Background
ယခုအပတ်နယ်စပ်မှ နှမ်းနက် တင်ပို့မှုပို ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှနမ်းနက် ၅၃၃ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၇၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအရောင်အလိုက် ယခု အပတ်မှာ တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၄၁ဝ တန်ကျော်၊ နှမ်းအခွံ့ချွတ် ၆၉ တန် နဲ့ နှမ်းနက် ၅၃၃ တန် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ ၅ တန်သာလျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးသာမြင့်တက်သော်လည်း တစ်ဘက်နိုင်ငံ ဈေးပြောင်း လဲမှုမရှိတဲ့အတွက် တင်ပို့မှု ပုံမှန်ရှိနေခြင်းဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂ဝဝ၄၄၆ ၁၁၈၅၂ဝဝ ၁၅၂၄၆ ၁ .၃ ၁၃၂၄ ၁၃၂၃ ၁ ဝ .ဝ၈နှမ်းနက် ၁၄၇၅၉၃၇ ၁၄၅၈၃၇၇ ၁၇၅၆ဝ ၁ .၂ ၁၅၇၉ ၁၅၇၈ ၁ ဝ .ဝ၆MIRT (DOBT)
လာမယ့်သီတင်းပတ်မှာ စားအုန်းဆီများ ထပ်မံမြင့်တက်နိုင် မလေးရှား စားအုန်းဆီကြမ်းဈေးဟာ ယခုနှစ်အမြင့်ဈေးဖြစ်တဲ့ တစ်တန် ကို ရူပီး ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ထက်ပိုပြီး လာမယ့်သီတင်းပတ်မှာ မြင့်တက် လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နှစ်ကုန်ပိုင်းမှာ တစ်တန်ကို ရင်းဂစ် ၃၇ဝဝ- ၃၈ဝဝ (ကန်ဒေါ်လာ ၁၁၉၅-၁၂၂၇) ရှိလာနိုင်တယ်လို့ စားအုန်းဆီလုပ်ငန်း အကြံပေး M. R Chandran က ပြောကြားပါတယ်။ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ ဲJohor, Sabah ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် ၂ဝ၁ဝ အတွင်း စားအုန်းဆီကြမ်း ပျမ်းမျှဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆ဝဝ နဲ့ ၂၆၅ဝ (ကန်ဒေါ်လာ ၈၃၉-၈၅၆) တွင်းမှာ ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၄ လ အတွင်းမှာတော့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကွာလာလမ်ပူမှာ ယခုနှစ် လက်ရှိအချိန်ထိစားအုန်းဆီကြမ်းဈေးဟာ ရင်းဂစ် ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ကို ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မတ်လပို့ရမယ့် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ဟာလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၆၅၈ (ကန်ဒေါ်လာ ၁၁၇၅) ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိကတော့ လာမယ့်နှစ် စားအုန်းဆီကြမ်း ထုတ်လုပ်ရောင်းချမှု ငြိမ်နေပေမဲ့ ဝယ်လိုအား ကောင်းမယ့်အလားအလာ တွေကြောင့် မြင့်တက်လာနိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ စားအုန်းဆီကြမ်းထုတ်လုပ်မှု တန်ချိန် ၂ သန်း၊ ၃ သန်းပိုလာနိုင်ပေမဲ့ တရုတ်နဲ့ အိန္ဒိယအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများက ဝယ်လိုအား ပိုမိုကောင်းမွန်ခြင်းကို ဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုန်ညှင်းစေ့နဲ့ နေကြာစေ့လို အခြားဆီထွက်သီးနံှထုတ်လုပ်မှု ကျဆင်းနိုင်ခြင်းက လည်း စားအုန်းဆီဈေးကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: palmoilhq.com
