Main menu

Background

Monday, 4 Feb 2013

ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ UAE စတဲ့နိုင်ငံတွေက နနွင်းကိုပြန်ပြီး ဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေပါတယ်။ နနွင်းအသစ်တွေကလည်း မဝင်သေးတာ ကြောင့် လက်ကျန်အဟောင်းတွေကို ရောင်းနေပေမယ့် ၂ နှစ်၊ ၃ နှစ်ဆက်တိုက်အရောင်းပါးခဲ့တာကြောင့် လက်ကျန်တွေကတော့ ကုန်ချိန် ၂၀၀၀၀၊ ၃၀၀၀၀ ခန့်ကျန်နေသေး တယ်လို့ သိရပါတယ်။ ယခုလောလောဆယ် မှာတော့ ပင်လောင်းနနွင်းသာ အများဆုံးအရောင်းအဝယ်ဖြစ်နေ ပါတယ်။ တောင်ပို့လတို့ ပင်းတယနနွင်းတို့ကတော့ ဝယ်သူတွေက လိုချင်ပေမယ့် ခြံရှင်တွေ၊ ကုန်သည်တွေ က ဈေးမကိုက်လို့ မရောင်းကြ သေးဘူး လို့လည်း သိရပါတယ်။ ဝယ်လက်တွေ ဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ များများစုပြီးမှသာ တင်ကြပါတယ်။ (၁/၂၀၁၃)လ တစ်လအတွင်း နနွင်းတန်ချိန် ၄၇ တန် ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်း ပေါက်ဈေးက ပင်လောင်းနနွင်း ဆိုရင် ၅၀၀ ကျပ် - ၆၀၀ ကျပ်၊ တောင်ပို့လ နနွင်း ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၂၀၀ ကျပ် ၁၃၀၀ ကျပ်ဈေးရှိပါတယ်။    ဧဧခိုင် - တောင်ကြီး

Monday, 4 Feb 2013

ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၂၀ မှ ၂၆ ရက်အတွင်း နနွင်း ၃၂၄ ဒသမ ၀၄ တန်ကို ပြည်ပနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ နနွင်းက ဒီဇင်ဘာနောက် ဆုံးပတ်မှစပြီး တစ်ပတ်ထက် တစ်ပတ် နနွင်းပို့အားကောင်းလာတယ်လို့ သိရပါ တယ်။ ပထမတစ်ပတ်အတွင်း နနွင်းပို့တန်ချိန်က တစ်ရာကျော်၊ နောက်နှစ်ရာကျော်၊ ဒီသီတင်းပတ်သုံးရာေ ကျာ်ဖြင့် တစ်စ တစ်စနနွင်းပို့အားကောင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံများမှာပါကစ္စတန်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ တို့ဖြစ်ပြီး ၁၅၉ ဒသမ ၅၄ တန်ရှိခဲ့ပါတယ်။ အိန္ဒိယကို ၈၉ ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံကို ၇၅ တန်တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းခုနှစ်သောင်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။  MIRT (DOT)

Monday, 4 Feb 2013

ရှမ်းချင်းတွေလည်း အလားအလာကောင်းနေပါတယ်။ ပြည်ပဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးကလည်း တက်နေပါတယ်။ ချင်း(စို)ဈေးကောင်းရလို့ ချင်းခြောက်တောင် သိပ်မလုပ်ကြတော့တာကြောင့် ချင်းခြောက်ကလည်း အထိုက် အလျောက်ဈေးတက်လာပါတယ်။ပြည်ပတင်ပို့ဖို့အတွက် စစ်တွေလိုင်းရယ်၊ သင်္ဘော လိုင်း ရယ် ဆိုပြီး၊ နှစ်လိုင်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကလော၊ ပင်းတယ၊ အောင်ပန်း၊ နန်းတိုင်း စတဲ့နယ်တွေက ထွက် တဲ့ ချင်း(စို)တွေကတော့ အောင်ပန်း ဈေးကွက်ကို အလုံးအရင်းလိုက်ဝင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် တစ်သောင်း ခန့်အဝင်ရှိနေသလို အထွက်လည်း တစ်ရက်ကို ပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀ ခန့်လည်း ပြန်ရောင်း ထွက်နေတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်နဲ့ ပြည်တွင်း သုံးဈေးပတ်သမားတွေပါ အဝယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ချင်း(စို)က တစ် ပိဿာကို ၃၀၀ ကျပ်မှ ၃၈၀ ကျပ်ဈေးရှိပါတယ်။

Monday, 4 Feb 2013

ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် အဝင်များ ပြီး၊ ဈေးနှုန်းများပုံမှန်ဖြစ်နေပါတယ်။ အရောင်းအဝယ် အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ ပိဿာချိန် ၅၀၀ ခန့်ရှိပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် တင်ပိ့ုမှုရှိနေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Monday, 4 Feb 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်းချင်း ၁၁၂ ဒသမ ၆၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ တန်ချိန်က တစ်ရာ့လေးဆယ်နီး ပါးရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ချင်းတင်ပို့မှုက နှစ်ဆယ့်ခြောက်တန်အလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ ချင်းတင်ပို့မှုမရှိခဲ့တာကြောင့် ဒီနှစ်မှာ ချင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ယခု သီတင်းပတ်အတွင်း ချင်းတင်ပို့မှုမှရခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ သုံးသောင်းကျော် ရှိခဲ့ပါတယ်။                                                                 MIRT (DOT)

