Main menu

Background

Tuesday, 12 Oct 2010

 ဒုတိယအကြိမ်စိုက်မယ့် ဖရဲ၊ သခွား      ဒုတိယအကြိမ် ဖရဲ၊ သခွားစိုက်ရာသီဖြစ်တဲ့အတွက် မန္တလေး တိုင်းဒေသကြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနဲ့ အောက်တိုဘာ ၁ ရက်တွင် ဖရဲ၊ သခွားစိုက်တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။     အဆိုပါဆွေးနွေးပွဲမှ စီမံကိန်းသီးနံှစိုက်ပျိုးတဲ့ လယ်မြေတွင် စိုက်ပျိုးခြင်းမပြုရန်၊ စီမံကိန်းသီးနံှစိုက်ပျိုးပြီးတဲ့ ယာမြေတွင် စိုက်ပျိုးရန်၊ ဆည်ရေကို သုံးစွဲခြင်းမပြုရန် မြစ်ချောင်း၊ မြေအောက် ရေကိုသာ သုံးစွဲစိုက်ပျိုးရန်၊ မြေလွတ်မြေရိုင်းတွင် ပလပ်ထားတဲ့မြေများ ဥယျာဉ်ခြံမြေများတွင် စိုက်ပိုျးသွားရန်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း စိုက်ပျိုးကြဖို့ အသင်းဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ ဆွေးနွေးမှာကြားသွားကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ရရှိ မည့်ကာလကို မျှော်မှန်းပြီး အကျိုး အမြတ်ရရှိရေးအတွက် ရာသီ အမီ စိုက်ပျိုးသွားရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူအသင်း အနေဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်စီးပွားရေး တိုးတက်ရန် အတွက် မှန်ကန်တဲ့ရောင်းဝယ်မှုစနစ်ကို ကျင့်သုံးစိုက်ပျိုးကြဖို့ ဆွေး နွေးကြတယ်လို့ သိရပါတယ်။ အေးအေးတင်

Tuesday, 12 Oct 2010

 အရောင်းအဝယ်အေးနေတဲ့ ပြည်အာလူးဈေးကွက်       ဒီတစ်ပတ် ပြည်အာလူးဈေးကွက်တွင် မိုးသီးနံှဖြစ်တဲ့ ကျောက်ဖရုံ၊ ဘူး၊ ခရမ်း စတဲ့သီးနံှများ လှိုင်လှိုင်ပေါ်နေတဲ့အတွက်စားသုံးသူအဝယ်နည်းနေပြီး ဈေးနှုန်းအခြေအနေလည်း ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ အာလူး  များ တစ်ပတ်ကို ပိဿာ ၄ဝ ဝင် အိတ် ၂ဝဝ ခန့်အဝင်ရှိနေပြီး ရန်ကုန်ဘက်မှလည်း အောင်ပန်းအာလူးကိုပင် တစ်ပတ်အိတ် ၁၈ဝ ခန့်ကို ဈေးအနည်းအများပေါ်မူတည်ပြီး တင်သွင်းရောင်းဝယ်နေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ဇွန်၊ ဇူလိုင်လများ၌ အာလူး တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး သြဂုတ်လမှစပြီး တဖြည်းဖြည်း ဈေးအေးလာခဲ့ရာ ယခုတစ်ပတ်ထိ အာလူးအကြီး တစ်ပိဿာ ၈ဝဝ ကျပ်၊ အသေး ၆ဝဝ ကျပ်နဲ့ ပုံမှန်အားဖြင့် တစ်နေ့ ပိဿာ ၁၅ဝဝ ခန့်နှင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။                                                                                                                                  ဝင်းလဲ့ဝါ

Tuesday, 12 Oct 2010

 မန္တလေသစ်သီးဈေးကွက်      မန္တလေးသစ်သီးဈေးကွက်မှာ တရုတ်သစ်သီးတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်၊ နဂါးမောက်၊ ဆန်းကစ်၊ စပျစ်စတဲ့အသီးတွေ အဝင် နည်းပြီး ပြည်တွင်းသီးတွေဖြစ်တဲ့ ဖရဲ၊ သခွား၊ သင်္ဘော၊ ကမ္ဗလာ၊ လိမ္မော်၊ ထောပတ်၊ ပင်မှည့်၊ ဂရိတ်ဖရု၊ သြဇာတွေ အဝင်များနေ တာကို တွေ့ရပါတယ်။ လိမ္မော်ကတော့ အဝင်ရှိပေမဲ့ အဝင်နည်းပြီး ရက်ခြားသာဝင်ပါတယ်။ လိမ္မော်ကို ပြည်တွင်းက ရှမ်းပြည်နယ် တောင်ပိုင်းသီးနဲ့ တရုတ်သီးတွေ စဝင်နေတာကိုတွေ့ရပြီး သီတင်း ကျွတ်နောက်ပိုင်းမှ လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။      တရုတ်လိမ္မော် တစ်ဖာ ၁၂ဝဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိဈေး ရှိပါတယ်။ ပြည်တွင်းလိမ္မော်က အချိန် ၁ဝဝ ကို ၁ဝဝဝဝဝ ကျပ်ဈေး ရှိပေမဲ့ အရောင်းအေးပါတယ်။ မန္တလေးမှာ ဖျော်ရည်သီးဖြစ်တဲ့ ပင်မှည့်၊ ကမ္ဗလာနဲ့ ဂရိတ်ဖရုသီးတွေက အရောင်း သွက်ပြီး ပင်မှည့် တစ်လုံး ၅ဝ ကျပ်၊ ၆ဝကျပ်၊ ဂရိတ်ဖရုတစ်လုံး ၄ဝ ကျပ်၊ ၅ဝ ကျပ် ကမ္ဗလာ အချိန် ၁ဝဝ ကို ၅ဝဝဝဝ ကျပ်၊ ၆ဝဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။                                                             မျိုးသီတာ

