Main menu

Background

Sunday, 19 Feb 2012

ပြည်ဈေးကွက်ကို ယခုဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပဲတီစိမ်း ဝင်ရောက်မှု နည်းသွားခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်ပဲများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်ရက် အိတ် ၃၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးလျှော့ခဲ့ပေမယ့် ယခုတစ်ပတ်မှာ ပဲအဝင်မရှိဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်တင်း ၁၆၀၀၀ ကျပ်ထိ ရန်ကုန် ဝယ်လက်များမှ ဈေးပေးအဝယ်ရှိခဲ့ တာကြောင့် ဈေးမြင့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။                                                ခင်ဆွေဝင်း

Sunday, 19 Feb 2012

    ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၈၂၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၉၈၅ တန်ကျော်နဲ့ လုံးခြမ်း ၈၈ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တင်ပို့မှု တန် ၂၀၀ နီးပါး လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှ မြဝတီနယ် စပ်မှလည်း တင်ပို့နိုင်ခြင်းမရှိပါဘူး။ ယခုအပတ်မြေပြင်ပေါက်ဈေးများ နှစ်ဖက်စလုံးမှာ လျော့နည်းလျက်ရှိပါတယ် -                                 မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                        ယခု        ယခင်      ပြောင်းလဲမှု    %       ယခု     ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း (အညာ)    ၅၇၀၈၁၅    ၅၇၃၉၁၀       ၃၀၉၅       ၀ .၅    ၈၁၀      ၈၃၉         ၂၉          ၃ MIRT (DOBT)

Sunday, 19 Feb 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်FOB   ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါများ အရောင်းအဝယ် အား ကောင်းနေပါတယ်။ တရုတ်ဈေးကွက်ကို တင်ပို့ဖို့အဝယ်ရှိသလို အချို့ကုမ္ပဏီများမှ  quality  သန့်ပြီး အရောင်းခွဲပြီး တရုတ် (တိုင်ပေ)ကို တင်ပို့ဖို့ဝယ်လိုအားရှိနေတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ၊ ခွဲခြမ်းတန်ချိန် စုစုပေါင်း နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 19 Feb 2012

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တန် ၇၃၀၀ ကျော်ထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ ခရမ်း၊ သုံးခွဘက်က အရည်အသွေးကောင်း ပဲတီရွှေဝါတွေကို  ဗီယက်နမ်ဘက်မှ ပတ်ပြီး တရုတ်နိုင်ငံကို တင်ပို့မှုရှိကြောင်း သိရပါတယ်။

Sunday, 19 Feb 2012

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အတွင်း ပဲကြီးစိုက်ဧက ၁၆၀၀၀ ကျော် လျာထားပြီး၊ အမှန်စိုက်ဧကမှာ ဧက ၁၇၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်ခဲ့တာ ကို တွေ့ရပါတယ်။ ယခုဆိုရင် ပဲကြီး အသစ်များ ပြည်ဈေးကွက်ကို စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုနှစ် ပဲကြီးဈေးနှုန်း အဖွင့်ဈေးမှာ ရွှေကျွန်း တစ်တင်း ၁၆၀၀၀ ကျပ်၊ ကမ်းနားတစ် တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးပေးဝယ်ယူ နေကြတာကို တွေ့ရပါတယ်။ ဒေသ တွင်း ပဲကြော်ဖိုသမားများမှလည်း ဝယ် ယူနေကြသလို ရန်ကုန်လိုင်းသမားများ လည်း အဝယ်လိုက်လျက်ရှိတာကြောင့် အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ကြတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း

