Main menu

Background

Tuesday, 9 Apr 2013

ဝါရှင်တန် အမေရိကန် ပြည်ထောင်စုရဲ့ စတုတ္ထ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှု နှုန်းက မူလက ခန့်မှန်းထားတဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ ကြောင်း ကနဦး အပြီးသတ် ခန့်မှန်း ချက်မှာ မတ် ၂၈ ရက်က အမေရိ ကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။၂၀၁၂ ခုနှစ် တစ်ခုလုံး အတွက် စုစုပေါင်း စီးပွားရေး ထုတ် လုပ်မှု တိုးတက်နှုန်းက ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် တိုးတက် နှုန်းနည်းနေ ဆဲဖြစ်ပါတယ်။

Monday, 21 Jan 2013

ပေကျင်း ပြည်တွင်းမှာ  စီးပွားရေး အင် အား နည်းပါးမှုနဲ့ ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် တရုတ်နိုင်ငံရဲ့စီးပွား ရေး တိုးတက်မှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၈ ရာခိုင် နှုန်းသာ ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် က အစိုးရက ထုတ်ပြန်ပါတယ်။ ဒီနှုန်းက ၁၃ နှစ်အတွင်းစွမ်းဆောင်ရည်အနိမ့် ဆုံးနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက် ဆုံး သုံးလပတ်မှာ ဂျီဒီပီတိုးတက်နှုန်း က ၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ ကြောင်း အမျိုးသားစာရင်းရုံးက ပြောပါတယ်။

Wednesday, 16 Jan 2013

တိုကျို ကာလရှည်ကြာစွာ နှိပ်စက် နေတဲ့ ငွေကြုံ့မှုနဲ့ ယန်းငွေတန်ဖိုး မြင့် တက်နေတာကို ဖြေရှင်းပြီး တိုးတက် မှု တန့်နေတဲ့ ဂျပန်စီးပွားရေးကို ကျား ကန်ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ယန်းထရီလီယံ ၂၀ (ဒေါ်လာ ၂၂၄ ဘီလီယံ)ရှိ တွန်းအားပေးအစီ အစဉ် ကို ဇန်နဝါရီ ၁၁ ရက်နေ့က ဂျပန် ဝန်ကြီးအဖွဲ့က အတည်ပြုခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။

Wednesday, 5 Dec 2012

ဝါရှင်တန် ဘဏ္ဍာရေး ချောက်ကမ်းပါးလို့ တင်စားခေါ်ဝေါ်နေတဲ့ အမေရိကန် မှာ အခွန် တိုးမြှင့်ကောက်ရေးနဲ့ အသုံးစရိတ် လျှော့ချရေး ဆွေးနွေး ညှိနှိုင်းမှုတွေ သောင်မတင် ရေမကျ ဖြစ်နေတဲ့အတွက် အမေရိကန် လွှတ် တော်မှာဒီမိုကရက်နဲ့ရီပတ်ပလီကင် အမတ်တွေ ချမ်းသာသူတွေ ထံမှ အခွန်တိုးကောက်ရေးကိစ္စကို ငြင်းခုံ မှုမပြီးပြတ်နိုင်အောင်ရှိနေပါတယ်။ အခွန်တိုးတက်ကောက်ခံရေးနဲ့အသုံး စရိတ်လျှော့ချရေးမှာထိရောက်တဲ့တိုး တက်မှုမရသေးဘူးလို့ရီပတ်ပလီကင် အမတ်ဂျွန်ဘိုးနားကပြောကြောင်းအေ အက်ပီသတင်းမှာဖော်ပြထား ပါတယ်။

 
တိုကျို ဂျပန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ပိုင် နက် နယ်မြေ အငြင်းပွားမှု ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေတဲ့ အကျိုးဆက် ကြောင့် တရုတ်နိုင်ငံက ကုန်ထုတ် လုပ်မှုတွေ ဆက်လက် ကျဆင်းနေ ကြောင်းဂျပန်မော်တော်ကား ထုတ် လုပ်ရေး ကုမ္ပဏီကြီးသုံးခုက နိုဝင် ဘာ ၂၉ ရက်က ပြောပါတယ်။ ယခု နှစ် ပထမခြောက်လအတွင်းမှာ တို ယိုတာရဲ့ ထုတ်လုပ်မှုက ၆၁ ရာခိုင် နှုန်း၊ နီဆန်ရဲ့ထုတ်လုပ်မှုက ၄၄ ရာခိုင်နှုန်းနဲ့ ဟွန်ဒါရဲ့ထုတ်လုပ်မှုက ၅၄ ရာခိုင်နှုန်း ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဆိုးလ် တောင်ကိုရီးယားနိုင်ငံရဲ့ စက်မှု ကုန်ထုတ်လုပ်မှုက အောက်တိုဘာ လမှာ ဒုတိယမြောက်လအဖြစ် မြင့် တက်ခဲ့ကြောင်း ယခင်လနှင့်နှိုင်းယှဉ် ပါက သုည ဒသမ ၆ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း အစိုးရ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါပေ မဲ့ သတ္တု တူးဖော်ရေး၊ ကုန်ထုတ်လုပ် မှု၊ သဘာ၀ ဓာတ်ငွေနဲ့လျှပ်စစ်ဓာတ် အားလုပ်ငန်းတွေက စက်တင်ဘာလ တိုးတက်နှုန်းဖြစ်တဲ့ သုည ဒသမ ၇ ရာခိုင်နှုန်းအောက် အနည်းငယ် ကျဆင်းကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
တိုကျို သူ့ရဲ့အာဏာရပါတီ ရှုံးနိမ့်လိမ့် မယ်လို့အများစုက ခန့်မှန်းနေတဲ့ရွေး ကောက်ပွဲ မတိုင်မီမှာ ဂျပန်ဝန်ကြီး ချုပ် ယိုရှီဟီကိုနိုဒါရဲ့ဝန်ကြီးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်မှာဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံရှိ စီးပွားရေး တွန်းအားပေး အစီအစဉ်ကိုအတည် ပြုခဲ့ကြောင်း သတင်းတွေမှာဖော်ပြ ထားပါတယ်။ ယခု အစီအစဉ်သစ် က ယန်းငွေနဲ့ဆိုရင် ၈၈၀ ဘီလီယံ ရှာမှာဖြစ်တဲ့အတွက် အောက်တိုဘာ ကကြေညာခဲ့တဲ့ အစီအစဉ်ရဲ့နှစ်ဆ ကျော်ရှိကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

