Main menu

Background

Thursday, 4 Oct 2012

ဝါရှင်တန် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သီးနှံ အထွက်က နဝမမြောက်နှစ် အဖြစ် ဆက်တိုက်မြင့်တက်မယ်လို့ ခန့်မှန်းထားပြီး ဆောင်းသီးနှံတွေ အထွက်ကောင်းမယ်လို့ တရုတ်နိုင်ငံ ရဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး က ပေကျင်းမြို့မှာစက်တင်ဘာ ၂၀ ရက် ကပြောပါတယ်။ သဘာဝဘေးဒဏ် နဲ့ ဇီဝဗေဒ ဆိုင်ရာ ဘေးအန္တရာယ် တွေ ကျရောက်ခဲ့ပေမယ့်ဆောင်းဦး ရာသီစိုက်ပျိုးမြေက ယခင်နှစ်က ထက် ပိုမိုများပြားတယ်လို့ တရုတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဟန်ချန် ဖု က ပြောပါတယ်။Source:Xinhua

Thursday, 4 Oct 2012

ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ် ပထမခုနှစ်လ (၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်ထိ) အတွင်း ကုန်သွယ်ရေးလိုငွေပြမှုမှာ ၃၄ ရာခိုင် နှုန်း (ကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ) ရှိခဲ့တယ်လိ့ု ကမ္ဘောဒီး ယားနိုင်ငံရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရတယ်။

Monday, 1 Oct 2012

ဝါရှင်တန် ၂၀၁၂ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းလျှော့ချခန့်မှန်းထားတဲ့ အတွက် ကာလရှည် ချေးငွေအတိုး နှုန်းများကို လျှော့ချဖို့ရည်မှန်းပြီး ဒေါ်လာ ဘီလီယံ ၄၀ တစ်လ သက် တမ်းကြာ ဘွန်းစာချုပ် အစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့က အမေရိ ကန် ဗဟိုဘဏ်က  ကြေညာခဲ့ပါ တယ်။ ငွေကြေးမူဝါဒ ဖြေလျှော့ရေး အစီအစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်မဲ့ သဘောလက္ခဏာ ကို ပြသလာပါတယ်။ Source:AFP

Sunday, 9 Sep 2012

ပဉ္စမအကြိမ်မြောက် တောင်အာရှစီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပါကစ္စ တန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပ မှာဖြစ်ပါတယ်။

Sunday, 9 Sep 2012

ပြောင်း၊ ဂျုံနဲ့ ပဲပုပ်ဈေးတွေကြီးမြင့်နေတာကို ထိန်းချုပ်ဖို့ အရေးယူဆောင်ရွက်တာတွေကို အလျင်အမြန် ဆောင်ရွက်ဖို့နဲ့ ၂၀၀၇-၂၀၀၈ ခုနှစ်က စားနပ်ရိက္ခာအကျပ်အတည်းမျိုးထပ်မံဖြစ်ပွားမှာကိုရှောင်ကြဉ်ဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီသုံးခုက အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့  စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှုတွေက လူသန်းပေါင်းများစွာရဲ့ ဘဝနေထိုင်မှုအခက်အခဲကို ပိုမိုဖြစ်ပွားစေလျက်ရှိရာ အထူးသဖြင့် ဆင်းရဲသောနိုင်ငံများအတွက်  ပိုမိုဆိုးဝါးနေကြောင်း ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP)၊ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ အပြည်ပြည်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD) တို့မှ ဦးစီးခေါင်းဆောင်တို့က သတိပေးပါတယ်။

Sunday, 9 Sep 2012

သီရိလင်္ကာနိုင်ငံက ကမ္ဘာ့ဘဏ် ရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)နဲ့ ပူးပေါင်း ပြီး စီးပွားရေးလုပ်ငန်းဖိုရမ်တစ်ခုကို ကျင်းပမှာဖြစ်ကြောင်း၊  အစည်း အဝေးမှာ   အရှေ့တောင်အာရှ မဟာမဲခေါင်ဒေသရှိ အခွင့်အလမ်း များကို   ဆွေးနွေးမှာဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံမှ ကုန်သည်ကြီး များအသင်းက ပြောပါတယ်။

Sunday, 9 Sep 2012

ဆန်ဖရန်စစ္စကို Bing It On  ဆိုတဲ့ လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ  တစ်ဝန်းလုံးမှာ ဆောင်ရွက်ပြီး မက်ကရိုဆော့ရဲ့ Search Enging က ဂူးဂဲထက် သာလွန် ကောင်းမွန်ကြောင်းပြသဖို့ မိုက်ကရိုဆော့က စက်တင်ဘာ ၆ ရက်က စတင် ဆောင်ရွက်ခဲ့ပါတယ်။မိုက်ကရိုဆော့ရဲ့ Search Engines bing.com  ဖြစ်ပါ တယ်။Source.Xinhua