Sunday, 19 Feb 2012

         မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ  သုည ဒသမ ၂၃၅ သန်း တန်ဖိုးရှိ  ပဲလွန်းဖြူ ၃၄၇ တန်ခန့် တင်ပို့ နိုင်ခဲ့တယ်လို့  သိရပါတယ်။ ယခင် အပတ်ကထက် ၉၃ တန်ခန့် ပိုမိုတင် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေ ပြင်ပေါက်ဈေး အနည်းငယ်ခန့် မြင့် တက်နေပြီး တစ်ဖက်နိုင်ငံဈေးကလည်း     ၃ ဒေါ်လာခန့်သာ ပိုခဲ့ပါတယ်။ နှစ် နိုင်ငံမြေပြင်ပေါက်ဈေးမျာကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -      မိမိဘက် (ကျပ်/ တန်)ယခု           ယခင်     ပြောင်းလဲမှု    %၅၂၄၂၉၆    ၅၂၃၅၅၆     ၇၄၀        ၀ .၁      တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု     ယခင်    ပြောင်းလဲမှု      %၈၈၉    ၈၈၇            ၂         ၀ .၂MIRT(DOBT)

Sunday, 19 Feb 2012

ပြည်ပဲလွန်းဖြူ ဈေးကွက်မှာတော့ ပဲပွဲရုံတွေမှာ အရောင်းအဝယ် သိပ်မ ရှိဘဲ ပဲဈေးမှာ တစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ယခု နှစ်  ပြည်ခရိုင်အတွင်း  ပဲလွန်းဖြူ အထွက်နည်းပြီး ပဲလွန်းဖြူ အထွက်များ တဲ့ မင်းလှ၊ နတ်တလင်း(တာပွန်)ဘက် မှလည်း ရန်ကုန်ကိုသာ တင်ပို့မှုများနေ တာကို  တွေ့ရပါတယ်။ ထို့ကြောင့် ပဲလွန်းဖြူ သီးနှံများမှာ ပြည်ဈေးကွက် ကို အဝင်မရှိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။                       မိမိအေး

Sunday, 19 Feb 2012

ပဲစင်းငုံအသစ်ပေါ်ချိန်မှာ ကယားပြည်နယ်မှ ပဲစင်းငုံ စိုက်ပျိုးသူတောင်သူများ ဝင်ငွေရွှင်လျက်ရှိကြပြီး၊ လွိုင်ကော်မြို့ပေါ်ရှိ အဝတ်အထည်ဆိုင်များ၊ စားကုန်ဆိုင် များနဲ့ တောင်သူသုံးပစ္စည်းဆိုင်များ၊ အရောင်းအဝယ် သွက်နေပါတယ်။ ကယား ပြည်နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ဧက ၃၉၀၀၀ ကျော်ရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧက ၉၉၀၀ ကျော်အများဆုံး စိုက်ပျိုး နိုင်ခဲ့တဲ့အတွက် ၅ နှစ်အတွင်း အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Sunday, 19 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB   ဈေးကွက်မှာ အရောင်း အဝယ် အများဆုံးဖြစ်တာကတော့ ပဲစင်းငုံပဲလို့ဆိုပါတယ်။ အိန္ဒိယပဲခွဲစက်သမား တွေ အဝယ်သွက်နေတာကြောင့် ဝယ်လက်ကြီးတွေက လိုလိုလားလားဝယ်ယူနေ ကြတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ လက်ရှိ အိန္ဒိယအခြေအနေအရ ပဲစင်းငုံအထွက်လျော့ခြင်းနဲ့ လက်ကျန်ပဲနည်းခြင်းတို့ကြောင့် မြန်မာပဲစင်းငုံဈေးက အကျမရှိနိုင်ဘူးလို့လည်းသုံးသပ်ပြောကြားပါတယ်။ 

Sunday, 19 Feb 2012

    ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၆ ရက်- ၁၀ ရက်)အတွင်း တန်ချိန် ၁၂၆၀၀ ကျော်ထိ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲအမျိုးမျိုးအနက် အပတ်စဉ်တင်ပို့မှုမှာ ပဲစင်းငုံ က ပမာဏပိုမိုတင်ပို့မှုရှိကြောင်းလည်း သိရပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ပဲစင်းငုံစုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၆၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။

Pages