Monday, 8 Oct 2012

စင်ကာပူ ယခင် ၂၀၁၁ ခုနှစ်ကအာရှရင်း နှီးမြှုပ်နှံသူတို့ရဲ့ အိမ်ခြံမြေဈေးကွက် မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအနက်သုံး ပုံတစ်ပုံ သို့မဟုတ် ကန်ဒေါ်လာ ၇၀ ဘီလီယံက   လူချမ်းသာကြီးများ (Ultra Wealthy)ထံမှဖြစ်ကြောင်းနဲ့ အာရှမှာရှိတဲ့ လူချမ်းသာတို့ရဲ့ စုစု ပေါင်းပိုင်ဆိုင်မှု  ကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအနက်  ကန် ဒေါ်လာဘီလီယံ  ၂၅၀ မှာ အိမ်ခြံ မြေမှဖြစ်ကြောင်း  စင်ကာပူအခြေ စိုက် အတိုင်ပင်ခံလုပ်ငန်း Wealth X  က ဆိုပါတယ်။ Source:CNA

Wednesday, 29 Aug 2012

စီးပွားရေးလုပ်ငန်းများအားဆွဲဆောင်တဲ့အနေနဲ့ ဗီယက်နမ်အစိုးရဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (SMEs) အပေါ် အခွန်ကောက်ခံမှု လျှော့ချပေးသွားမယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ပညာရေး၊ ကော်မရှင်ရုံး (Office of the Vocational Education Commission-OVEC) နှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု ဦးစီးဌာန (Department of Trade Negotiation-DTN)  တို့က အာဆီယံစီးပွားရေး အသိုက်အဝန်း အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်  ကိုယ်စားလှယ်စီမံကိန်း  (AEC Vocational Ambassador Project) ကို ဇူလိုင်လတွင် စတင် လျက်ရှိကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်း (ASEAN Economic Community-AEC)    အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက်များ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း သိရှိရသည်။

Sunday, 29 Jul 2012

    မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မျက်စိကျလာ တဲ့ နိုင်ငံတွေ များပြားလာပြီဖြစ်တဲ့အတွက် စင်ကာပူကုမ္ပဏီတွေကလည်း မြန်မာ နိုင်ငံက ယှက်ဖြာလာတဲ့ အခွင့်အလမ်းတွေရဲ့လမ်းကြောင်းမှာ လိုက်ပါနိုင်အောင် ပြင်ဆင်ဖို့ လိုပြီဖြစ်ကြောင်းကုန်သွယ်ရေးထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Monday, 9 Jul 2012

ကွာလာလမ်ပူ    တောင်ကိုရီးယားမှ ကုန်အမှတ် တံဆိပ်ဆမ်ဆောင်းက အက်ပဲနဲ့ဆိုနီ ကို ကျော်ဖြတ်ပြီး Campaign  Asia-Pacific 2012  Asia's  Top  1000  Brands  အစီရင်ခံစာရဲ့ ထိပ် ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ နံပတ်ငါးအတွင်း ဝင်လာတဲ့ ကုမ္ပဏီ တွေကတော့ နက်စလေနဲ့ ပင်နာဆိုး နစ်တို့ ဖြစ်ပါတယ်။ှSource: bernama.com 

Monday, 2 Jul 2012

      ၂၀၁၁ ခုနှစ် ဇူလိုင်မှ ၂၀၁၂ ခုနှစ် ဧပြီလအထိ ကာလ အတွင်း ဘင်္ဂလားဒေ့ရှ်က ပြည်ပမှ စားသောက်ကုန် ကောက် ပဲသီးနှံတင်သွင်းမှုမှာ ယခင်နှစ် အလားတူကာလကထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် က ဇွန် ၂၄ ရက်မှာ ထုတ်ပြန်လိုက်တယ်။

Pages