Main menu

Background

Sunday, 19 Dec 2010

 နှမ်းတန် ၂ဝဝဝ နီးပါးကို တင်ပို့             ဒီဇင်ဘာလ ဒုတိယပတ်မှာ နှမ်းတင်ပို့မှု တန် ၂ဝဝဝ နီးပါးကို တိုးတက် လာတာတွေ့ရပါတယ်။ ဒေသအသီးသီးက ဈေးကွက်တွေကို နှမ်းအသစ်တွေ အဝင် ရှိနေပြီး ဝယ်လက်အဝယ်အေးလို့ ပြည်တွင်း ဈေးအေးနေခဲ့ပါတယ်။ ပြည် တွင်းဈေး အေးတာကြောင့် ပင်လယ်ရေကြောင်းတင်ပို့သူတွေတင်ပို့မှု တက်လာခြင်း ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ ကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်တင်ပြလိုက်ပါတယ် ်                      သိပ္ပံနှမ်းနက်       နှမ်းနက်             နှမ်းဖြူ၁၇-၁၂-၁ဝ      ၁၈ဝဝ-၁၈၅ဝ    ၁၄၅ဝ-၁၅ဝဝ          ၁၃ဝဝ-၁၃၅ဝ၉-၁၂-၁ဝ        ၁၉၂ဝ-၁၉၇ဝ     ၁၆၂ဝ-၁၆၇ဝ        ၁၄၂ဝ-၁၄၇ဝMIRT(MAPT)

Sunday, 19 Dec 2010

စားအုန်းဆီဈေးနှုန်းများ(၆-၁၂-၂ဝ၁ဝ မှ ၁ဝ-၁၂-၂ဝ၁ဝ နေ့ထိ)                                                                      ရေတွက်ပံုံ - ဒေါ်လာစဉ်        နေ့စွဲ             CIF(ရန်ကုန်)(၁) ၆-၁၂-၂ဝ၁ဝ            ၁၂၁ဝ(၂) ၈-၁၂-၂ဝ၁ဝ            ၁၂၁၅(၃) ၉-၁၂-၂ဝ၁ဝ            ၁၂၂ဝ(၄) ၁ဝ-၁၂-၂ဝ၁ဝ          ၁၂၂ဝှSource: ဆီကုန်သည်များ အသင်း

Sunday, 19 Dec 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB )ဈေးနှုန်း၁၇-၁၂-၂ဝ၁ဝ                                                   US$/Ton                     ဒီဇင်ဘာပထမပတ်              ဒီဇင်ဘာဒုတိယပတ်                နှိုင်းယှဉ်ချက်RBD P.Oil             ၁၁၄၇ .ဝဝ                     ၁၁၆၇ .ဝဝRBD P.Oilen          ၁၁၄၆ .ဝဝ                     ၁၁၈၂ .၅ဝRBD P.Strarin        ၁ဝ၈၈ .ဝဝ                     ၁၁၂၃ .ဝဝSource: econ.mpob

