Background
ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု၊ ကွန်တိန်နာ မလုံလောက်မှုနှင့်ကုန်သွယ်မှု မြှင့်တင် ရေးတို့အတွက် သက်ဆိုင်ရာများ၏ဆောင်ရွက် ချက်များကြောင့် ထိုင်းပို့ကုန်များအနေဖြင့် ၎င်းတို့ ၏တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားလျက် ရှိကြောင်းနှင့် ယခုနှစ် ဇန်နဝါရီလတွင် နှစ်အလိုက် ၌ ပို့ကုန်တိုးတက်မှု ၈ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရှိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့ မှုမှာအမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံ ရရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာလည်း ၂၀ ဒသမ ၅ ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ
ကတွတ်ပင်သည် သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာ နိုင်ငံအနှံ့ သစ်တောတိုင်းလိုလိုမှာ ပေါက်ရောက်တတ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုတွေ့ရတတ် ပြီး ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ်အတွင်း အနောက် ရွာသစ်ကျေးရွာနှင့် ပျဉ်းပင်ကိုင်းကျေးရွာအနီး သစ်တောကြိုးဝိုင်း များတွင် အလေ့ကျပေါက်ရောက်နေကြောင်း သိရှိရသည်။=ကတွတ်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ညောင်ပင်မျိုး တွင်ပါဝင်၍ အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ အသီးမှာ အဝါရောင်ရှိပြီး အညိုရောင်အမွေးနုများ ဖုံးအုပ်ထားသည်။ ကတွတ်သီးမှာ အချိုသီး နှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ကတွတ်သီး ကို ရှေးနှစ်ပေါင်း ၅၀ဝ၀ ကျော်ကတည်းက
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူ တောင်သူများအား မြေယာပိုင်ဆိုင်မှုလျှောက်ထားမှုအခြေအနေနှင့် ဈေးကွက်ဈေးနှုန်း စိုက်ပျိုး ထုတ် လုပ်မှုနှင့် ဆက်လက်တိုးချဲ့စိုက်ပျိုးမည့်အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များအသင်းရုံး၌ မတ် ၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သီဟိုဠ်စိုက်ပျိုးတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ်စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်း ကုန်းမြို့နယ် သစ်ဆိမ့် ကုန်း ကျေးရွာအုပ်စု ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွမ်းဖတ် စိုက်ပျိုးသူတောင်သူ ဦးကျော်စိုးထံမှ သိရသည်။ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွမ်းဖတ် စိုက်ပျိုးသော တောင်သူ ၂၅/၃၀ ခန့်ရှိပြီး ဈေးကွက် ဝယ်လိုအား ရှိသော်လည်း ဈေးနှုန်း ခန့်မှန်းလို့မရသောကြောင့် နောက်ပိုင်းတွင် မိချောင်းကွမ်းဖတ်စိုက်ပျိုး သော တောင်သူများ လျော့နည်းလာကြောင်း၊ ၂၀၁၆ခုနှစ်တွင် မိချောင်း ကွမ်းဖတ် တစ်ပိဿာကို
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် များတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် လျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ ဂန္ဓမာပန်းမျိုးစေ့ အများအပြားရှိ သည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျက်ရှိပြီး ကျောက်ကြီးဂန္ဓမာပန်းစိုက် တောင်သူများ အနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရသည်။တစ်ပိုင်တစ်နိုင် စိုက်ပျိုးရသည့်အတွက် တစ်ဧကလျှင် မျိုးစေ့ ရှစ်သောင်းခန့် စိုက်ပျိုးလျှင် အပင်ခြောက်သောင်းခန့် ပွင့်ကြောင်း သိရှိရပြီး အရင်းအနှီးသည် တစ်
