Main menu

Background

Monday, 27 Feb 2012

    ဟင်္သာတ ပဲဈေးကွက်ကို ပဲသစ်များ အဝင်လှိုင်လာပြီး တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ခန့် ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲ ဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ပြီး၊ ယခုတစ်ပတ်မှာ ၁၃၅၀၀ ကျပ်နဲ့ ဈေးအေးသွားပေမယ့် ဘုရင့်နောင်ဈေးကွက်ကို ယခင်အပတ်ထက် အိတ် ၅၀၀ ခန့်ပိုပြီး၊ နေ့စဉ်အိတ် ၁၀၀၀ ကျော်တင်ပို့လာနိုင် တယ်လို့ သိရပါတယ်။အေးအေးခိုင်

Monday, 27 Feb 2012

    ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်ဝင်ရာက်မှုမှာ ယခင်တစ်ပတ်ထက် လျော့နည်း သွားခဲ့ပြီး၊တစ်နေ့ကိုပဲအိတ် ၁၄၀ - ၁၅၀ ခန့်သာ မကွေးတိုင်းဒေသကြီး၊ အောင်လံ- ပြည် ကြားရွာများမှ အဝင်ရှိတယ်လို့ သိရပါတယ်။  ပဲအဝင်နည်းခဲ့သလို ပဲဈေးမှာ ယခင်တစ်ပတ်ထက် လျော့နေခဲ့ပြီး၊ ပဲသစ်တစ်တင်းကို ၁၃၂၀၀ ကျပ်၊ ပဲဟောင်း တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

Monday, 27 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ကထက် ထက်ဝက်ခန့်လျော့ပြီး ဖေဖော် ဝါရီ ၁၇-၂၃ ရက်အတွင်း တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ် စာချုပ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်တွေကို မတ်ပဲအသစ်အနည်းငယ်စီ ဝင်ရောက် လာပြီ ဖြစ်ပြီး အိန္ဒိယဝယ်လက်များက မတ်ပဲအသစ် SQ ကို အဝယ်သန်ပေမဲ့ ယခင်နှစ်လက်ကျန် မတ်ပဲဟောင်းကိုတော့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။

Monday, 27 Feb 2012

    ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့ရာမှာယခုသီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၁၃-၁၇)  အတွင်းမှာ တန် ချိန် ၇၂၀၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။

Monday, 20 Feb 2012

ကာလတာရှည်စွာ ဈေးကွက်ပျက်နေရာကနေ ဝယ်လိုအားပြန်တက်လာပြီး ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအားလည်း အကျပ်အတည်းတွေ့တာကြောင့် ရော်ဘာအရောင်းအဝယ်တွေ သိသာထင်ရှားစွာ ပြန်ကောင်းလာကြောင်း စက်မှုကျွမ်းကျင် သူများက ပြောပါတယ်။ တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ Mong Cai  မှာ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်တက်ပြီး တစ်နေ့ကို ပျမ်းမျှတန် (၅၀၀-၆၀၀) ခန့် တင်ပို့နေရကြောင်း   Bainh Long   ကုမ္ပဏီမှ ပြောကြားပါတယ်။

Monday, 20 Feb 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၀၂၀ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက် ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်းတန်ဖိုးရှိRSS-3 ၄၂၄ တန်ကျော်၊ RSS-5  ၂၂၃ တန်၊ MSR-20 ၆၂ တန်ခန့်၊MSR-50 ၁၁၈ တန်ကျော်၊ ရော်ဘာဖြတ်စ ၄ တန်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၀ ဒသမ ၅၉၈ သန်းတန်ဖိုးရှိ RSS-3  ၁၈၉ တန်ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၉၅ တန်ခန့် လျော့နည်းခဲ့ပါတယ်။

Monday, 20 Feb 2012

ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၅၇ တန်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၄၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ စင်ကာပူကို ၄၄၃ တန်နဲ့ မလေးရှားကို ၅၁၄ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၁၀၀၀ ကျော် မှန်မှန်လေးတင်ပို့နေပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့   RSS-5   တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                                    K.Z.W

Monday, 20 Feb 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၃၀၄ သန်းတန်ဖိုးရှိ ကဏန်း ၆၆ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၃၃ တန်သာ အပို့ရှိခဲ့တာမို့ ၅၀ ရာခိုင် နှုန်းနီးပါးတင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့ပေမဲ့ ချင်းရွှေဟော် နယ်စပ်က ယခုအပတ်မှာ ငါးရှဉ့် တန် ၃၀ ကျော် ကန်ဒေါ်လာ သုည ဒသမ ၁၅၂သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် မှ ကဏန်းနဲ့ ချင်းရွှေဟော်မှ ငါးရှဉ့်အပို့ ပိုမိုအောင် ဆောင်ရွက်နိုင်သော်လည်း မူဆယ်မှ ငါးရှဉ့် ၁၁ တန်ကျော်နဲ့ ရေ ငန်ငါးမျိုးစုံ တန် ၁၃၀ နီးပါး ယခင် အပတ်ကထက် လျော့နည်းတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 20 Feb 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ မြန်မာ -အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်တို့မှ ယခုအပတ်မှာ ပရဆေး ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မှုများကို ကြည့်တဲ့အခါ မူဆယ် နယ်စပ်မှ ယခင်အပတ်ကထက် တန် ၅၀၀ ကျော် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၆၈၇ သန်း ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

Monday, 20 Feb 2012

           ဟိုပုံးနနွင်းလည်း ဈေးကွက်ကိုအများကြီး မဝင်လာသေးပါဘူး။ မတ်လလောက်မှသာ အဝင်လှိုင်လာနိုင် ပါတယ်။ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ နနွင်းတွေကိုတော့ဝယ်ယူပြီး အခြောက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ ဒီအချိန်က အစိုဓာတ် လည်းနည်းပြီး ခြောက်သွေ့လာပြီဖြစ်တာကြောင့် လှောင်လက်သမားတွေကတော့ ဝယ်လှောင်ဖို့ အတွက် ပြင်ဆင်နေကြပါပြီ။ ဟိုပုံးနနွင်းက တစ်ပိဿာ ၆၀၀ ကျပ်ဈေးပေါက်ပါတယ်။

Pages