Wednesday, 29 Sep 2010

 တရုတ်နိုင်ငံမှ သခွားမွှေးအဝယ်များချိန်မှာ ပစ္စည်းအထွက်နည်းလို့ တက်ဈေးဖြင့်ရရှိ     မန္တလေးသစ်သီးဈေးကွက်သို့ သခွားမွှေးဝင်ရောက်မှုနည်းချိန်မှာ တရုတ် ဘက်က အဝယ်လိုက်တာကြောင့် သခွားမွှေးတင်ပို့ရာ၌ တက်ဈေးရရှိခဲ့ ကြောင်း သိရပါတယ်။    သခွားမွှေးဝင်ရောက်မှုမှာ ယခုနှစ်ပတ်အတွင်း အဝင်နည်းခြင်း ဖြစ်ပါတယ်။ လဆန်းပိုင်းကတစ်ရက်လျှင် အလုံးတစ်သောင်းကျော်ဝင်ရောက်ခဲ့ရာမှ ယခုနှစ်ပတ်အတွင်း အလုံး နှစ်ထောင် ကျော်သာအဝင်ရှိပါတယ်။    ''မန္တလေးဈေးကွက်ကို မြစ်သား၊ ကျောက်ဆည်၊ ဘုတလင်၊ မုံရွာ၊ စစ်ကိုင်း၊ ချောင်းဦး၊ သဲတော၊ ဝမ်းတွင်းမြို့နယ်များမှ သခွားမွှေးသီးများ ဝင်ရောက်ပါတယ်။ လဆန်းပိုင်းက မြို့နယ်အချို့စိုက်ခင်းမှာ ရေဝင်တဲ့အတွက် အသီးအထွက်နည်းလာခဲ့တယ်။ တရုတ်ဈေးကွက်ကို ပိုက်သခွားရိုးရိုးနဲ့ ဂျပန်သီး၊ ရွှေသခွားအဝါသီးများ တင်ပို့ရပါတယ်။ ဒီရက်က တရုတ်လမုန့်ရိုးရာ ပွဲတော်ရှိတဲ့အတွက် အဝယ်လိုက်နေတာ။ အရင်က တစ်လုံး ၅ဝဝ ကျပ်ကို မနည်းရောင်းခဲ့ရာက အခုတစ်လုံး ၈ဝဝ ကျပ်နဲ့ ပို့သလောက်ရောင်းရတယ်''လို့ ငွေကံ့ကော်သစ်သီးပွဲရုံက ပြောပါတယ်။ တရုတ်ဈေးကွက်သို့ ဖရဲသီးများတင်ပို့မှုမှာ ရာသီဥတုကြောင့် အသီး မလှလို့ အနည်းငယ်သာ ဝယ်ယူနေပြီး၊ သခွားမွှေးသီးများကိုတော့ တင်ပို့သလောက်ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ဇူးဇူး

Wednesday, 29 Sep 2010

 ပြည်သြဇာဈေးကွက် အရောင်းသွက်   စက်တင်ဘာလဆန်းပိုင်းမှ စ၍ ပြည်ဈေးကွက်ထဲသို့ သြဇာသီးများ ဝင်ရောက်လာပြီဖြစ်ပါတယ်။ သြဇာခြံတွေရှိတဲ့ မှော်ဇာ၊ ဆင်မြီးဆွဲ၊ ဆင်တဲနဲ့ ရွှေဘုံသာ ကျေးရွာဝန်းကျင်များမှ ပြည်ဈေးကွက်သို့ရထား၊ ကားများနဲ့ တင်ပို့ရောင်းချကြပါတယ်။  လက်ဆောင်ပေးဖို့ ၂၅ လုံးဆံ့ခြင်း၊ အလုံး ၅ဝ ဆံ့ခြင်းများနဲ့ ဝယ်ယူနိုင် သလို ရန်ကုန်သို့လည်း တင်ပို့ရောင်းချနေပါတယ်။ လဆန်းပိုင်းက တစ်လုံး ၂၅ဝကျပ်ရှိခဲ့ပြီး၊ ယခုလှိုင်လှိုင်ပေါ်ချိန် မှာ အကြီးအသေးအလိုက် ၁ဝဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ဈေးရှိပါတယ်။    ဒသထွက် သြဇာသီးများဟာ လက်ဆောင်ပေးဖို့ ဝယ်ယူသူများနဲ့ ရန်ကုန်တင်ပို့ရောင်းချဖို့ပါ ဝယ်ယူသူ များနေတဲ့အတွက် ဝယ်လိုအားကောင်း ကာ အရောင်းသွက်လျက်ရှိပါတယ်။  အိဆွေဇင် 

