Main menu

Background

Sunday, 12 Dec 2010

နှမ်းတန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက်တင်ပို့                ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက် တင်ပို့မှု အားကောင်းနေပါတယ်။ နှမ်းစိုက်ပျိုးတဲ့ ဒေသအသီးသီးမှာ နှမ်းအသစ်တွေလည်း ဝင်လာပြီဖြစ်ပြီး တရုတ်ဘက်က အဆွဲနည်းနည်းအေးသွားလို့ ပြည်တွင်းဈေးလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၂ဝ- ၁၉၇ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၂ဝ-၁၆၇ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန် ဒေါ်လာ ၁၄၂ဝ-၁၄၇ဝ အသီးသီး ရှိကြောင်း သိရပါတယ်။                                                                                                                               MIRT - MAPT

Sunday, 12 Dec 2010

စားအုန်းဆီဈေးနှုန်းများ(၆-၁၂-၂ဝ၁ဝ မှ ၁ဝ-၁၂-၂ဝ၁ဝ နေ့ထိ)                                                                                                       ရေတွက်ပုံ- ဒေါ်လာစဉ် နေ့စွဲ                        CIF(ရန်ကုန်)(၁) ၆-၁၂-၂ဝ၁ဝ              ၁၂၁ဝ(၂) ၈-၁၂-၂ဝ၁ဝ              ၁၂၁၅(၃) ၉-၁၂-၂ဝ၁ဝ              ၁၂၂ဝ(၄) ၁ဝ-၁၂-၂ဝ၁ဝ            ၁၂၂ဝ                                                                                                                    ှSource: ဆီကုန်သည်များအသင်း

Sunday, 12 Dec 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁ဝ-၁၂-၂ဝ၁ဝ                                                                                              US$/Ton                           နိုဝင်ဘာလပဉ္စမပတ်    ဒီဇင်ဘာပထမပတ်          နှိုင်းယှဉ်ချက်RBD P.Oil                 ၁ဝ၇၇ .၅ဝ              ၁၁၄၇ .ဝဝRBD P.Oilen             ၁၁ဝ၃ .ဝဝ               ၁၁၄၆ .ဝဝRBD P.Strarin           ၁ဝ၇၃ .၅ဝ              ၁ဝ၈၈ .ဝဝ                                                                                                                                  Source: econ.mpob

Sunday, 12 Dec 2010

တရုတ်နိုင်ငံက သိုလှောင်ထားရှိမယ့်အခြေအနေကြောင့် စားအုန်းဆီဈေး ၃ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိနိုင်                 အာဂျင်တီးနားမှာ ရာသီဥတု ပူတာကြောင့် ပဲပုပ်စိုက်ပျိုးမှုကို ထိခိုက် ခဲ့တဲ့အတွက် တရုတ်နိုင်ငံက စားအုန်းဆီတင်သွင်းမှုတိုးတက်မယ့် အခြေအနေ အရ စားအုန်းဆီဈေးဟာ ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံးဈေးကို ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ G G N International  မှ ဒါရိုက်တာGovindlal G. Patel က ပြောကြားပါတယ်။မတ်လအတွက်ကြိုပွိုင့်ဈေးက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၇၂ )ထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ ရာသီဥတုအရ ထုတ်လုပ်မှုကျဆင်းနိုင်ခြင်းကလည်း ဈေးနှုန်းကို မြင့် တက်စေနိုင်တယ်လို့ ၎င်းကဆိုပါတယ်။                      ယခုနှစ်အတွင်း ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးဟာ ဆီထွက်သီးနံှစိုက်ပျိုးတဲ့ နိုင်ငံများမှာ မိုးရွာသွန်းခြင်း၊ မိုးခေါင်ခြင်းဆိုတဲ့ ရာသီဥတုမမှန်ခြင်းကြောင့် ကမ္ဘာ့ဆီထွက်သီးနံှရောင်းချမှု လျော့ကျခြင်းနဲ့ တရုတ် နိုင်ငံက ဝယ်လိုအားမြင့်တက်ခြင်းတို့အကြား စားအုန်းဆီဈေးဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဟင်းသီးဟင်းရွက်ဆီ ၈ မျိုးအတွက် ကမ္ဘာ့ဝယ်လိုအားက ၈ နှစ်အတွင်း ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ထုတ်လုပ်မှုထက် ကျော်လွန်မယ်လို့ Oil World  က နိုဝင်ဘာလ ၁၉ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။                        ဒီဇင်ဘာလ ၈ ရက် မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၆၄ဝ (ကန်ဒေါ်လာ ၁၁၅၇) ကို ၈ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။စားအုန်းဆီအများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်များအတွင်း ဈေးကစားဖို့ ဘဏ်အြွေကးကတ်များ အသုံးပြုခြင်းကို ကန့်သတ်လိုက်သလို နိုင်ငံတော်အရန် သိုလှောင်မှုထဲက ပဲပုပ်နဲ့ ဟင်းသီးဟင်းရွက်ဆီများ ရောင်းချပေးခဲ့ပါတယ်။ ပဲပုပ်အများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ ယခုနှစ်အတွင်း တန်ချိန် ၅၇ သန်းဝယ်ယူနိုင်ဖွယ်ရှိတယ်လို့ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့USDA  က ခန့်မှန်းထားပါတယ်။ ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တန်ချိန် ၁၄ ဒသမ ၂ သန်းကျော်တင်သွင်းနိုင်လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၄ သန်းပိုမိုမယ်လို့ လည်း Oil World  မှ ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပါတယ်။                                                                           ယုဇန၊ှSources: bloonberg .net

