Main menu

Background

Sunday, 8 Jul 2012

    ၂၀၀၃ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် နော်ဝေနိုင်ငံ၏ တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ် General System of Preferences (GSP)  ကို မြန်မာနိုင်ငံသို့ ပြန်လည်ခွင့်ပြုလာကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်သည် ဖွံဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများနှင့် ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်ပစ္စည်းများကို အကောက်ခွန် သက်သာခွင့်ပေးသည့် အစီအစဉ်ဖြစ်သည်။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံ၏ ပို့ကုန်များကို GSP အခွင့်အရေး ပြန်လည်ပေးအပ်ကြောင်း၊ မြန်မာထုတ်ကုန်များ အနေဖြင့်အကောက်ခွန် ကင်းလွတ်/သက်သာခွင့်များ ရရှိခံစားနိုင် ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းရှင်များ အကောက်ခွန် သက်သာခွင့် ရရှိခံစားနိုင်ရေးကို အသိပညာပေးနိုင်ရေးအတွက် နော်ဝေအကောက်ခွန် ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ ရှိ နော်ဝေသံရုံးမှ တာဝန်ရှိသူများမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Monday, 2 Jul 2012

    ယူရိုဇုန်အကျပ်အတည်းက ဈေးကွက်အပေါ်ယုံကြည်မှုကို မကျန်သလောက် ကျဆင်းစေပြီး အရေးကြီးတဲ့အဆင့်ကိုရောက်ရှိနေပါတယ်။ ဒါကြောင့်ထိုင်း စီးပွား ရေးလုပ်ငန်းတွေက အကျပ်အတည်းရဲ့ သွယ်ဝိုက် ဂယက်ရိုက်ခတ်မှုကို ကြံ့ကြံ့ခံ နိုင်အောင်ကြိုးပမ်းဆောင်ရွက်နေ ရပါတယ်။

Monday, 2 Jul 2012

     အာဆီယံစီးပွားရေးအသိုက်အဝန်း ( AEC   ) အတွက် ကြိုတင်ပြင်ဆင်မှုအစီအမံတစ်ရပ်အဖြစ် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတို့က အရေးပေါ်ကာလအခြေအနေမျိုး ဆောင်ရွက် ရမဲ့ အစားအစာဘေးကင်းရေးမဟာဗျူဟာကို ချမှတ်ရန် ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နဲ့ သြစတြေးလျတို့နဲ့ အတူ ပူးတွဲဆောင် ရွက်ခဲ့ပါတယ်။

Monday, 2 Jul 2012

  ယူရိုဇုန်အကျပ်အတည်းရဲ့ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စီးပွားရေး အလားအလာများက ပိုမိုမှေးမှိန်လာတယ်လို့ ကမ္ဘာတစ်လွှား စီးပွားရေးလုပ်ငန်း အမှုဆောင်များက ပိုမိုယုံကြည်လာကြောင်း မက်ကင်ဆီအင်ကုမ္ပဏီက အသစ်ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဇွန် ၂၆ ရက်ကတွေ့ရပါတယ်။ ဇွန်လဆန်းက အမှုဆောင် ၁၃၄၉ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ တစ်ဝက်က ယခုနှစ်ကျန်အချိန်များအထိ စီးပွားရေး ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ယုံကြည်ကြပြီး ၂၀ ရာခိုင်နှုန်း က ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ကြပါတယ်။

Monday, 2 Jul 2012

    ယူရိုဇုန်ဘဏ္ဍာရေးအကျပ်အတည်း က ယူရိုဒေသရဲ့ ပို့ကုန်ဝယ်လိုအားကို ထိုင်းမှိုင်းသွားစေတဲ့အတွက် တောင် ကိုရီးယားနဲ့ ဥရောဂသမဂ္ဂ (အီးယူ) တို့ရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူ ညီချက် (FTA) ရဲ့ ထိရောက်မှုကို အား နည်းစေခဲ့ပါတယ်။ ဒါပေမယ့် FTA က တောင်ကိုရီးယားနိုင်ငံအတွင်းသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Monday, 2 Jul 2012

တိုကျို    ဂျပန်နိုင်ငံရဲ့ စက်ရုံများမှ ကုန် ထုတ်လုပ်မှုက မေလမှာ ဧပြီနဲ့နှိုင်း ယှဉ်ပါက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းတဲ့အတွက် မျှော်လင့်ထား တာထက် ပိုမိုကျဆင်းခဲ့ကြောင်း ဇွန် ၂၉ ရက်က ထုတ်ပြန်တဲ့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ အားနည်းနေ တဲ့ စီးပွားရေး နာလန်ထူမှု တုံ့ဆိုင်း နေတဲ့သဘောကို  ပြသနေပါတယ်။ ဂျပန်ထုတ်ကုန်များရဲ့အဓိက ပို့ကုန် ဈေးကွက်ဖြစ်တဲ့ ဥရောပရဲ့ ဘဏ္ဍာ ရေးအခြေအနေနဲ့ ယန်း ငွေကြေး ခိုင်မာမှုတို့ကြောင့် ယခုလိုဖြစ်ရတယ် လို့ ဆိုပါတယ်။     Source.AFP

Monday, 2 Jul 2012

      ၂၀၁၁ ခုနှစ် ဇူလိုင်မှ ၂၀၁၂ ခုနှစ် ဧပြီလအထိ ကာလ အတွင်း ဘင်္ဂလားဒေ့ရှ်က ပြည်ပမှ စားသောက်ကုန် ကောက် ပဲသီးနှံတင်သွင်းမှုမှာ ယခင်နှစ် အလားတူကာလကထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် က ဇွန် ၂၄ ရက်မှာ ထုတ်ပြန်လိုက်တယ်။

