Main menu

Background

Friday, 17 Mar 2017

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်  တင်ပို့ရောင်းချသူများအသင်း (ဗဟို) သည်  Winrock International  အဖွဲ့အစည်း၏   ကူညီပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်းကိုUSAID၏ ရန်ပုံငွေဖြင့် ]]မြန်မာနိုင်ငံ  အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံ ကိန်း ၂၀၁၇-၁၈ စီမံကိန်း}}အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း Up- grading Value Chain for Melon in Dry Zone, Myanmar Project)  ရုံးခန်း

Friday, 17 Mar 2017

    အုန်းသီးစိမ်းကို ကသည်းလူမျိုး များ အဝယ်များ၊ အစားများတဲ့အတွက် နန့်ဖာလုံဈေးမှာ အုန်းသီးစိမ်းတွေ ဈေး ကောင်းရနေပါတယ်။ ကလေး၊ တမူး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာများ မှာ အုန်းသီးစိမ်းတစ်လုံးလျှင်  အလုံး အရွယ်အစားပေါ်  မူတည်ပြီး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့် ဈေးရှိပါတယ်။ နန့်ဖာလုံဈေးမှာတော့ အုန်းသီးစိမ်း တစ်လုံးလျှင် ရူပီး ၅၀ (မြန်မာငွေကျပ် ၁၀၀၀ ခန့်) ရှိပါတယ်။အုန်းသီးခြောက် ကတော့ သီတင်း ကျွတ်၊ တန်ဆောင်မုန်း လရောက်မှသာ ဈေးကွက်ရှိပါတယ်။ ဟိန္ဒူလူမျိုးများက အုန်းသီးခြောက်ကို မိမိသက်စေ့ ဝယ် ယူပြီး မိဘ၊ ဘိုးဘွားများကို ကန်တော့ ခြင်း၊ မြစ်အတွင်း အုန်းသီးခြောက်ရေ မျှောသည့်ပွဲများ နှစ်စဉ်ကျင်းပခြင်းတို့ ကြ

Wednesday, 15 Mar 2017

မတ် ၆ ရက်က ထုတ်ပြန်ခဲ့သော အဂရီဝပ်ချ် ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင်ခံစာတွင် ပဲမျိုးစုံ နှင့်ပတ်သတ်သော သတင်းများကို ဖော်ပြထားရာ ပဲမျိုးစုံ ကုန်သေတ္တာတင်သွင်းမှု အခြေအနေနှင့် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ ကြို တင်ခန့်မှန်းချက် စသည့် အချက်အလက်များကို  ဖော်ပြရာတွင် ယခင်ရက်သတ္တပတ်က   ဖော်ပြခဲ့ သည့်အတိုင်း ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ရရှိ ထားသော သတင်းအချက်အလက်များကိုသာ ဆက် လက်ဖော်ပြ ထားသည်။ ယခုရက်သတ္တပတ် တွင် ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဈေးနှုန်း အခြေအနေတို့ကိုမူ အောက်ပါအတိုင်း တွေ့ရှိရသည်။

Thursday, 9 Mar 2017

လူစားသုံးနိုင်သည့် အရည်အသွေး မီဂျုံတန် ချိန် ၁၁၃၁၆၇ တန်ကို အမေရိ ကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံမှ တင်ဒါစနစ်ဖြင့် ဝယ်ယူ ရန် ဂျပန်နိုင်ငံက ကမ်းလှမ်းထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ဂျုံများကို အမေရိကန် ပြည်ထောင်စုမှ ဂျုံဖြူ၊ ဆောင်းရာသီ စိုက်ဂျုံနှင့် နွေဦးရာသီစိုက်ဂျုံဟူ၍ အမျိုးအစား အသီးသီးခွဲ၍ ဝယ်ယူသွား မည်ဖြစ်သည်။ သြစတြေးလျ နိုင်ငံမှ ဂျုံများကိုမူ သြစတြေးလျ အနောက်ပိုင်း ဒေသမှ ထွက်ရှိသော Australia Standard White အမျိုး အစားကို တန်ချိန် ၂၇၇၅၀ ဝယ်ယူသွားမည် ဖြစ်သည်။ ကျန်ဂျုံ ပမာဏကို အမေရိကန် ပြည်ထောင်စုမှ မှာယူ တင်သွင်းမည်ဖြစ်သည်။သင်္ဘောတင်ရက်ကို အမေရိကန် ပြည်ထောင် စု ဂျုံများ အတွ

Thursday, 9 Mar 2017

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းလေကြောင်းလိုင်း တစ် လိုင်းဖြစ်သည့် Vietjet  လေကြောင်းလိုင်းအား နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(Inernational Air Transportation Association-IATA)  ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်ကြောင်းVietjet ၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းသည် Vietjet လေ ကြောင်းလိုင်းအား ဗီယက်နမ်နှင့် ပြည်ပလေကြောင်းဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းများကြားတွင်  အနာဂတ်လုပ်ငန်းနေရာ တစ်နေရာအဖြစ် ခိုင်မာစွာရပ်တည်လာစေမည်ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရမီVietjet  အနေဖြငC ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက် မှတ်ကို ရရှိခဲ့ပြီးဖြစ်သည်။နိုင်ငံတကာ

