Main menu

Background

Monday, 25 Feb 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေး ကွက် အတွင်းကို ဖေဖော်ဝါရီ တတိယ ပတ်မှာ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ သစ် များ ဆက်တိုက်ဝင်ရောက်လာသလို ပဲကြီးအသစ်များလည်း ဝင်ရောက်လာ ပြီ ဖြစ်ပါတယ်။ ပန်းတောင်း၊ ဝက်ထီး ကန် မြို့နယ်များမှ မတ်ပဲသီးနှံသစ်များ တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကျော် အထိ ဝင်ရောက်သလို ရန်ကုန် ဝယ် လက်များမှလည်း ဝယ်ယူလျက်ရှိခဲ့တာ ကြောင့် ယခုတစ်ပတ်မတ်ပဲဈေးမှာ တစ်တင်း ၁၄၈၀၀ ကျပ်ထိ ဈေး မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ ဈေးမှာ တစ်တင်း ၁၃၇၀၀ ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အတွက် ယခု တစ်ပတ် တစ်တင်း ၁၀၀၀ ကျပ်ခန့် မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။

Monday, 25 Feb 2013

ဖေဖော်ဝါရီလ တတိယပတ် မုံရွာကုန်စည်ဒိုင်ပဲဈေး ကွက်မှာ ယခင်နှစ်တွေက ကာလတူပေါက်ဈေးထက် ပဲ အသီးသီးဈေးနိမ့်ခဲ့ပြီး၊ Export ဈေးကွက်မျှော်လင့်ချက်နဲ့သာ အရောင်းအဝယ်ဆက်လက်ရှင်သန်နေခဲ့ တာ တွေ့ရပါတယ်။ အထူးသဖြင့် ကုလားပဲဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ ရက်တွေက ထက် ဈေးအနည်းငယ်ပိုခဲ့ပြီး၊ V2 တစ်တင်း ၁၇၃၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၆၁၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၇၀၀၀ ကျပ် အသီးသီးဈေး ရခဲ့ပေမယ့် နထစသမအ ဝယ်လက်မဆွဲဘဲ ဒေသတွင်း ခွဲစက် လှောင်လက်နဲ့ ပဲလက်လီအဝယ်သာ ရှိခဲ့လို့ ဒီတစ်ပတ် အတွင်း တစ်ရက်ကို ကုလားပဲမျိုးစုံ အိတ် ၂၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်နဲ့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။

Monday, 25 Feb 2013

ဇန်နဝါရီလ ပထမပတ်မှစပြီး ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များစတင်ဝင်ရောက်လာပြီဖြစ်ပါ တယ်။ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ ဇန်နဝါရီလပထမပတ်မှာ မန်ကျည်း မှည့်အခွံမပါ၊ အစေ့မပါတစ်ပိဿာကို ၂၃၀၀ ကျပ်နှုန်းနဲ့ ဈေး ကောင်းခဲ့ပြီး၊ ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ မန်ကျည်း မှည့်များ လှိုင်လှိုင်ဝင်လာချိန် မှာတော့ အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဈေးအထိသာရှိ တော့ကြောင်း သိရပါတယ်။ မန်ကျည်းမှည့်များကို ကုန်သည် များမှ ကျေးရွာများအရောက်တိုက်ရိုက်ဆင်းပြီး ဝယ်ယူကြရာ ပေါ်စအချိန်က တစ်ပိဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်အထိရှိ ခဲ့ပြီး၊ ယခုအချိန်မှာတော့ အပင်ပိုင်ရှင်များအနေနဲ့ တစ် ပိဿာ ၅၀၀ ကျပ်ဈေးခန့်သာ ရရှိပါတယ်။ တစ်နှစ်စာ လှောင်လိုသူများအနေနဲ့ မန်ကျည်းမှည့်များမှာ အနည်းငယ် အစိုဓာတ်ရှိသေး တာကြောင့် ဝယ်ယူမှုမရှိသေးဘဲ အရောင်း အဝယ်အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်

Monday, 25 Feb 2013

နွားထိုးကြီးမြို့နယ်တွင်မန်ကျည်းသီးမှည့် လှိုင်လှိုင်ပေါ်စ ပြုနေ၍ မန်ကျည်းသီး ရိုက်ပုတ်လုပ်ငန်းများ စတင်လျက်ရှိ ကြောင်း သိရသည်။

Monday, 25 Feb 2013

ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်နေ့တာကာလအတွင်း မန်ကျည်း ၆၀၆ တန် ကို ပင်လယ်ရေကြောင်းလမ်းမှတင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ်မှာပါကစ္စတန်နိုင်ငံကို တန်ချိန် ၅၅၀ နဲ့ မလေးရှားကို ၅၆ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အများ ဆုံးတင်ပို့နိုင်ခဲ့တဲ့နိုင်ငံက ဖောက်သည် ပါကစ္စတန်နိုင်ငံပဲ ဖြစ် ပါတယ်။ ယခင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်ဆယ် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၃၇၂ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီသီ တင်းပတ်မန်ကျည်းတင်ပို့မှုမှကန်ဒေါ်လာ နှစ်သိန်းနှစ်သောင်း ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။                                 MIRT (DOT)

