Background
14th Edition of Agro & Food Tech ပြပွဲကို အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) က ကြီးမှူး၍ ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိVirtual Platform- HIVE ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းပြပွဲသို့ မြန်မာနိုင်ငံက စိတ်ဝင်စားသောလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာစိုက်ပျိုးရေးဝန်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲ၊ B2B နှင့် B2G အစည်းအဝေးများ၊ နိုင်ငံတကာညီလာခံများ၊ လေ့ကျင့်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် အစိုးရအဆင့်မြင့်အရာရှိများနှင့်လည်း အပြန်အလှန် စီးပွားရေးအခွင့်အလမ်းသစ်များ ချိတ်ဆက်နိုင်မည်ဖြစ်သည်။
ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၈၁.၄၅) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၅-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၂.၁၅) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရပါသည်။
ဗီယက်နမ် သီဟိုဠ်အသင်း၏ ပြောကြားချက်အရ ပြည်တွင်းသီဟိုဠ် လုပ်ငန်းသည်လာမည့်နှစ်တွင် သီဟိုဠ် စေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ရောင်း ဝယ်မှုတို့တွင် အခက်အခဲများနှင့်ဆက် လက်ရင်ဆိုင်ရဖွယ်ရှိလိမ့်မည်ဟု သိရှိ ရပါတယ်။ယခုအချိန်မှ ၂၀၁၉ ခုနှစ်၊ မတ် လမှ ဧပြီလတိုင်အောင် ဈေးနှုန်းများ မှာ ပြောင်းလဲမှုမရှိဘဲရှိလိမ့်မည်ဟု အသင်းကပြောကြားခဲ့ပါတယ်။သီဟိုဠ်စေ့ထုတ်လုပ်သည့်စက်ရုံ များမှာ အလုပ်ပိတ်ရက် အားလပ်ရက် ရှည်ဖြစ်သော Lunar New Year အတွင်း ထုတ်လုပ်မှုများ ရပ်နားကြရ မည်ဖြစ်သော်လည်း စက်ရုံအများစုမှာ ရုတ်တရက်ကုန်ဈေးနှုန်းများ ကျဆင်း နေမှုကြောင့် Lunar New Year မတိုင် ခင်ကပင် ကုန်ထုတ်လုပ်မှုများကို ရပ်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ငါးသိန်းေ ကျာ်တန်ဖိုး ရှိ မြေသြဇာ ၂၁၀၈ ဒသမ၁၃၇တန်ကိုပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်းနဲ့ သြဂဲနစ်မြေသြဇာများအများဆုံးတင်သွင်းလာတယ်လို့ သိရပါတယ်။
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အတွင်းတင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်နို့ဆီမှာ တန်ချိန် ကိုးရာ့ခုနှစ်ဆယ် ကျော်ရှိတာကြောင့်ယခုတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်ရာ ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။
ဥရောပတွင် အလုပ်လက်မဲ့ဦးရေ မြင့်မား နေသော်လည်း ပြည်ပရောက် ဖိလစ်ပိုင် အလုပ် သမားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အတွက် ဥရောပသမဂ္ဂတစ်လွှားရှိ ကျန်းမာရေး၊ICT၊ အင်ဂျင်နီယာလုပ်ငန်း၊ အရောင်း လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်များတွင် အလုပ်နေရာ လစ်လပ်နေ မှု နှစ်သန်းခန့်ရှိနေသေးကြောင်း လွန် ခဲ့သောအပတ်က Asain Institute of Management တွင်ပြုလုပ်ခဲ့သောပြောင်းရွှေ့ နေထိုင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဥရောပ သမဂ္ဂ သံအမတ်ကြီးဖြစ်သူ Guy Ledoux ၏ ပြောကြားချက်အရ သိရှိရပါသည်။
တယ်လီကွန်ဆက်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန့်သတ်ထား တာကိုဖယ်ရှားဖို့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အသစ်တွေမှာရှိတဲ့ ကဏ္ဍ အသီးသီးကို ပင်လယ်ရပ်ခြားမှု ပိုင်ဆိုင် မှု စည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ အတွက် အိန္ဒိယနိုင်ငံဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးတွေက စီမံဆောင်ရွက်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထား ပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုလာပြားထုတ် လုပ်မှုလုပ်ငန်းက ထုတ်လုပ်မှုများပြား လာတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ နေစွမ်း အင်ကနေ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု ကို စွမ်းအင်ကို လေးဆ တိုးမြှင့်ပြီး ဂိုင်ဂါ ဝပ် ၃၅ အထိအသုံးပြုမှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ထားပါ တယ်။
ရှန်ဟဲ အဂတိ လိုက်စားမှု အတွက် စုံစမ်း စစ်ဆေးမှုကို ရင်ဆိုင်ရမှာဖြစ် တဲ့ အတွက် တရုတ်နိုင်ငံမှာရှိနေတဲ့ ဂလက် ဇိုစမစ်ကလိုင်း (GSK) ရဲ့ ဗြိတိသျှလူမျိုးဘဏ္ဍာရေးဒါရိုက်တာကို တရုတ်အာဏာပိုင်တွေကတိုင်းပြည်မှ ထွက်ခွာခွင့် ပိတ်ထားကြောင်းကုမ္ပဏီကဇူလိုင်၁၈ရက်ကပြောကြားတာကို အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။
လန်ဒန် ၂၀၁၂ ခုနှစ် နောက်ဆုံးသုံးနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ပထမသုံးလပတ် မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးက မျှော် မှန်းထားတာထက် ကျော်လွန်ပြီး သုည ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ တဲ့အတွက်၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာ ရေး အကျပ်အတည်း ဖြစ်ပွားပြီး နောက်ပိုင်း သုံးကြိမ်မြောက် စီးပွား ရေး ဆုတ်ကပ်ဖြစ်မဲ့ ဘေးမှ ရှောင် ကျဉ်နိုင် ခဲ့ကြောင်းအမျိုးသား စာရင်း ရုံး (ONS) ရဲ့ ပဏာမ ခန့်မှန်းချက် တွင် ဖော်ပြထားပါတယ်။ ပညာရပ် ပိုင်းဆိုင်ရာအရ စီးပွားရေးက သုံးလ ပတ် နှစ်ပတ်ဆက်တိုက် ကျပါက စီးပွားရေး ဆုတ်ကပ် အဖြစ် သတ် မှတ်ပါတယ်။