နှမ်းတန် ၁ဝဝဝ ကျော်ဆက်လက်အပို့ရှိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုအနေနဲ့ ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၁၁ဝဝ ကျော်ရှိပြီး၊ ဒုတိယပတ်မှာ တန် ၂ဝဝဝ နီးပါးတင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို နှမ်းအသစ် တော်တော်များများ ဝင်ရောက်လာနေပြီဖြစ်ပြီး ပြည်တွင်းအဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူဖြစ်ပြီး အများဆုံး ပမာဏ ကိုတော့ ဂျပန်ကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
နိုဝင်ဘာလတွင်း တရုတ်၏ ကောက်ပဲသီးနံှတွင် တင်သွင်းမှု စံချိန်တင် မြင့ ်တက် နိုဝင်ဘာလတွင်း တရုတ်၏ ကောက်ပဲသီးနံှတွင် တင်သွင်းမှု စံချိန်တင် မြင့ ်တက် တရုတ်နိုင်ငံတွင် နိုဝင်ဘာလ အတွင်း လယ်ယာထွက်ကုန် တင်သွင်းမှု က သိသိသာသာမြင့်တက်ကြောင်း၊ နိုဝင်ဘာလတွင် ပဲပုပ်ဆီ တင်သွင်းမှု တန်ချိန် ၅ ဒသမ ၄၈ သန်းနဲ့ စားဆီ တင်သွင်းမှုက တန်ချိန် ၆ သိန်းအသီးသီးကိုရောက်ရှိခဲ့ရာ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရာတွင် ပဲပုပ်ဆီမှာ ၄၇ ရာခိုင်နှုန်းနဲ့ စားဆီမှာ ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန် ဆိုင်ရာ ဗဟိုစာရင်းအင်း အုပ်ခုျပ်ရေးမှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ သိရှိ ရပါတယ်။ တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာလ ပဲပုပ်တင် သွင်းမှုက တန်ချိန် ၅ ဒသမ ၄၈ ကို ရောက်ရှိဦးမယ်လို့ ခန့်မှန်းခဲ့ပြီး တရုတ်နိုင်ငံ ဗဟိုစီးပွားရေးအဖွဲ့ ညီလာခံမှ (Central Economic Work Conference) မှ ၂ဝ၁၁ ခုနှစ်တွင် ခေတ်မီတဲ့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဈေးကစားခြင်းများ ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ၎င်းအစည်းအဝေး မှ ကျေးလက်ဒေသများတွင် ကောက်ပဲသီးနံှ ထုတ်လုပ်မှုအတွက် အခြေခံ အဆောက်အဦ လုပ်ငန်းများကို အားပေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ Source:istockanalyst.com, အေးမွန်မွန်လှိုင်
