Background
အောက်တိုဘာ ၁၂ရက်က စားအုန်းဆီဈေးသည် ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့်အတွက် ကုန်သည်များသည် တက်ဈေးကိုအခွင့်ကောင်းယူကာ စားအုန်းဆီကို ရောင်းချလာကြသည်။ ထို့ကြောင့် ေ အာက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးများ ပြန်လည်ကျဆင်းခဲ့သည်။ စားအုန်းဆီရောင်းဝယ်ရာတွင် အသုံးပြုသော ငွေကြေးဖြစ်သည့် ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံခြားငွေကို အသုံးပြု ဝယ်ယူသောအခါ ငွေလဲလှယ်နှုန်းအရ စား အုန်းဆီဈေးက သက်သာစေသည့်အတွက် ဈေးကွက်တွင် အဝယ်လိုက်ပြီး အခြေအနေကို ထိန်းထားနိုင်ခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ဒီဇင်ဘာအတွက် ကြို
ပဲပုပ်ဆီဈေးနှုန်း ကျဆင်းခြင်းနှင့်အတူ မလေးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုလည်း ကျဆင်းမည်ဟု ခန့်မှန်းကြသည့်အတွက် အောက်တိုဘာ ၆ ရက်တွင် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ရက်သတ္တပတ်အတွင်း အနိမ့် ဆုံးဈေးအဖြစ် တစ်ဟုန်ထိုးကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် အောက်တိုဘာ ၅ ရက် ဈေး ပိတ်ချိန်က စားအုန်းဆီ တစ်တန်ကို ၂၅၅၆ ရင်းဂစ် ( အမေ ရိကန် ၆၁၈ ဒေါ်လာ)ရှိပြီး ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။
စားအုန်းဆီဈေးနှုန်းများက သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ရာမှ ပို့ကုန်အလားအလာ ကျဆင်းမှုနှင့် ဈေးရနေချိန်ကို အခွင့်ကောင်းယူကာ ပြန်လည်ရောင်းချလာသဖြင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၁ ရက် မှာ ပထမအကြိမ်အဖြစ် ပြန်လည်ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်(Bursa Malaysia Derivatives Exchange)၌ ဒီဇင်ဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက စက်တင်ဘာ ၂၁ရက် ဈေးပိတ်ချိန် တွင် တစ်တန်ကို ၂၆၇၅ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၄၇)နှုန်းရှိခဲ့ရာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရင်းဂစ်တန်ဖိုးကျဆင်းမှုနဲ့ ဩဂုတ်လအကုန် စတော့ လက်ကျန်က ခြောက်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမှု တွေက စားအုန်းဆီဈေးနှုန်း မြင့်တက်ဖို့ အထောက်အကူ ဖြ စ်ခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအား ကျဆင်းတဲ့အတွက် စက်တင်ဘာ ၁၄ရက်မှာ မလေးရှားစားအုန်းဆီ ကြိုရောင်း ဈေးနှုန်းက ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ကြောင်း စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ စက်တင်ဘာ ၁၄ ရက် ဈေးပိတ် ချိန်က နိုဝင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၆၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၂) နှုန်း ရှိခဲ့ပါတယ်။ အနိမ့်ဆုံး ေ
ရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့ သြဂုတ်လအကုန် စတော့ လက်ကျန်က ခြောက်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမှု တွေက စားအုန်းဆီဈေးနှုန်း မြင့်တက်ဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအား ကျဆင်းတဲ့ အတွက် စက်တင်ဘာ ၁၄ရက်မှာ မလေးရှားစားအုန်းဆီ ကြိုရောင်း ဈေးနှုန်းက ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ကြောင်း စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ဘာဆာ မလေးရှား ကုန်စည်ဒိုင(Bursa Malaysia Derivatives Exchange) မှာ စက်တင်ဘာ ၁၄ ရက် ဈေးပိတ် ချိန်က နိုဝင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၆၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၂) နှုန်း ရှိခဲ့ပါတယ်။ အနိမ့်ဆုံး ဈေးက တစ်
မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက သြဂုတ် ၂၄ ရက်မှာ ဒုတိယနေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ရောင်းလိုအား ကျဆင်းလာခြင်းနဲ့ ပို့ကုန်မြင့် တက်လာမယ့် အခြေအနေကို အကြောင်း ပြု ပြီး မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) မှာ နိုဝင်ဘာအတွက် စာချုပ် ချုပ်ဆို ရောင်းချတဲ့ စားအုန်းဆီ အခြေခံ စံ ထားဈေးနှုန်းက ညနေ ဘက်ဈေးပိတ်ချိန်မှာ သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၂၆၀၀ ( အမေရိကန်ဒေါ်လာ ၆၄၄ ) ရှိပါ တယ်။ တစ်ရက်အတွင်း အမြင့်ဆုံးဈေးနှုန်းက ၂၆၂၃ ရင်းဂစ် ဖြစ်ပြီး သြဂုတ် ၁၉ ရက် နောက်ပိုင်း
သြဂုတ် ၁၄ ရက်မှ ၂၀ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၂၂၁၆၂၂ တန်ဖိုးရှိ အဆင့်မြင့်ဒီဇယ် ၁၄၉ ဒသမ ၆၆၇ တန်နဲ့ ကန်ဒေါ်လာ ၁၅၀၅၁၁၀၂ တန်ဖိုးရှိ ဓာတ်ဆီ၂၉၃ဒသမ၄၉၄တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဒီဇယ်၊ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၄၄၃ ဒသမ ၁၆၁ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ၉၂နဲ့ ၉၅တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်၊ ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၆ တန်ကျော်သာ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၄၀၀ ကျော် ပိုမိုတင်သွင်းခဲ့တယ် လို့သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ၉၀၀၂၄၅တန်ဖိုးရှိဒီဇယ် ၁၈၇၂တန်၊ ကန်ဒေါ်လာ ၁၇၅၂၈၀ တန်ဖိ
စားအုန်းဆီရောင်းလိုအား ကျဆင်းမှုက ဈေးကွက်ကို အထောက်အကူဖြစ်စေတဲ့အတွက် သြဂုတ် ၁၇ ရက်က မလေးရှား စားအုန်းဆီကြိုရောင်းဈေးက လေးရာခိုင်နှုန်းမြင့် တက်ကာ ၁၀ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ စားအုန်းဆီရောင်းဝယ်ရာမှာ အသုံးပြုတဲ့ ငွေကြေးဖြစ် တဲ့ ရင်းဂစ်တန်ဖိုးမြင့်တက်မှုကြောင့် နိုင်ငံခြား ငွေကြေးကို အသုံးပြု ဝယ်ယူသူတွေအတွက် စားအုန်းဆီကို ဝယ်ယူတဲ့ အခါ ငွေကြေးပိုမိုစိုက် ထုတ်နေတာ ကို ေ တွ့ရပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Verivatives Exchange) မှာ အောက်တိုဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ၂၆၄၃ ရင်းဂစ် (အမေရိ ကန် ဒေါ်လာ
သြဂုတ် ၉ရက်မှာ အခြား ဟင်းရွက်ဆီ ရောင်းလိုအား ကျဆင်းလာတဲ့အတွက် ဥရောပဈေးကွက်မှာ စားအုန်း ဆီဈေး မြင့်တက်ခဲ့ပါတယ်။ မကြာသေးမီ အချိန်က မြင့်တက် လျက်ရှိနေရာမှ ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။ စားအုန်းဆီကြမ်း (Crude Palm Oil) ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၀ မှ ၁၅ဒေါ်လာ ထပ်မံ မြင့်တက်ခဲ့ကာ သြဂုတ် ၉ရက်မှာ စားအုန်းဆီ ကြိုရောင်း ဈေးက နှစ်လအတွင်း အမြင့်ဆုံးနှုန်း ကို ရော က်ရှိခဲ့ ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်းက အယ်နီညို ရာသီဥတုသွင်ပြင် လက္ခဏာများကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ စားအုန်းဆီ ထုတ်လုပ်မှု ကျဆင်းခဲ့ပါ တယ်။ ရို
မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းဈေးက သြဂုတ် ၄ရက်မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီ ဈေးက သြဂုတ် ၃ရက်မှာ ရက်သတ္တပတ် ခြောက်ပတ်အတွင်း အမြင့် ဆုံးနှုန်းထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဇူလိုင်အ တွက် သို လှောင်လက်ကျန် မြင့်တက်မယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ကြောင့် လည်းကောင်း၊ ကုန်သည်များက အမြတ်ရနေတုန်း အချိန်မှာ ပြန်လည်ထုတ်ရောင်းလာတဲ့အတွက်ကြောင့် လည်း ကောင်း ယခုလို ဈေးကျဆင်း တာဖြ စ်ကြောင်း ဘီရီကော်ဒါ သတင်းမှာ ဖော်ပြပါတယ်။