Monday, 25 Feb 2013

နနွင်းကတော့ ပြည်ပ ဝယ်လိုအား ရှိတာကြောင့် အရောင်းအဝယ်ကောင်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျန်နေတဲ့ နနွင်းတွေလည်း ရောင်းနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဝင်ကတော့သိပ်မရှိပါ ဘူး။ အောင်ပန်းဈေး ကွက်မှာ တော့ ဆင်တောင်နနွင်းကနည်းနည်း၊ တောင်ပို့လနနွင်းက လည်း နည်းနည်းနဲ့လက်လီခန့်သာ အဝင်ရှိနေပါတယ်။ လော လောဆယ်တော့ ရန်ကုန်ဝယ်လက်တွေသာ အဝယ်ရှိနေပြီး စစ်တွေဝယ်လက်တွေ ကတော့ ခေတ္တရပ်နေကြတယ်လို့ သိရ ပါတယ်။

Monday, 25 Feb 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်းမှာ နနွင်း ၃၅ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဖောက်သည် ပါကစ္စတန်နိုင်ငံနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ယခင်တစ်ပတ်နနွင်းတင် ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်တစ်ရာ့သုံးဆယ်လျော့နည်းခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော် ဝါရီ ဒုတိယပတ်အတွင်း နနွင်း တင်ပို့မှုပျောက်ခဲ့တာကြောင့် ယခုနှစ်မှာ နနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ပြောရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော် ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 25 Feb 2013

ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက် ကချင်းအစို (၁၁၀၂၅)ကီလိုဂရမ် (၁၁ ဒသမ ၀၂၅ တန်)ကို တစ်ဖက်နိုင်ငံ ဇိုခေါ ဒါရ်သို့ စတင်တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းအစိုများကို တစ်ဖက်နိုင်ငံရှိ ဇိုခေါဒါရ်မှ  တစ်ဆင့် ကျန်ဖိုင်း၊ ကျန်ဖိုင်းမှတစ်ဆင့် အိုက်ဇော၊ အိုက်ဇောမှတစ်ဆင့် ဆီးလ်ကျာရ် မြို့ (ထရီပူရပြည်နယ်၏မြို့တော်) ထိ ဖြန့်ဖြူးရောင်းချကြတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့တွင် ချင်းအစိုများကို တစ်ဖက်နိုင်ငံ အိုက်ဇောမှ ဝယ်ယူခြင်းမရှိခဲ့သဖြင့် တင်ပို့ရောင်းချခြင်းမပြုလုပ်နိုင်ခဲ့ဘဲ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လမှသာစတင်၍ တစ်ဖက်နိုင်ငံအိုက်ဇောမှ အဝယ်ရှိလာတာဖြစ်ပါတယ်။

Monday, 25 Feb 2013

ပြည်ပဝယ်လိုအားမရှိသေးတဲ့ ရှမ်းချင်းက ယခုလောလောဆယ်မှာ ပြည်တွင်း သုံးအတွက် ဝယ်ယူမှုရှိနေပြီး၊ အခက်ကြီး၊ အခက်လှတာတွေများနေတာကြောင့် ဈေးကောင်းရနေတယ်လို့သိရပါတယ်။ ပွင့်လင်းရာသီ ရောက် လာပြီး၊ အလှူအတန်း တွေပြုလုပ်လာတာကြောင့်   အလှူတွေမှာ ဧည့်ခံဖို့အတွက် ချင်းထိုးသမားတွေက ဝယ်ယူနေကြပါတယ်။ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မုံရွာစတဲ့မြို့ကြီးတွေက ဈေးပတ်သမားတွေက အဝယ်ရှိနေပေမဲ့ ဒီနှစ် ချင်းရောင်းရတဲ့နှုန်းကတော့ မနှစ်ကထက် လျော့နေတယ်လို့သိရပါတယ်။ အောင်ပန်းေ ဈးကွက်မှာ ဈေးဖိတ်နေ့ ဆိုရင် အဝင်များပြီး၊ ပိဿာချိန် ၆၀၀၀ ခန့်ဝင်ပါတယ်။ ဈေးခြားရက်တွေမှာတော့ ပိဿာချိန် ၂၅၀၀-၃၀၀၀ ခန့်သာ အဝင်ရှိပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကလည်းအမျိုးမျိုးရှိပါတယ်။ အညံ့စချင်းေ တွကတော့ တစ်ပိဿာ ၂၀၀ ကျပ်၊ အလတ်စက ၂၈၀ ကျပ်၊ ၃၀၀ ကျပ်နဲ့ ထိပ်စလို့ခေါ်တဲ့ အခက်ကြီး၊ အခက်လှတွေ ကတော့ ၃၅၀ ကျပ်ဈေးရှိပါတယ်။

Monday, 25 Feb 2013

ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမိုဝင်ရောက်လာ ပါတယ်။ အဝင်များပေမယ့် ဈေးနှုန်းမှာ ယခင်အပတ်တိုင်း ချင်း(ရှယ်)တစ်ပိဿာ ၆၀၀ ကျပ်၊ (ဂျွန်)တစ်ပိဿာကို ၅၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၆၀၀ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရပါတယ်။ ဈေးကွက်မှ တစ်ဆင့် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှု အဖြစ် တစ်နေ့ကို ၁၅ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Pages