Background
ဈေးမြင့်ပြီး အရောင်းအေးသွားတဲ့ ဟင်္သာတ ပဲလွန်းဖြူ ဟင်္သာတ ဈေးကွက်ရဲ့ ပဲလွန်းဖြူဈေးမှာ ယခင်အပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်ဖြူ ဈေးမှာ ၁၉ဝဝဝ ကျပ်သို့ ဈေးမြင့်လာခဲ့ ပေမဲ့ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုအပတ်အတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် ပစ္စည်းအဝင် နည်းသွားလို့ အရောင်းအေးသွား ခြင်း ဖြစ်ပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲ ဝင်အိတ် ၂၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ အေးအေးခိုင်
ဒေသတွင်းအရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်မြို့ရဲ့ ပဲလွန်းဖြူဈေးမှာ ပဲတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ပြီး ယခုတစ်ပတ်မှာ ပဲလွန်းဖြူ အဝင် နည်းလာခဲ့ပြီး ဈေးလည်းအေးလာတာ ကို တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ပဲ တစ်တင်းကို ၂ဝဝဝဝ ကျပ်သာရှိတယ် လို့ သိရပါတယ်။ မြန်အောင်မြို့မှ ပဲရောင်းသူများက ပြည်ဈေးကွက်ကို လာရောက်ရောင်းကြပါတယ်။ ပဲရောင်း ဝယ်မှုကတော့ ဒေသတွင်း ရောင်းဝယ်မှု သာရှိကြောင်း သိရပါတယ်။ မိမိအေး
ဒီတစ်ပတ် ပဲလွန်းဖြူ၊ နီ တင်ပို့မှုတက်လာ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃ဝ ရက်မှ ဇန်နဝါရီ ၃ ရက်) အတွင်း အခြားပဲအုပ်စုထဲမှာ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူနဲ့ အနီ တန်ချိန် ၃ဝဝ ခန့် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲလွန်းဖြူတန်ချိန် ၅ဝ သာတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် ပြန်လည်တိုး တက်လာ တာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲလွန်းဖြူအသစ်တွေ ဝင်ရောက်မှု ရှိပေမဲ့ အရည်အသွေး နိမ့်ကျမှုကြောင့် အသစ် အနည်းငယ်သာတင်ပို့မှုရှိပြီး အဟောင်းလက်ကျန်တွေ ဆက်လက် တင်ပို့နေခြင်းဖြစ်တယ်လို့ ကုန်သည် များက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ- ၈၇ဝ ဈေးရှိခဲ့ရာက ဇန်နဝါရီလ ၇ ရက်မှာတော့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ နဲ့ SQ တစ် တန်ကို ၈၆ဝ-၈၇ဝ ဈေးကို မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲစင်းငုံနီ အသစ်များ ဈေးကွက်ဝင်ရောက်မှုရှိလာ မန္တလေးဈေးကွက်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး မုံရွာ၊ ရွှေဘို၊ မကွေး၊ ရေနံချောင်းနဲ့ ချောက်ဒေ သများမှ ပဲစင်းငုံနီသစ်များ စတင်ဝင် ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအသစ်ရောအဟောင်းပါ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာကို (အဟောင်း) ၇၃၃-၇၆၇ ကျပ်၊ (အသစ်) ၈၁၇-၈၅ဝ ကျပ်နဲ့ ရန်ကုန် ဝယ်လက်ရော ခွဲစက်လုပ်ငန်းရှင်များ ပါ အဝယ်ရှိ တယ်လို့ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ်မန္တလေးဈေးကွက် ပဲစင်းငုံ(နီ) ဈေး ကွက်ကို လေ့လာကြည့်ရင် ဧပြီ-မေ လ များမှာ တစ်ပိဿာဈေးအမြင့်ဆုံး ၁၈ဝဝ ကျပ်၊ အနိမ့်ဆုံး ၁၅၃၃ ကျပ်တို့နဲ့ ဈေးဖွင့်ခဲ့တာကိုတွေ့ရပြီး ဇူလိုင်-သြ ဂုတ်လများမှာ အမြင့်ဆုံး ၁၄၁၇ ကျပ်၊ အနိမ့်ဆုံး ၁ဝဝဝ ကျပ်၊ စက်တင်ဘာ-အောက်တိုဘာလမှာ ၁ဝ၄၇-၈ဝဝ ကျပ်ထိ တဖြည်းဖြည်း ဈေးနိမ့်လာခဲ့တာကို တွေ့ရပါတယ်။ နှစ်ပိတ် နိုဝင်ဘာ၊ ဒီဇင်ဘာ မှာတော့ ၇၆၇-၆ဝဝ ကျပ်နဲ့ တစ်နှစ်လုံးအနိမ့်ဆုံးဈေးကို ရောက်လာတာ တွေ့ရပါတယ်။ တိုင်းတွင်း ပဲစင်းငုံ ထွက်ရှိရာဒေသတစ်ခုဖြစ်တဲ့ မြင်းခြံကိုလည်း ပဲစင်းငုံနီအသစ်များ စတင်ဝင် ရောက်နေပြီဖြစ်သော်လည်း မန္တလေး ဈေးကွက်ကို စီးဆင်းမှုမရှိဘဲ ရန်ကုန် ကုမ္ပဏီဝယ်လက်မှ တစ်ပိဿာ ၈ဝဝ- ၈၇၅ ကျပ်နဲ့ အဝယ်ရှိကြောင်း သိရပါတယ်။ သက်သက်နိုင်
နှစ်သစ်မှာ ဈေးရလာတဲ့ ပြည်ပဲစင်းငုံ ၂ဝ၁ဝ ပြည့်နှစ် တစ်နှစ်လုံး ပြည်ဈေးကွက်မှ ရန်ကုန်သို့ ပဲစင်းငုံ အိတ် ၁၉၈၉ဝ၊ မန္တလေးတိုင်းကို အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်နှစ်လုံးအနေဖြင့် အခြားတိုင်းမှ အိတ် ၃၁ဝဝ သာ အဝင်ရှိခဲ့သော်လည်း ယခု ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နှစ်စပိုင်းမှာတော့ မကွေး၊ ကံမ၊ ကျောက်ပန်းတောင်း နဲ့ မိတ္ထီလာမြို့နယ်များမှ အိတ် ၃၂၅ဝ အဝင်ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်များ အဝင်များလာသလို ဈေးမြင့်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ပဲများများပေါ်တဲ့အချိန်က တစ်နေ့ကို အိတ် ၆ဝဝ ခန့်အရောင်း အဝယ်ဖြစ်သော်လည်း လက်ရှိအချိန်က ပဲပေါ်စပြုနေတဲ့ အချိန်ဖြစ်တဲ့အတွက် အိတ် ၁၅ဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
သုံးရက်အတွင်း ပဲစင်းငုံ တန် ၂ဝဝဝ တင် ယခုတစ်ပတ်အတွင်း ပိတ်ရက်များတဲ့အတွက် ပဲတင်ပို့မှုအနေနဲ့ ၃ ရက်သာ တင်ပို့မှုရှိလို့ ပဲစင်းငုံတန် ၂ဝဝဝ သာတင်ပို့မှုရှိခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အေးအေးလေးသွားနေခဲ့ရာမှ ၂ဝ၁ဝ နှစ်ကုန်ပိုင်း၊ ယခုနှစ်ဆန်းပိုင်းမှာတော့ တင်ပို့မှုသွက်လာတာတွေ့ရပါတယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးနဲ့ အဝယ်စိပ်လာခဲ့တဲ့အတွက် ဈေးကွက်တွေမှာ အရောင်းအဝယ် များလာသလို ဈေးနှုန်းလည်း ထောင် တက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၇-၁-၁၁ ၆၉ဝ-၇ဝဝ ၆၃ဝ-၆၄ဝ ၃၁-၁၂-၁ဝ ၆၅ဝ-၆၆ဝ ၅၉ဝ-၆ဝဝ MIRT(MAPT)