မန်းပဲပုပ် ၉ဝ ရာခိုင်နှုန်း နီးပါး စိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီးမှာ ပဲပုပ်ကို မိုးသီးနံှအဖြစ် ၂ ရာခိုင်နှုန်းသာ စိုက်ပျိုးပြီး ဆောင်းစိုက်အဖြစ် ၉၈ ရာခိုင် နှုန်းစိုက်ပျိုးကြောင်းသိရပါတယ်။ သုံးနှစ် တာကာလရဲ့ ပဲပုပ်စိုက်ပျိုးမှုများကတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ ၃၂၃၂၁ ဧက၊ ၂ဝဝ၉-၂ဝ၁ဝ မှာ ၃၂၂၂၅ ဧကဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ၃၃၆၃၆ ဧကလျာထားပြီး မိုးသီးနံှ ၇ဝ၃ ဧက စိုက် ပျိုးခဲ့ပြီးဖြစ်ကာ ယခု ဆောင်းသီးနံှမှာ တော့ ၂၈၃၂၇ ဧက၊ ၈၈ဒသမ ၇၁ ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းစိုက်ပျိုးမှု အများဆုံးမှာ မတ္တရာ မြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၃၇ ရာခိုင်နှုန်း၊ ဒုတိယအများဆုံး မြင်းခြံ မြို့နယ်က ၂၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ မန္တလေး ဈေးကွက်ကို တိုင်းတွင်း စိုက်ပျိုးရာဒေသများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနဲ့ ရှမ်း ပြည်နယ် တောင်ကြီးတို့မှ အများဆုံး ဝင်ရောက်ပြီး မြင်းမူ၊ ပခုက္ကူ၊ မုံရွာဒေသတို့မှ လည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက် ဝင်ရောက်သည့် သီးနံှအများစု ကို တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ဘဏ္ဍာနှစ်အတွင်း ၂၄၂၇ တန်၊ ၂ဝဝ၉-၂ဝ၁ဝ မှာ ၂၄၁၂ တန်နဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဒီဇင်ဘာ တတိယပတ် ထိတန် ၅ဝဝခန့်တင်ပို့နိုင်ကြောင်း သိရ ပါတယ်။ ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ နှစ်အလိုက် ဒီဇင်ဘာ တတိယပတ် ပဲပုပ် တစ်ပိဿာပေါက်ဈေးများမှာ ၂ဝဝ၈ ဒီဇင်ဘာတတိယပတ်ပဲပုပ် (ဗမာ)၁၆၃၅ ကျပ်၊ ၁၆၉ဝကျပ်၊(ရှမ်း)၇၅ဝကျပ်၊ ၉၆ဝ ကျပ်၊ ၂ဝဝ၉ ဒီဇင်ဘာ တတိယပတ်မှာ (ဗမာ) ၈၃၂ ကျပ်- ၇၅ဝ ကျပ်၊ (ရှမ်း) ၆၂ဝ ကျပ်-၆၇၆ကျပ်၊ ၂ဝ၁ဝဒီဇင်ဘာ တတိယပတ်(ဗမာ) ၇၃ဝကျပ်၊ ၇၇ဝကျပ်၊ (ရှမ်း) ၈၂၅ ကျပ်၊ ၉၄ဝ ကျပ် အသီးသီး ဖြစ်ကြောင်း သိရပါတယ်။ သက်သက်နိုင်
မန်းအဆွဲရှိလို့ နှမ်းဈေးမာနေ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယပတ်နှမ်းဈေးကွက်မှာ နှမ်းမိုျးစုံဈေးမာ လာပါတယ်။ နယ်စုံက နှမ်းဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးအနေနဲ့ နှမ်းညိုတစ်တင်း ၁၉၅ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၁၈ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးမာလျက်ရှိပါတယ်။ ဂန့်ဂေါနယ်နဲ့ မြောင်နယ်တွေဘက်က အထွက်တိုး နှမ်းနက်အချို့ ဈေးကွက်ထဲဝင်လာခဲ့ပြီး ၊ တရုတ်ဝယ်လက်ရှိတဲ့အတွက် တစ်တင်း ၂၈ဝဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ဆီစက်သမားများနဲ့ လက်လီအဝယ်အပြင် မန်းအဆွဲအနည်းငယ်ရှိလို့ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပတ်မှာ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို နှမ်းတင်း ၁၅ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ရှမ်းပန်းနှမ်း ဈေးကွက်ဝင်ပြီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တိုင်းမှာ စိုက်ပိုျးဖြစ်ထွန်းသီးနံှဖြစ်တဲ့ ပန်းနှမ်းများစပေါ်ပြီဖြစ်ပါတယ်။ မိုးနဲ၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်များမှ ပန်းနှမ်းများ ဈေးကွက်တွင်းစတင်ဝင်ရောက်လာပါတယ်။ အထွက်နှုန်းကတော့ ယခင်အထွက် နှုန်းနဲ့ သိပ်မကွာကြောင်း သိရပါတယ်။ ဒီနှစ်ပန်းနှမ်းပေါ်စ အဖွင့်ဈေးမှာ ပန်းနှမ်း တစ်ပိဿာ ၁၂၅ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းမှာတော့ ပန်းနှမ်းလှိုင်လှိုင်ပေါ်တော့မှာဖြစ်ပါတယ်။ ပန်းနှမ်းဆီကတော့ တစ်ပိဿာ ၂၈၅ဝ ကျပ်၊ ၂၉ဝဝ ကျပ်ရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များမှ သိရပါတယ်။ စောယုထွေး
စစ်ကိုင်းတိုင်းဒေသကြီး မိုးနှမ်းများဈေးကွက်ဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် မိုးနှမ်းစိုက် ဧက ၄ ဒသမ ၄၇ သိန်းကျော်၊ ဆောင်းနှမ်းစိုက်ဧက ၄ ဒသမ ၅၂ သိန်းကျော် စိုက်ပိုျးပါတယ်။ မိုးနှောင်းပိုင်း သြဂုတ်လလယ်၊ စက်တင်ဘာ လဆန်းပိုင်း စိုက်နှမ်း များ နိုဝင်ဘာလဆန်းမှ ယခုအချိန်ထိထွက်ပေါ်နေပါတယ်။ စစ်ကိုင်းမြို့နယ် ကျောက်ဆည် တစ်ရွာလုံး နှမ်းစိုက် တောင်သူ ၁ဝဝ ရှိပြီး နှမ်းစိုက်ဧကပေါင်း ၄ဝဝ ခန့် ရှိပါတယ်။ တောင်သူတစ်ဦးကို နှမ်းဖြူ ၃ ဧကမှ ၇ ဧကထိ စိုက်ပိုျးကြ ပါတယ်။ တစ်ဧကကုန်ကျစရိတ် ၇ဝ၂ဝဝ ကျပ်၊ ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၅ တင်းကျော်ထွက်ကြောင်း သိရပါတယ်။ နှမ်းဖြူ တစ်တင်းဈေး နိုဝင်ဘာလမှ ယခုချိန်ထိ အနိမ့်၊ အမြင့်ဈေး ၂၂၅ဝဝ ကျပ်-၂၆ဝဝဝ ကျပ်၊ ပျမ်းမျှ တစ်တင်းဈေး ၂၄၂၅ဝ ကျပ်ဈေးပေါက်လို့ တစ်ဧကအမြတ် ၅ဝဝဝဝ ကျပ်ကျော် ရှိကြောင်း သိရပါတယ်။ ကျေးရွာများမှ ထွက်ရှိတဲ့ နှမ်းကို စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း သိရပါတယ်။ သန်းသန်းတင်
နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့ကျ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ နှမ်းရောင်စုံ တင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်ထက်ဝက်လျော့ကျသွားပါတယ်။ ယခင် အပတ်ကထက် တန် ၇ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နှမ်းဖြူ ၄၇၈ တန်၊ နှမ်းနက် ၄၅၅ တန်၊ နှမ်းအခွံချွတ် ၅၉ တန်နဲ့ ချင်း ရွှေဟော်မှ နှမ်းဖြူ ၂၇ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းနှမ်းရောင်စုံ တန် ၁ဝဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်း နှမ်းတင်ပို့မှုမှ ရရှိခဲ့ပါတယ်။ တရုတ်ဘက် အဆွဲနည်းတဲ့အတွက် တင်ပို့မှုလျော့ကျတာလို့ သိရပါတယ်။နှမ်းဖြူ ဈေး မိမိဘက်မြေပြင်ဈေးကျနေသော်လည်း နှမ်းနက်ဈေးမှာမူ မြင့်တက်လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၈၅၂ဝဝ ၁၁၉၈ဝ၇၇ ၁၂၈၇၇ ၁ .၁ ၁၃၂၃ ၁၃ဝ၉ ၁၄ ၁ .၁နှမ်းနက် ၁၄၇၁၉၈၈ ၁၄ဝ၄၆၁၁ ၆၇၃၇၇ ၅ ၁၅၇၈ ၁၅၈ဝ ၂ ဝ .၁MIRT (DOBT)