ပခုက္ကူနှင့်ရေစကြိုမြို့နယ်များက ထွက်ရှိသော သနပ်ခါးများ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့၌ ဝင်ရောက်မှုများကာ ယခင် မိုးရာသီထက် အပြိုင်အဆိုင် ရောင်းချလျက်ရှိကြောင်း သိရသည်။သနပ်ခါးတုံး ကို ယခင်က မြို့မဈေးဝန်းကျင်၌ သနပ်ခါးအရောင်းဆိုင် သုံးဆိုင်ခန့်သာ ရောင်းကြပြီး ယခုပွင့်လင်းရာသီ၌ သနပ်ခါးအရောင်းဆိုင် ၁၀ဆိုင်ခန့် ရောင်းကြကြောင်း၊ ဈေးအပြင်ဘက်ရှိ ရတနာဈေး၊ ပျံကျဈေး၊ ကျမ်းကိုင်ဘုရားကွေ့တို့တွင် ရောင်းချကြသည်ကို တွေ့ရသည်။ပခုက္ကူ၊ ရေစကြိုဒေသထွက်သနပ်ခါးများ သနပ်ခါး အရောင်းအဝယ် လိုက်လာကြောင်း၊ ပွင့်လင်းရာသီတွင် သနပ်ခါးအရောင်းအဝယ် မြိုင်လာ ပြီး သနပ်ခါးဆိုင် များလာကြောင်း၊ ပျံကျရောင်းသူလည်း မ
မန္တလေးဈေးကွက်သို့ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုနှင့် မြင်းမူနယ်မှ မြေပဲဆန်အသစ်များ ဝင်ရောက်မှုရှိပြီး မကွေးနှင့် ရေနံချောင်းနယ်တို့မှလည်း အညာဆီဆန်များ ဝင်ရောက်လျက်ရှိ သည်။ အဆိုပါ မြေပဲလုံးဆန်များကို ဒေသတွင်း ရောင်းဝယ်သူများအနေ ဖြင့် မန္တလေးမှတစ်ဆင့် တရုတ်ဝယ် လက်များမှ အဝယ်ရှိသလို ရန်ကုန်သို့ လည်း တင်ပို့မှုရှိကြောင်းနှင့် မန္တလေး မြို့တွင်းရှိ ဆီစက်များမှလည်း စက် ကြိတ်များကောင်းမွန်သဖြင့် ဆီကြိတ်ခွဲ မှုရှိကာ အဝယ်လိုက်ကြောင်း သိရ သည်။
မြန်မာနိုင်ငံသည် သစ်တောထွက် သယံ ဇာတများစွာ ထွက်ရှိသောနိုင်ငံဖြစ်သည်။အဖိုး တန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိ သကဲ့သို့ လူတို့၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အိမ် သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက် စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိ သည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံ အရှေ့ ပိုင်းဒေသများဖြစ်သော မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊ တာလေမြို့နယ်များရှိ သစ် တောများတွင် နေရာကွက် ကျားအလေ့ကျ ပေါက် နေကြသည်ကို တွေ့ရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဖြိုးဓနလင်းသည် ဝမ်းတွင်းမြို့ စိုက်ကွင်း(၁)ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူ ဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဟု ဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန် စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊
သိုးမွေးထိုးခြင်း လက်မှုပညာဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများ စွာက ထွန်းကားလာတဲ့ လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာလည်း ထင်ရှားတဲ့ လက်မှုပညာ (ံညေိ ြေိန) တစ်ခုဖြစ်ပါတယ်။ သိုးမွေးထိုးခြင်း လက်မှုပညာကို အမျိုးသမီးမှမဟုတ်ဘဲ အချို့အမျိုးသားများပါ စိတ်ပါဝင်စားစွာလုပ် ကိုင်ကြတာကိုလည်း တွေ့ရှိရပါတယ်။ သိုးမွေးထိုးခြင်းဆိုတာ အရမ်း လှပတဲ့ လက်မှုပညာတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းလက်မှု ပညာဟာ ဘယ်တော့မှ တိမ်ကောသွားခြင်းမရှိတဲ့ လက်မှုပညာတစ်ခု ဖြစ်ပါ တယ်။ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေမှာရှိတဲ့ လူတော်တော်များများ ဟာ လက်တစ်စုံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ သိုးမွေးထည် (ံညေိ ြေိန) များ