လက်လီအဝယ်ကြောင့် မတ်ပဲဈေးလည်းမြင့်တက် အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်ရော လက်လီဈေးကွက်များမှာပါ မတ်ပဲတစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၉၉) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်လီဝယ်လိုအားတက်လာတာကြောင့် လက်လီရော လက်ကားပါ ဈေးတက်လာတာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ ပိတ်ရက်အပြီး ဈေးကွက်တွေမှာ ပဲအဝင်မရှိတာကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေလီဈေးကွက်မှာ မတ်ပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၄၇ဝဝဝ-၅၁ဝဝဝ (ကန်ဒေါ်လာ ၁ဝ၃၄- ၁၁၂၂) နဲ့ အရည်အသွေး ကောင်း မတ်ပဲခွဲခြမ်း တစ်တန်ကို ရူပီး ၅၂ဝဝဝ-၅၅ဝဝဝ (ကန်ဒေါ်လာ ၁၁၄၄-၁၂၁ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource:TPI
ပြည်မတ်ပဲအရောင်းအဝယ်အေး ပြည်မြို့ရဲ့ ပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းမှာ ဒီဇင်ဘာနောက်ဆုံး ပတ်က ပဲတစ်တင်း ၂၁ဝဝဝ ကျပ်ဈေးနဲ့ ယခုဇန်နဝါရီလ ပထမပတ်မှာ ပဲတစ်တင်းကို ၂၁၂ဝဝ ကျပ်ကို အနည်းငယ်သာ တိုးလာပါတယ်။ မြို့တွင်းပဲ ကုန်သည်များက ဈေးအေးနေပြီး ပဲသစ်ပေါ်ကာနီးလို့ ပဲလက်ကျန်ကို ထုတ် ရောင်းကြတာကြောင့် တစ်နေ့ကို ပဲအိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ အဝယ်အေးနေတဲ့ မတ်ပဲကို အခြားတိုင်းမှလည်း အဝင်မရှိဘဲ တိုင်း တွင်းမှ ရန်ကုန်သို့ တစ်နေ့ကို ပဲအိတ် ၁၆ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပုံမှန်တင်ပို့နေတဲ့ မတ်ပဲ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃ဝ ရက်မှ ဇန်နဝါရီလ ၃ ရက်) အတွင်း ပိတ်ရက်များရှိပေမဲ့ မတ်ပဲတင်ပို့မှုကတော့ တန်ချိန် ၈ဝဝဝ နဲ့ ပုံမှန်ရှိနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များ အဝယ်ရှိလို့ အရောင်း အဝယ်သွက်နေသလို ဈေးလည်းသိသိသာသာမြင့်တက်လာနေ တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယက တင်ဒါခေါ်ယူထားလို့ လာမယ့်သီတင်းပတ် တွေမှာလည်း တင်ပို့မှု ဆက်လက် အားကောင်းမယ်လို့ ခန့်မှန်းရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၇-၁-၁၁ ၈၁ဝ-၈၂ဝ ၁ဝဝဝ-၁ဝ၁ဝ ၃၁-၁၂-၁ဝ ၇၉ဝ-၈ဝဝ ၉၉ဝ-၁ဝဝဝ MIRT(MAPT)
ဈေးအတက်အကျ ကြမ်းတဲ့ ကြက်သွန်နီကို အခြားသီးနံှတွေလို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်လုပ်ရောင်းချမှု မှန်ကန်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာထုတ်လုပ်ပြီး၊ ပြည်တွင်းဈေးကွက်မှာပဲ အဓိက စားသုံးတဲ့ သီးနံှတွေ အများကြီး ရှိပါတယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ အာလူး၊ ကြက်သွန်နီဈေးနှုန်းဟာ ဖြစ်သင့်တဲ့ဈေးနှုန်းအတိုင်း တည်ငြိမ်နေရာကနေလှောင်လက်အချို့ရဲ့ ဈေးကစားမှုကြောင့် ဈေးတက်ခဲ့တာမျိုးတွေ တွေ့နေရပါတယ်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ ကြက်သွန်နီလောကသားမဟုတ်တဲ့ အခြား ကုန်သည်တွေဝင်ရောက်ဈေးကစားလို့ ရက်ပိုင်း အတွင်း အဆမတန်ဈေးတက်ခဲ့ပြီး အားလုံးခံစားရတာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီတော့-စားသုံးသူပြည်သူတွေမှာ ကြက်သွန်နီဈေးကြီးဝယ်စားရ၊ တောင်သူပွဲစား၊ ကုန်သည်တွေ ရှုံးတစ် ခါ မြတ်တစ်လှည့်ဖြစ်ကြ၊ ဈေးကောင်း လို့တောင်သူတွေ တိုးစိုက်လိုက်၊ အထွက် များလို့ ဈေးကျလိုက်၊ ဈေးကျလို့ဧက လျော့တော့ အထွက်နည်းလို့ ဈေးပြန်တက်လိုက်၊ ဈေးမတည်ငြိမ်တာကြောင့် မြေယာသစ်မှာ တိုးခဲျ့စိုက်ကုမ္ပဏီတွေ ပြည်ပမတင်ပို့နိုင်တော့ နိုင်ငံတော်အ တွက် ပြည်ပဝင်ငွေလျှော့နည်းသွားနဲ့ သံသရာလည်နေတာပဲ။ ဈေးကစားလို့ အကျိုးအမြတ်ရတဲ့ ကုန်သည်အချို့ဟာ အနည်းစုပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကုန်သည် အချို့က အမြတ်ရဖို့နည်းမျိုးစုံ နဲ့ဈေးကစားကြပါတယ်။ လေရောင်း၊ လေဝယ်ဈေးကစားခြင်း၊ ပစ္စည်းအနည်း ငယ်ကို ဈေးကြီးပေး ဝယ်ဈေး ဆွပေးပြီး ဈေးတက်ချိန်မှာ ပစ္စည်းအများအပြား ထုတ်ရောင်းခြင်း၊ လှောင်၍ဈေးကစား ခြင်း၊ စတဲ့အထဲက အခု တလောဂျာနယ်တွေတစ်ဆင့် ကြက်သွန်နီဈေးတက်နေကြောင်း ဆက်လက်ဈေးတက်မယ်လို့ ခန့်မှန်းကြောင်း ဖော်ပြနေတာ တွေဟာ ဈေးကစားခြင်းတစ်ခုပဲ မဟုတ်ပါလား။ အဓိကကျတဲ့စိုက်ပျိုးထုတ်လုပ်မှု ပုံမှန်တိုးတက်နေအောင်လုပ်ပြီး ပြည် တွင်းဖူလုံအောင်၊ ဈေးမတက်အောင် ထုတ်လုပ်သူ တောင်သူ၊ ကုန်သည်၊ စားသုံးသူမျှတတဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် အောင်ကြိုးစားကြဖို့လိုပါတယ်။ ထုတ် လုပ်မှုတိုးတက်လို့ပြည်တွင်းဖူလုံပြီး ပိုလံျှရင် ပြည်ပဈေးကွက်ကိုပုံမှန်ချိတ် ဆက်ရောင်းနိုင်အောင် ကြိုးစားရမှာဖြစ် ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးထုတ်လုပ် ရောင်းချတဲ့လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိအောင်လုပ်နိုင်ဖို့ အချိန်အခါရောက် ပါပြီ၊ လူတစ်စုကြောင့် စိုက်တာတိုးလျော့ဖြစ်လိုက်၊ ပြည်ပအရောင်းအဝယ် ဖြစ်လိုက်၊ မဖြစ်လိုက် သံသရာက လွတ်ချိန်တန်ပါပြီ။ အဲဒီလိုပါဘဲ ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့အခါ အများပြည် သူထိခိုက် အောင်လုပ်တဲ့ ဈေးကစားတဲ့ ကုန်သည် အချို့ကို ဖော်ထုတ်ပြီးဘယ်လိုလုပ်မလဲ။ စည်းရုံးသိမ်းသွင်းမလား။ ဆိုင်ရာက ဖော်ထုတ် အရေးယူတာ ကောင်းသလား စဉ်းစားစရာဖြစ်ပါတယ်။ အရေးယူတာ ထက် အသိတရားရှိအောင် စည်းရုံးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ တောင်သူ၊ ကုန်သည်နဲ့ Exporter တို့ လက်တွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ဆန်စပါးအထူးပြုကုမ္ပဏီ၊ ပဲအထူး ပြုကုမ္ပဏီတွေလို ကြက်သွန်နီအထူးပြု ကုမ္ပဏီကို တောင်သူကြီးများ၊ ကုန်သည်များ၊ Export ကုမ္ပဏီများပူးပေါင်းအ ကောင်အထည်ဖော်နိုင်အောင် တူယှဉ် တွဲလို့ စည်းရုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ။ T60