Sunday, 24 Jun 2012

        မြန်မာနိုင်ငံဘက်ရှိ မောင်တော လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စခန်းများပိတ်ထားဆဲဖြစ်သဖြင့်အနည်း ဆုံးဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်း သမားများအနည်းဆုံး၅၅ဦးမောင်တော မြို့နယ်အတွင်း ဇွန် ၈ ရက်ကစပြီး ပိတ် မိနေပါတယ်။    မောင်တောဒေသမှာ မငြိမ်မသက် ဖြစ်ပြီးနောက်ပိုင်းမြန်မာအာဏာပိုင် တို့ ကမောင်တောမှာ ညမထွက်ရ အမိန့် ထုတ်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရပါ တယ်။

Sunday, 24 Jun 2012

     မြန်မာနိုင်ငံအားကန့်သတ်ချက် များကိုရုပ်သိမ်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည်ကွန်ဖရင့်မှာမဲပေးဆုံးဖြတ် ခဲ့ပါတယ်။ ဒါကြောင့် ILO အဖွဲ့ဝင်ဖြစ် ဖို့ နဲ့ ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက် ကိုပို့တဲ့ မြန်မာနိုင်ငံပို့ကုန်အတွက် ဦး စားပေးအခွင့်အရေးကိုရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Sunday, 24 Jun 2012

အမ်စတာဒမ်    အိမ်ဈေးနှုန်းများ ကျဆင်းတာ နဲ့ ဥရောပကြွေးမြီ  အကျပ်အတည်း ကြောင့် စီးပွားရေး  လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲကြုံ တွေ့နေရတဲ့အတွက် ING  နဲ့ ABN  AMRO   အပါအဝင် ဒတ်ချ်ဘဏ် ချေးငွေအဆင့်ကိုမူဒီကြွေးမြီအဆင့် သတ်မှတ်ရေး အေဂျင်စီက အဆင့် လျှော့ချခဲ့ပါတယ်။ နယ်သာလန် ဘဏ်တွေရဲ့အခက်အခဲက ၂၀၁၂ ခု နှစ် တစ်နှစ်လုံးဖြစ်နိုင်ကြောင်း၊ ထို ကာလထက်ကျော်လွန်နိုင်စရာလည်း ရှိကြောင်း အေဂျင်စီကပြောပါတယ်။          Sources.AP ဒတ်ထရွိုက်    ဓာတ်ဆီဈေးနှုန်းတွေပြန်လည် ကျဆင်းလာတဲ့ အချိန်မှာပင် အမေ ရိကန်တို့က  Big Block, Cobra Jet နှင့် Ramchanger   တို့လို V-8   အင်ဂျင်ကားများကို   အဝယ်များ လာပါတယ်။ အမေရိကန်တို့က ဆီ စားသက်သာတဲ့ ကားများ အထူး သဖြင့်ဆလင်ဒါလေးလုံးတပ် မိုဒယ် တွေနှစ်သက်ပြီး၊ ယခင်နှစ်များက ထက် မြင်းကောင်ရေ များများပါတဲ့ ကားငယ်များကို ပိုမိုရွေးချယ်လာကြ ပါတယ်။               Sources.APလန်ဒန်    ဂရိနိုင်ငံယူရိုဇုန်ကို စွန့်ခွာလာပါ ကဖြစ်ပေါ်လာမဲ့ ဖိတ်လျှံ အကျိုး သက်ရောက်မှုတွေကို ကာကွယ်နိုင် အောင် ယူရိုဇုန်ကအကောင်းဆုံးပြင် ဆင်ထားရမယ်လို့ ဗြိတိသျှ ဘဏ္ဍာ ရေး ဝန်ကြီး ဂျော့အော့စတုန်းက ဇွန် ၁၄ ရက်က ပြောပါတယ်။ ယူရိုဇုန်မှာ ဂရိနိုင်ငံ ဆက်လက် ပါဝင်နိုင်ရေး အတွက် အဆုံးအဖြတ်ပေးနိုင်မဲ့ ဂရိ ရွေးကောက်ပွဲ မတိုင်မီ သုံးရက် အလိုမှာ ယခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ဗြိတိန် ဘဏ်တွေကို အကူအညီပေးဖို့ ပေါင် ဘီလီယံပေါင်း များစွာ အရေးပေါ် ဆောင်ထားတယ်လို့ အင်္ဂလန် ဘဏ် အုပ်ချုပ်ရေးမှူးမာဗင်ကင်းက   ပြော ပါတယ်။      Sources.xinhuaဟနွိုင်း    ၂၀၁၂ ခုနှစ် လက်လီ ရင်းနှီး မြှုပ်နှံမှုအတွက် ထိပ်တန်း ဖွံ့ဖြိုးဆဲ နိုင်ငံ ၃၀ ထဲမှာမပါတော့တဲ့အတွက် ဗီယက်နမ်နိုင်ငံကကမ္ဘာ့လက်လီ လုပ် ငန်းများကို ဆွဲဆောင်နိုင်မှု ကျဆင်း ခဲ့ကြောင်း အမေရိကန် အခြေစိုက် AT. Kearney အတိုင်ပင်ခံက ထုတ် ဝေတဲ့ ကမ္ဘာ့လက်လီလုပ်ငန်း ဖွံ့ဖြိုး ရေး အညွှန်းကိန်းမှာ ဖော်ပြထားပါ တယ်။ အညွှန်ကိန်း ကျဆင်းရတာက ပြည်တွင်းလက်လီလုပ်ငန်းတွေ လေး နှစ် ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ Sources.VNS

Pages