Monday, 6 Dec 2010

တရုတ်အစိုးရက ပဲပုပ်တန်ချိန် ၃ သိန်းထုတ်ရောင်းဖို့စီစဉ်                             တရုတ်နိုင်ငံတော် ကောက်ပဲ သီးနံှနဲ့ ဆီကုန်သွယ်ရေးစင်တာ (NGOC ) ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ မှာ ဈေးကွက်ကို ပဲပုပ်တန်ချိန် ၃ သိန်း ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ တရုတ် ပြည်တွင်းသတင်းမှာ ဖော်ပြထား ပါတယ်။ (NGOC ) ဟာ ဈေးကွက်လိုအပ် ချက်ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြီး ဝယ်ယူသူများဟာ ဝယ်ယူတဲ့နေ့မှ စပြီး ရက် ၃ဝ အတွင်း ပဲပုပ်ဆီကြိတ်ခွဲပြီး ဈေးကွက်ကို ဖြန့်ဖြူးနိုင်ရမယ်လို့ သတ်မှတ် ထားကြောင်း သိရပါတယ်။ ပဲပုပ်တန်ချိန် ၃ သိန်းကို ကြိတ်ခဲွဲ နှုန်း ၁၆ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဆီ တန်ချိန် ၄၈ဝဝဝ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းစားဆီဈေး တည်ငြိမ်မှုရှိစေဖို့(NGOC ) ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မုန်ညှင်းဆီ တန်ချိန် တစ်သိန်း ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။                                                                                                                               ယမုံနာ၊ှSources: Internet

Monday, 6 Dec 2010

 ကလေးပဲပုပ်မန်းသို့ တိုက်ရိုက် စီးဆင်းနေ                     မုံရွာကုန်စည်ဒိုင်မှာ နိုဝင်ဘာလ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄ဝဝဝ ကျပ်မှ ၁၅၃ဝဝ ကျပ်အတွင်းသာ ဈေးငြိမ် နေ ခဲ့ပြီး နယ်အဆွဲမရှိသလောက် နည်းပါး ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း ပဲလက်လီသမားများ အဝယ်အသင့် အတင့်ရှိခဲ့ကာ ပဲဟောင်းလက်ကျန်သမားတွေ အနည်းငယ်ထုတ်ရောင်းမှု ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုနှစ် ပဲပုပ်ဈေးကွက်ကို လေ့လာတဲ့ အခါ မတ်လအတွင်း တစ်တင်း ၁၇၅ဝဝ ကျပ်ထိ အမြင့်ဆုံး တက်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ တစ်တင်း ၁၂ဝဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းခဲ့တာ တွေ့ရ ပါတယ်။ ကလေး၊ ကလေးဝ နယ်က ပဲပုပ်အများစုကတော့ မုံရွာ ကုန်စည်ဒိုင်ကို မဝင်ဘဲ  မန္တလေးဈေးကွက် ဆီ တိုက်ရိုက်တင်ပို့ ရောင်းချခဲ့ကြရာ နိုဝင်ဘာလထဲမှာ တင်း ၁၇ဝဝ နီးပါး ရှိတယ်လို့ သိရပါတယ်။   ထွန်းလှိုင် 