Wednesday, 29 Sep 2010

ရောင်းအား ဝယ်အားကောင်းနေတဲ့ ပန်းသီးနဲ့ ပန်းသစ်တော်    မန်းဈေးကွက်အတွင်း သစ်သီးဝလံများဖြစ်တဲ့ ပန်းသီး၊ ပန်းသစ်တော်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်မှာလည်း ရောင်းအားကောင်းနေတာ တွေ့ရပါတယ်။ မူဆယ်ဘက်မှဝင်ရောက်လာတဲ့ ပန်းသီးများ၊ ပန်းသစ်တော်များကို ပွဲရုံဈေးအနေနဲ့ ပန်းသီး ၂၅ လုံးကို ၂ဝဝဝ ကျပ်၊ ၂၅ဝဝ ကျပ်၊ ပန်းသစ်တော် ၂၅ လုံး ၈ဝဝဝ ကျပ်၊ ၈၅ဝဝ ကျပ်ရှိပြီး၊ လက်လီဈေးမှာ ပန်းသီးတစ်လုံးကို ၁ဝဝ ကျပ်၊ ၁၅ဝ ကျပ်ရှိပြီး၊ ပန်းသစ်တော် တစ်လုံးကို ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ရှိကြောင်း သိရပါတယ်။ နေ့စဉ် မန်း-မူဆယ်ကားများဖြင့် ပန်းသီးနဲ့ ပန်းသစ်တော်ဖာ ၇ဝ နှင့် ၁ဝဝ ကြား အဝင်ရသလို ဝင်ရောက်တဲ့ပစ္စည်းများလည်း နေ့မကူးဘဲ ရောင်းဝယ် မှုအားကောင်းကြောင်း သစ်သီးကုန်သည်ထံမှ သိရှိရပါတယ်။ တင်ဇာမျိုး

Tuesday, 19 Jan 2010

    ဒီတစ်ပတ် မူဆယ်သစ်သီးဝလံ ဈေးကွက်အခြေအနေများကတော့

Tuesday, 19 Jan 2010

    သခွားမွှေးလို ဖရဲဟာလဲ မူဆယ်ဈေးကွက်ကိုဘဲ သွားနေပါတယ်။ ၁ဝ၅ မိုင်ရဲ့ တစ်နေ့ ဖရဲကားအဝင် ၆ဝ-၅ဝကြား ဝင်နေတယ်လို့ သိရပါတယ်။

Tuesday, 19 Jan 2010

    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန် စည်ဒိုင်သို့ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှာ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီးနဲ့ စပျစ်သီးများ တန်ချိန် ၇ဝဝဝ ကျော် ဝင်ရောက်လာခဲ့တယ်လို့ သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။

Tuesday, 19 Jan 2010

    ပြင်ဦးလွင် ပန်းမန်ဇုန်မှာ ဂန္ဓမာပန်း၊ သစ္စာပန်း၊ မေမြို့ပန်း၊ ပန်းတိမ်ငိုပန်းများ စိုက်ပျိုးထွက်ပေါ်ပြီးတဲ့ နောက်ပိုင်း တရုတ်နိုင်ငံမှ မျိုးဝယ်ယူပြီး စိုက်ပျိုးအောင်မြင်နေတဲ့ စီးပွားရေးတွက်ခြေကိုက်မဲ့ လီလီပန်း၊ ကာနေးရှင်းပန်းတွေကို အများအပြား စိုက်ပျိုးလာကြ ပါပြီ၊ စိုက်ပျိုးဖြစ်ထွန်းပြီး ကျေနပ်ပီတိဖြစ်နေတဲ့ ပန်းဥယျာဉ်မှူး ဒေါ်ခင်မာတင့်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ '' ကျွန်မ အခု စိုက် ထားတဲ့ လီလီပန်းနဲ့ ကာနေးရှင်းပန်းဥတွေကို တရုတ်နိုင်ငံက ဇူလိုင်လတုန်းက မှာယူခဲ့ပါတယ်။

Pages