကလေးကျွန်းနဲ့ တံတားဦးကျေးရွာများက အများအပြားစိုက်ပျိုးထွက်ရှိပြီး၊ လက်လီဈေးအကြီး တစ်လုံး ကျပ် ၁၅၀၀၊ အလတ် ကျပ် ၁၀၀၀၊ အသေး ကျပ် ၅၀၀ နဲ့ တစ်ထောင်ကျပ်ဖိုး သုံးလုံးနဲ့ ရောင်းဝယ်နေကြောင်း သိရပါတယ်။ ခင်မြင့်မြင့်