Background
အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက် မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့ သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရ
အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE ကော်ပိုရေးရှင်းအား ပို့ကုန်ကန့်သတ်မှုများကို အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။
မြန်မာနိုင်ငံ၏ အဝတ်အထည် ထုတ်ကုန်တင်ပို့မှုဝင်ငွေသည် ၂၀၁၂ ခုနှစ်၌ အမေရိကန်ဒေါ်လာသန်း ၉၀၀ သာရှိခဲ့ပြီး လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ တိုးမြှင့်လာနိုင်ဖွယ်ရှိ သည်ကို တွေ့ရ ကြော င်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထုတ် ဝေသည့် The Financial Expressသတင်းစာတွင် ဖော်ပြထားချက်များ အရ သိရသည်။တရုတ်၊ တောင်ကိုရီးယားဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံတို့တွင် အလုပ်သမားစရိတ်နှင့်ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားမှုကြောင့် မြန်မာ နိုင်ငံ တွင် အသင့်ချုပ်အဝတ်အထည် စက်မှုလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင် ရန် ၎င်းင်းတို့၏ စီးပွားရေးလုပ်ငန်းရှင် များကို တိုက်တွန်းလျက်ရှိရာ ယခုအခါ ကမ္ဘာ့အဝတ်အထည်ဈေးကွက်၌ ဘင်
ထိုင်းနိုင်ငံ သတင်းအချက်အလက်နဲ့ ဆက်သွယ် ရေးနည်းပညာဝန်ကြီးဌာနက ကြီးမှူးဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ယာယီအမျိုးသား ဒစ်ဂျစ်တယ် စီးပွားရေးကော်မတီက ဖေဖော်ဝါရီ ၈ ရက် မှာ အတည်ပြုခဲ့ကြောင်း နေးရှင်းသတင်းမှ ာဖော်ပြပါတယ်။ ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ နဲ့တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားများ ရယူပြီးနောက် မတ်လမှာ ဝန်ကြီးအဖွဲ့က စဉ်းစားဆုံးဖြတ်နိုင်ဖို့ ဝန်ကြီးအဖွဲ့ထံ ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံက စပါးစိုက်ပျိုး ဧရိယာနည်းပါးလျက် ရှိနေပေမယ့် ပြည်တွင်းမှာ ဆန်ဖူလုံစွာထုတ်လုပ်နိုင် ရေးအတွက် မလေးရှားနိုင်ငံက စပ်မျိုး စပါးထုတ်လုပ်မည်ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံက ဦးစားပေးဆောင်ရွက်သွား မှာဖြစ် ကြောင်း ဖိလစ်ပင်းစတား အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ ကနဦး ရှေ့ပြေး စမ်းသပ်ထုတ်လုပ်မှုတွင် အနည်းဆုံးမျိုးစေ့ ကီလို ၁၀၀၀ ကို ဖိလစ်ပိုင်မျိုးစပ်မျိုးထုတ်လုပ်ရေးလုပ်ငန်း SLA gritech Corp က တင်ပို့ပေး မှာ ဖြစ်ပါတယ်။
တရုတ်(တိုင်ပေ)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက လှုပ် ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ သေဆုံးသူဦးရေ ၈၃ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေး သားခဲ့သည်။ အထပ်ပေါင်း ၁၆ ထပ်ရှိသည့် Wei Guan အဆောက်အအုံသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာ အဆိုပါ အဆောက် အအုံအောက်တွင် ပိတ်မိ နေသူများရှိနေသေးကြောင်း၊ ယင်းWei Guan အဆောက်အအုံ၏ အပျက် အစီးများထဲတွင် သေဆုံးသူ စုစုပေါင်း ၈၁ ဦးကိုတွေ့ရှိခဲ့ရကြောင်း၊ အဆောက်အအုံ၏ အပျက်အစီးများကို ဖယ်ရှားသည့်လုပ် ငန်းများကို ဆက်လက်လုပ် ဆောင်လျက
တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် အပူချိန်များ စံချိန်တင်ကျဆင်းလျက်ရှိရာ နှစ် ပေါင်း ၃၀ အတွင်း စံချိန်တင်ကျဆင်းခြင်းဖြစ်ကြောင်း ချိုင်းနားဒေးလီးသတင်းတွင် ဖော်ပြထားသည်။ အပူချိန်ကျဆင်းမှုသည် ရေခဲ မှတ်အောက် အနုတ် ၄၇ ဒသမ ၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်သို့ပင် ကျရောက်ခဲ့သဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းဒေသ များရှိ မြစ်များ၊ ချောင်းများ၊ ပင်လယ်များတွင် ရေမျက်နှာပြင်များ အေးခဲကာ လမ်းပန်းဆက် သွယ်ရေးများ ပြတ်ေ တာက်ခဲ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အာရှနှင့် အရှေ့တောင်အာရှတို့တွင် အအေးလှိုင်းများ ဖြတ် သန်းတိုက်ခတ်ခဲ့သဖြင့် လူသေဆုံးမှုများ၊ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း တရုတ်(တိုင်ပေ) သတင်း ဌာနက ထုတ်ပြ န်ကြေညာခဲ့သည်။ တရုတ်(တိုင်ပေ)တစ်နိုင်ငံတည်းတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၆၄ သန်း ဆုံးရှုံးခဲ့ရကြောင်း တရုတ်(တိုင်ပေ) လယ်ယာစိုက်ပျိုးရေးကောင်စီက ထုတ်ဖော်ပြောကြားခဲ့သ ည်။ အအေးလှိုင်း ဖြတ်သန်းကျရောက်မှုကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိုင်ဝမ်ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် ပျက်စီးဆုံးရှုံးမည်ဟု မူလက ခန့်မှန်းထားခဲ့သော်လည်း ယခုအခါတွင်မူ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်ဝမ်ေ
၂၀၂၅ ခုနှစ်မှာ အာဆီယံဒေသကို အရည်အသွေး ပြည့်ဝတဲ့ ခရီးသွားဒေသဖြစ်လာအောင် ဦးတည်ဆောင်ရွက် လျက်ရှိရာ တစ်မူထူးခြားပြီး အမျိုးမျိုးသောဒေသဆိုင်ရာ အတွေ့အကြုံတွေပေးနိုင်ဖို့အတွက် စီစဉ်ဆောင် ရွက် လျက် ရှိကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ ခရီးသွားလုပ်ငန်းဒေသတစ်ခု ဖြစ်လာအောင်ဆောင်ရွက်ရန် ဆန္ဒရှိပြီး ခရီးသွားလုပ်ငန်း အော်ပရေတာများက ခရီးသွားလုပ်ငန်းအစီအစဉ်တွေကို တီထွင် ဆန်းသစ်မှုရှိအောင်ရေးဆွဲကာ ဒေသတွင်းအချင်းချင်း ခရီးသွားလာမှု လုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။ ပဏာမထုတ်ပြန်တဲ့စာရင်းများအရ အာဆီယံ အဖွဲ့ဝင် နိုင်ငံများသို့ ဝင်ရောက်လာတဲ့ခရီးသွား အရေအတွက်က ၉
လုပ်သားအင်အားနဲ့ အလုပ် အကိုင်ရရှိမှုနယ်ပယ်မှာ ဗီယက်နမ် နိုင်ငံက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တွေကို ပခုံးချင်းယှဉ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝရေးအတွက်လာမယ့် ငါးနှစ်အတွင်း လုပ်သားများရဲ့ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ ဗီယက်နမ်လုပ်သားတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးဖို့ ကြိုးပမ်းလျက်ရှိကြောင်း ဗီယက်နမ်နက် ဘရစ်သတ င်း မှာ ဖော်ပြ ပါတယ်။