Monday, 6 Dec 2010

 ပြည်ပဲပုပ်လက်ကျန်နည်းလာ          ပြည်ဈေးကွက်အတွင်း ပဲပုပ်မှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၇၅ဝဝ ကျပ်ဖြင့် ယခင်အပတ်များက အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်တွင်လည်း လက်လီ လက်ကား ဝယ်ယူသူများရှိသော်လည်း အရောင်းအဝယ် အနည်းငယ် အေး ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် အတွင်း ပဲပုပ်လက်ကျန် အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် ယခု တစ်ပတ် ပဲပုပ်ဈေးမှာ ယခင်တစ်ပတ် ထက် တစ်တင်းလျှင် ၁ဝဝဝ ကျပ် ဈေးမြင့်ကာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၈၅ဝဝ ကျပ် ဈေးရှိကြောင်း သိရပါတယ်။                                                                                                      ဆုမွန်မွန်လှိုင်

Monday, 6 Dec 2010

အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်မြေပဲဆံ               ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဆောင်းနဲ့အတူ အေးလျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံကို ဆီစက်သမား များမှ အဝယ်ရှိနေလို့ တစ်နေ့ကို မြေပဲဆံအိတ် ၉ဝဝ-၁ဝဝဝ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လုံးဆံအဝယ် သိပ်မရှိတာကြောင့် အရောင်းအဝယ်ပါးလျက်ရှိပါတယ်။ မြေပဲဆံကို မကွေးတိုင်းရှိ မြို့နယ်များမှ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ပြည် ဈေးကွက်တွင် ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၅ဝဝ ကျပ်၊ လုံးဆံတစ်ပိဿာ ၁၇ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြေပဲဆီ တစ် ပိဿာကို ၃၄ဝဝ ကျပ် ဖြစ်နေပါတယ်။ ဝေဝေမင်း

Monday, 6 Dec 2010

ပစ္စည်းဝင်ပေမဲ့ နယ်အဆွဲနှေးလို့ မုံရွာနှမ်းဈေးအေးလာ            မုံရွာဒေသဝန်းကျင်က မိုးနှမ်းတွေ ရိတ်သိမ်းမှုစတင်နေပြီး နိုဝင်ဘာလ ဆန်းကစလို့ ဈေးကွက်ထဲဝင်ခဲ့ရာက လကုန်ပိုင်းမှာ ပစ္စည်းအဝင်လှိုင်လာတယ်လို့ ဆိုပါတယ်။ မန္တလေးအဆွဲ ပုံမှန်မရှိခဲ့ဘဲ၊ ဒေသခံစက်သမားတွေရဲ့ ဝယ်ယူမှု တစ်ခုထဲကြောင့် နှမ်းဈေးကျခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှမ်းအမျိုးအစားအလိုက်တစ်တင်း ပေါက်ဈေးအနိမ့်အမြင့်ကို လေ့လာတဲ့အခါ နှမ်းညို ၂၁၅ဝဝ ကျပ်မှ ၂၃၂ဝဝ ကျပ်၊ နှမ်းဝါ ၂၄၃ဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်၊ နှမ်းနီ ၂၃ဝဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၄၅ဝဝ ကျပ်မှ ၂၆ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းမှာတော့ နှမ်းညို ၂၁၅ဝဝ ကျပ်၊ နှမ်းနီ ၂၃၂ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၅ဝဝဝ ကျပ်အသီးသီးဈေးအေးသွားခဲ့ပါတယ်။ နှမ်းအဟောင်းဝယ်သူမရှိလို့ ဈေးမဖွင့်နိုင်ခဲ့ဘူးလို့လည်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မန္တလေးအဆွဲအေးခဲ့လို့ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၆ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ရာ ယခင်လကထက် ၂ ဆ နီးပါး လျော့ကျသွားကြောင်း သိရပါတယ်။ ထွန်းလှိုင်

Pages