Sunday, 19 Dec 2010

လ ၃ဝ အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးကို ရောက်လာ              မလေးရှားနိုင်ငံရဲ့ သိုလှောင်ထားရှိမှု ပမာဏနဲ့ လာနီညာ ရာသီဥတု အခြေအနေများအရ ဒီဇင်ဘာလ ၁၄ ရက်စားအုန်းဆီဈေးဟာ လ ၃ဝ အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီ ကြမ်း ဈေးနှုန်းဟာတစ်တန်ကို ရင်းဂစ် ၈၉ (ကန်ဒေါ်လာ ၂၈) မြင့်တက်ပြီး ရင်းဂစ် ၃၇၂၂ (ကန်ဒေါ်လာ ၁၁၈၅) ကို မြင့်တက်ခဲ့ပါတယ်။ မလေးရှားစားအုန်းဆီ ထုတ်လုပ်မှုဟာ အောက်တိုဘာလမှာ အများဆုံးထွက်ရှိပြီး တဲ့နောက် ကျန်တဲ့ ကာလတွေမှာ ထုတ်လုပ်မှုကျဆင်းလာတော့မှာဖြစ်ပေမဲ့လည်း လာမယ့်တရုတ်နှစ်ကူး ပိတ်ရက်များနဲ့ နှစ်ကုန်ပိုင်းပွဲတော်များကြောင့် ဝယ်လိုအားက ဆက်ရှိနေဦးမှာ ဖြစ်လို့ နောက်လ အနည်းငယ်မှာလည်း စားအုန်းဆီဈေး ခိုင်မာဦးမယ်လို့ လေ့လာ ဆန်းစစ်သူတွေက မျှော်လင့်နေကြပါတယ်။              နိုဝင်ဘာလ စားအုန်းဆီ သိုလှောင်မှုဟာ ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၁ ဒသမ ၆၃ သန်းသာရှိတယ်လို့ သိရပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရာသီမှာ ထိခိုက်စေနိုင်ပြီး ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်းမှာ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ မလေးရှားနိုင်ငံ ရင်းနှီးမြူပ်နံှမှု ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားပါတယ်။ လာမယ့်နှစ်လယ်မှာ စားအုန်းဆီကြမ်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ မှ ၃၅ဝဝ (ကန်ဒေါ်လာ ၉၅၅ မှ ၁၁၁၄) ဝန်းကျင်မှာ ရှိနိုင်တယ်လို့လည်း ၎င်းကခန့်မှန်းထားပါတယ်။              မလေးရှားစားအုန်းဆီအဖွဲ့က ပြောကြားရာမှာ နိုဝင်ဘာလအတွင်း စားအုန်းဆီ ထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၄၅ သန်းရှိလို့ အောက်တိုဘာလ ထုတ်လုပ်မှုထက် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသလို ယခင်နှစ်ကာလတူ ထက်လည်း ၈ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။ တင်ပို့မှုမှာလည်း ယခင်နှစ်ထက် ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇုဇန၊ှသSources: palmoilhq.com

Sunday, 12 Dec 2010

 ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ၂ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဝန်ကြီးဌာနကဆို            ယခုလအတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ နိုဝင်ဘာလမှာ တန်ချိန် ၅ ဒသမ ၄ သန်းခန့်မှ ဒီဇင်ဘာလမှာ ၅ ဒသမ ၃ သန်းကို လျော့ကျနိုင်တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ပဲပုပ်ဆီတင်သွင်းမှုကတော့ တန်ချိန် ၁၉၅ဝဝဝ တန်ခန့်ထိ ရှိလာနိုင်လို့ ယခင်လတင်သွင်းမှု တန်ချိန် ၉၉၁ဝဝ ထက်တိုးတက်ပြီး စားအုန်းဆီ တင်သွင်းမှုကတော့ ယခင်လက တန် ချိန် ၃၄၁၈ဝဝ ရှိခဲ့ရာမှ ယခုလမှာ တန်ချိန် ၂၁၄၁ဝဝ ကို လျော့ကျ တင်သွင်းဖွယ်ရှိတယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားကြောင်း သိရပါတယ်။             တရုတ်နိုင်ငံရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ ဆီထွက်သီးနံှထုတ်ကုန် တင်သွင်းမှုနဲ့ ပတ်သက်လို့ လဝက်မှာ အမြဲတမ်းထုတ်ပြန်လျက်ရှိပြီး ယင်းဌာန ရဲ့ ခန့်မှန်းတဲ့ပမာဏဟာ အမှန်တကယ် တင်သွင်းတဲ့ ပမာဏထက် ပုံမှန်အား ဖြင့် လျော့ကျပါတယ်လို့ တရုတ်နိုင်ငံ တော် ကောက်ပဲသီးနံှနဲ့ ဆီသတင်း အချက်အလက်ဌာနက ပြောကြားပါ တယ်။                                                                                                               ယမင်းခင်၊Sources: bloonberg .com

Sunday, 12 Dec 2010

ပဲပုပ် လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ဈေးကွက်                      ယခင်တစ်ပတ်က ပြည်ဈေးကွက် မှာ လက်လီလက်ကား ဝယ်ယူသူများ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲပုပ်ဟာ ယခုတစ်ပတ်မှာ တိုင်းအတွင်းရှိဝယ်ယူ သူများဖြင့် အရောင်းအဝယ်ဖြစ်ကာ လက်ကျန်မရှိတော့ကြောင်း သိရပါ တယ်။ ပဲပုပ်လက်ကျန်မရှိတော့ပေမယ့် ယခင်တစ်ပတ်ဈေးအတိုင်း ပိဿာ ၂ဝ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့် ထားဆဲဖြစ်ကြောင်း သိရပါတယ်။                                                                                       ဆုမွန်မွန်ဆွေ