Thursday, 9 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ခွဲတင်ပို့ခဲ့ရာ တင်ပို့ ခဲ့ တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းဖြူတန် ၂၀၊ နှမ်းနက် ၁၆၆ တန်ခွဲနဲ့ နှမ်းညို ၃၂ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ နှမ်းဖြူ /နှမ်းနက် ၆၈ တန်ခွဲသာ တင်ပို့ခဲ့လို့ယခုတစ်ပတ် မူဆယ်မှနှမ်းတန် ၁၅၀ ပိုမိုတင်ပို့နိုင် ခဲ့တာတွေ့ရ ပါတယ်။

Thursday, 9 Mar 2017

ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ မတ်လဆန်းတွင် ဝင်ရောက်မှုများလာ ပြီဖြစ်တဲ့အတွက် မတ်ပဲသီးနှံလည်း အထွက်လှိုင်လာလို့ ဈေးကွက်မှာ နယ်စုံမှ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း ၊ရွှေတောင်၊ ကျီးသဲနှင့် ပြည်မြို့နယ်အတွင်းမှ ဝင်ရောက်မှုများသလို ကံမမြို့နယ် ဘက်မှလည်း ဝင်ရောက်ခဲ့တာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ ပဲအဝင်များခဲ့ပြီး၊ ရန်ကုန်ဝယ်လက်မှလည်း ဝင်လာသမျှ ဝယ်လို အားကောင်းနေကာ  ပဲဈေးမှာ တစ်တင်း ကျပ် ၃၀၈၀၀ ဖြင့် ဖေဖော်ဝါရီလကုန်က ဈေးထက် အနည်းငယ်ဈေးပို လာပေမယ့် တချို့တောင်သူတွေကတော့ ပဲဈေးကောင်းစောင့်ကာ  ထွက်ရှိလာသမျှ ပဲများ အား ရောင်း ချခြင်း မရှိသေးဘဲ သိုလှောင်ထားရှိကြ တ

Wednesday, 8 Mar 2017

    ကော်ဖီကြိုက်နှစ်သက်သူများနှင့် စိတ်ပါဝင်စားသူများ လေ့လာ နိုင်မည့် မြန်မာ့ပထမဆုံး Coffee Origin Tour  ကို ရှမ်းပြည်နယ်တောင် ပိုင်း ရွာငံမြို့နယ်တွင် လုပ်ဆောင်ထားကြောင်း သိရသည်။အဆိုပါ Coffee Origin Tour လုပ်ဆောင် ရခြင်းမှာ ကော်ဖီသောက် သုံးမည့်သူများအား ကော်ဖီစိုက်ပျိုးပုံ စိုက်ပျိုးနည်းနှင့် ကော်ဖီစေ့ကောင်း ရရှိရန်၊ အထွက်နှုန်းကောင်းသည့် ကော်ဖီများ ရရှိရန်၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို သိရှိစေ ရန်နှ င့် ဒေသခံများအတွက် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

Wednesday, 8 Mar 2017

      အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) သည် စီးပွားရေးအသိုက်အဝန်း ကို အကောင် အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ တစ်နှစ်တာကာလအတွင်း ဂျပန် အပါအဝင် အာဆီယံမဟုတ်သော နိုင်ငံများထံမှ အာဆီယံနိုင်ငံများအတွင်းသို့ စီးဝင်သော ရင်းနှီး မြှုပ်နှံမှုများ သိသိသာသာ တိုးပွားလျက်ရှိသည်။ အာဆီယံ (၁၀) နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း တစ်ခုတည်းေ သာ ဈေး ကွက်(Single market) ကို တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို အကောင်အထည် ဖော်လျက်ရှိသည်။အရှေ့တောင်အာရှဒေသ၏ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများသည် အာဆီယံေ ဒသတွင်းသို့ များပြားစွာ စီ

Wednesday, 8 Mar 2017

နုန်းကျောက်မှ ရေနံထုတ်လုပ်မှု တိုးတက်လာခြင်းနှင့်မက္ကဆီကို ပင်လယ်ကွေ့ကမ်းလွန်မှ ရေနံထုတ်လုပ်မှုမြင့်တက်လာသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ ရေနံစိမ်းထုတ်လုပ်မှုမှာ မြင့်တက်လာ ကြောင်း ဟယ်လင် နစ်ရှစ်ပင်း နယူးစ်သတင်းတွင် ဖော်ပြသည်။အမေရိကန်ပြည်ထောင်စု၏ ပျမ်းမျှရေနံစိမ်းထုတ်လုပ်မှုမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရရှိထားသောစာရင်းအရ ရက်သတ္တလေးပတ် အတွင်း တစ်ရက်လျှင် စည်ကိုးသန်းနီးပါး အထိ ရောက်ရှိခဲ့ကြောင်း စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်မှုအဖွဲ့(Energy Information Administration) ) က ထုတ်ပြန်သော ရက်သတ္တပတ်အစီရင်ခံစာတွင် ဖော်ပြသည်။ စက်တင်ဘာလအတွင်းက တစ်ရက်လျှင် စည် ၈ ဒသမ ၅ သန်းအထိ ထုတ်လုပ်မှု ကျဆင်းပြီးနောက်ပိ

Pages