Sunday, 9 Sep 2012

အမေရိကန်ကုမ္ပဏီများစွာက တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းအချို့ကို အာဆီယံ ဒေသတွင်းနိုင်ငံတွေ ကို ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေကြောင်းကို စင်ကာပူရှိ အမေရိကန်ကုန်သည် များအသင်းချုပ် (Amcham Singapore) ရဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားတယ်။

Wednesday, 5 Sep 2012

ပေကျင်း ပြည်တွင်းနဲ့ ပြည်ပ နှစ်ခုစလုံးမှ ဝယ်လိုအား ကျေနပ်စရာကောင်း လောက်အောင် မရရှိတဲ့အတွက် တရုတ်နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း တွေရဲ့ဇန်နဝါရီ-ဇူလိုင်ကာလအတွင်း တိုးတက်မှု အခြေအနေနှေးကွေးေ န ကြောင်း သြဂုတ် ၃၀ ရက်က ထုတ် ပြန်တဲ့ စာရင်းဇယားတွေမှာ တွေ့ရ ပါတယ်။ ဒီကဏ္ဍရဲ့ စုစုပေါင်း စက်မှု ကုန်ထွက်က ယခုနှစ်ပထမ ခုနှစ်လ မှာ ယခင်နှစ်က ၁၈ ဒသမ ၈ ရာခိုင် နှုန်း တိုးတက်ခဲ့ရာမှ ယခုနှစ်မှာ ၁၀ ဒသ မ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ယွမ် ၃ ဒသမ ၁၅ ထရီလီယံ(ဒေါ်လာ ၄၉၇ ဘီလီယံ)သာရှိခဲ့ကြောင်း၊ တရုတ်အမျိုးသားအထည်ချုပ် လုပ် ငန်း ကောင်စီမှ ထုတ်ပြန်ပါတယ်။Source:xinhua

Friday, 31 Aug 2012

ဆိုးလ် Galaxy Note 10.1 ကို စတင် ဖြန့်ချိလိုက်ပြီဖြစ်ကြောင်းစမတ်ဖုန်း ထုတ်လုပ်ရာတွင် ထိပ်ဆုံးနေရာ ကို ရောက်ရှိနေတဲ့ ဆမ်ဆောင်းအီလက် ထရွန်းနစ်ကုမ္ပဏီက ပြောပါတယ်။ ယခုမော်ဒယ်က ၅ ဒသမ ၃ လက်မ Galaxy Note ကို ပြုပြင်ထားတာ ဖြစ်ပါတယ်။ မိုဒယ်နှစ်ခုစလုံးမှာ S pen  ပါရှိပြီး စမတ်ဖုန်းစကရင်ပေါ် မှာ စာရွက်လို စာရေးလို့ရပါတယ်။Sources: yonhap news
ဟိုချီမင်းစီတီ ဗီယက်နမ် အထည်ချုပ်လုပ်ငန်း မှာ ပို့ကုန်နဲ့ အမှာစာကျဆင်းတဲ့အ တွက် ဗီယက်နမ်ဒေါ်လာ ၁၉ ဘီ လီယံရှိမယ်လို့ ခန့်မှန်းထားရာမှ ယခု အခါ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီ ယံသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။    ကမ္ဘာ့စီးပွားရေးကျဆင်းတာနဲ့အဝတ် အထည်သုံးစွဲမှု ကျဆင်းလာတာက ယခုလို ဖြစ်နေတဲ့ အဓိကအကြောင်း ရင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် တွေက ပြောပါတယ်။ Sources: vns
ဘန်ကောက် ဝန်ကြီးချုပ်ရုံးမှ အတည်ပြုပြီး ပါကခရီးသွားလုပ်ငန်း Master Plan   ကို အားသွန်ပြီး အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာနက ပြောပါတယ်။ Master Plan   ကို အတည်ပြုပြီးပါက စီမံ ကိန်း၏ ၂၀ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ဖို့ အသင့်ရှိနေပြီ ဖြစ်ပါ တယ်။Sources: bangkokpost.com
ဆိုးလ် တောင်ကိုရီးယားနဲ့သြစတြေး လျနိုင်ငံတို့က ဆောင်ရွက်နေဆဲ ဖြစ် တဲ့ နှစ်နိုင်ငံ အပြန်အလှန်ကုန် သွယ်ရေး စာချုပ်များစေ့စပ်ညှိနှိုင်းမှု ကိုအမြန်ဆုံးအကောင်အထည် ဖော် ဖို့ သဘောတူခဲ့ ကြောင်းတောင်ကိုရီး ယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်က ပြောပါတယ်။ သြစတြေးလျနိုင်ငံသို့ နှစ်ရက်ကြာ ခရီးသွားလျက်ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ဆမ်ဟွမ် နဲ့ သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး တို့သဘောတူညီမှုရထားခဲ့တာဖြစ် ကြောင်းဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။Sources: yonhap News

Pages