Sunday, 12 Dec 2010

မြေပဲပေါ်ချိန် အဝင်လှိုင်လို့ ဈေးချို                ဒီတစ်ပတ်မှာ မြေပဲဈေးအနည်းငယ်ကျလာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ရှိ တောင်ကြီးရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နဲ့ လွိုင်လင်ခရိုင် ခိုလန်၊ ကွန်းဟိန်းစတဲ့ နယ်တွေက မြေပဲများအဝင်များလာလို့ ဈေးကျလာတယ်လို့ ဆိုပါ တယ်။ ယခင်တစ်ပတ်က မြေပဲ ဆီဆံတစ်ပိဿာ ၁၅ဝဝ ကျပ်၊ ဆုံဝင် တစ်ပိဿာ ၁၆၅ဝ ကျပ်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ မြေပဲဆီဆံ တစ်ပိဿာ ၁၄၅ဝ ကျပ်၊ ဆုံဝင်တစ်ပိဿာ ၁၅၅ဝ ကျပ်၊ ၁၆ဝဝ ကျပ်ဈေးနဲ့ အနည်းငယ်ကျလာပါတယ်။ မြေပဲဖတ် တစ်ပိဿာ ၇၇ဝ ကျပ်၊ မြေပဲဆီသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ မြေပဲဆီအရော ၃ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဆီစက်လုပ်ငန်းရှင်များ ထံက သိရပါတယ်။စောယုထွေး

Sunday, 12 Dec 2010

မုံရွာကုန်စည်ဒိုင်နှမ်းအဝင်လှိုင်လို့ ဆီဈေးကျလာ               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ဆီထွက်သီးနံှဈေးကွက်အနေနဲ့ နယ်စုံက နှမ်းမျိုးစုံဈေးကွက်ထဲ အဝင်လှိုင်လာခဲ့လို့ နှမ်းမျိုးစုံဈေးကျလာခဲ့ရာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၃၂ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အသီးသီး ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို နှမ်းအဝင်လှိုင်လာပြီ နှမ်းဈေးအေးလာလို့ ဆီဈေးလည်း ကျဆင်းလာခဲ့ရာ ယခုတစ်ပတ်အတွင်း နှမ်းဆီ တစ်ပိဿာ ၂၉ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်၊ ပဲဆီ တစ်ပိဿာ ၃၁ဝဝ ကျပ်မှ ၃ဝ၅ဝ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၄၆ဝ ကျပ်အသီးသီးဈေးအေးသွားခဲ့တယ်လို့ သိရပါတယ်။ ယခုပတ် အတွင်း မန္တလေးဝယ်လက်ရှိခဲ့လို့ နှမ်းမျိုးစုံတင်း ၃ဝဝဝ ခန့် မုံရွာဈေးကွက်ကနေ မန္တလေးကို စီးထွက်ခဲ့တယ်လို့ သိရပါတယ်။                                                              ထွန်းလှိုင်

Sunday, 12 Dec 2010

နှမ်းဖြူတင်ပို့မှု သိသိသာသာမြင့်တက်               မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း နှမ်းရောင်စုံ ၁၇၂၂ တန်နီးပါး ကန်ဒေါ်လာ ၂ ဒသမ ၃၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။နှမ်းဖြူ ၇၇၂ တန်၊ နှမ်းနက် ၅၆၈ တန်နဲ့ နှမ်းအခွံချွတ် ၃၈၂ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလကထက် နှမ်းဖြူ ၈၂၈ တန်၊ နှမ်းနက် ၁၇၉ တန်နဲ့ နှမ်းအခွံချွတ် ၁၂၇ တန် အသီးသီးတင်ပို့မှု ပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ သုံးငွေဈေး ပြောင်းလဲမှုမရှိဘဲ မိမိဘက်မြေပြင် ပေါက်ဈေးကတော့ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                  ယခင်        ပြောင်းလဲမှု   %          ယခု            ယခင်      ပြောင်းလဲမှု        %နှမ်းဖြူ         ၁၁၂၅၂၇၇        ၁၁၁၃၉၇၇        ၁၁၃ဝဝ      ၁         ၁၃၃၉          ၁၃ဝ၃          ၃၆               ၂ .၇နှမ်းနက်     ၁၄၇ဝ၁၅၁           ၁၄၃ဝ၉၅၁       ၃၉၂ဝဝ      ၃         ၁၆၃၇           ၁၆၃၄          ၃                 ဝ .၂MIRT (DOBT)

Pages