Monday, 4 Feb 2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ ၂၀၁၂-၂၀၁၃ ဆောင်းသီးနှံမြေထောက်ပဲ စိုက်ပျိုးရန် လျာထားဧက ၉၈၁ မှ စိုက်ပျိုးဧက ၁၈၈၈ စိုက်ပျိုးခဲ့လို့ လျာထားချက်အပေါ် ၁၉၂ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ မြေ ထောက်ပဲစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက်အရ ကလေးမြို့ရဲ့ အဓိကမြစ် ၂ စင်းဖြစ်တဲ့ မြစ်သာမြစ် နဲ့ နေရဉ္စရာမြစ်ဆုံရာနေရာရှိ သဲသောင်တွေမှာ မြေ ဆီ မြေနှစ်၊ မြေသြဇာ အလွန်ကောင်းတာကြောင့် တစ်ဧကကို မြေထောက်ပဲ ၂၅ တင်းလောက်ထွက်နိုင်ကြောင်း၊ ဖေဖော်ဝါရီလဆန်း ၁၀ ရက်လောက်အတွင်း သူရဲ့ ပဲခင်းကို ရိတ်သိမ်းမှာဖြစ်ကြောင်းပြောပါတယ်။ ယခုလက်ရှိကတော့ ပဲဈေးကွက်ကို ကျေးရွာများမှ တစ်ရက် ကို မြေထောက်ပဲ တင်း ၁၅၀-၂၀၀ ခန့်ဝင်ရောက်ပြီး၊ ဇန်နဝါရီ ၃၀ ရက်နေ့ပေါက်ဈေးမှာ တစ်တင်းကို ၂၁၀၀၀ ကျပ်ရှိပြီး၊ မုံရွာ ကုန်စည်ဒိုင်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ပေါက်ဈေးတစ်တင်း ၂၃၅၀၀ ကျပ် ဖြစ် ကြောင်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။         သန်းသန်းတင်-ကလေး

Monday, 4 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၄၆၅ သန်းဖိုးရှိ ပဲတီစိမ်း လုံးပြည့် တန် ၅၆၀ နီးပါးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၆ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် မူဆယ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၀၃ တန်ကျော်ကိုလည်း တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်သစ် ကူးကာလနီးကပ်လာပြီး ကြိုတင်စုဆောင်းကြတဲ့အတွက် စားသောက်ကုန် ပစ္စည်း တွေကို ယခုလိုပိုမိုတင်ပု့ိနိုင်တာပါ။ ပြီးခဲ့တဲ့အပတ်က မူဆယ်နဲ့ စစ်တွေက ပဲတီစိမ်း လုံးပြည့်တန် ၅၂၀ ပို့ခဲ့တာမို့ ယခုအပတ် ၄၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ လ တစ်လလုံးအနေနဲ့ ပဲတီစိမ်းလုံးပြည့် ၂၆၆၃ တန်ကျော်နဲ့ လုံးခြမ်း ၅၇၁ တန် ကျော်ကို ကန်ဒေါ်လာ ၂ ဒသမ ၈၇၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။ယခုအပတ်ရဲ့ မူဆယ်-ရွှေလီ နှစ်ဖက်မြေပြင်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ်-

Monday, 4 Feb 2013

ရှမ်းပြည်နယ်တောင်ပိုင်း အောင် ပန်း ကုန်စည်ဒိုင်မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း  ပြည်တွင်း ဝယ် လက်များခဲ့တာကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ အဓိကထွက်ကုန် ၈ မျိုးမှ ကုန်စည်ပိဿာချိန် ၄၉ သိန်းကျော် ၈၁၅၂ တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 4 Feb 2013

မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက် ပိုင်များရဲ့ကထိန်တော်အသင်း၊ မန္တလေး ကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများ အများဆုံးဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချတဲ့ ပဲများမှာ ပဲစင်းငုံ၊ ပဲတီစိမ်း နဲ့ ကုလားပဲများ အဓိကဖြစ်ပါတယ်။ ၎င်း ပဲ ၃ မျိုးအနက် အများဆုံး ဝယ်ယူ သိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့ ပဲက ပဲစင်းငုံဖြစ် ပြီး၊ နှစ်စဉ်ပျမ်းမျှ တန်ချိန် နှစ်သိန်းကျော်ဖြစ်ပါတယ်။ ယင်း ပဲစင်း ငုံများကို နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ် သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်း စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။

Monday, 4 Feb 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲကြီးဈေးသာ အနည်းငယ် မြင့်ခဲ့ပြီး၊ အခြားပဲများကေ တာ့ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကာ ကုလားပဲသီးနှံဈေးလျော့ သွားခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲ သစ်များ ဈေးကွက်ကို စတင်ဝင် ရောက်လာပေမယ့် အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်ခဲ့တဲ့ အတွက် ပဲဟောင်း များနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါ တယ်။  ရန်ကုန်ဝယ်လက်မှ နေ့တိုင်းအဝယ်မရှိဘဲ အိတ် ၂၀၀ ကျော် တစ်ခါတစ်ရံအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲ တစ်တင်း ၁၃၆၀၀ ကျပ်နဲ့သာ အဝယ် ရှိခဲ့ပါတယ်။

Pages