Background
၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ဝယ်လို အားက စင်ကာပူဒေါ်လာ ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံ) နှင့် စင်ကာပူဒေါ်လာ ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ) အကြားရှိလိမ့်မယ် လို့ ခန့်မှန်းကြောင်း အဆင်မြင့်အရာရှိ တစ်ဦးက ဇန်နဝါရီ ၁၁ ရက်က ပြော ပါတယ်။ ၂၀၁၁ ခုနှစ်က ဝယ်လိုအားက စင်ကာပူဒေါ်လာ ၃၂ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ) ရှိခဲ့တယ်လို့ အမျိုးသားဖွံ့ဖြိုးမှုနဲ့ လူအင် အားပြည်နယ်ဝန်ကြီး တန်ဟွမ်ဂျင်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ နှစ်စဉ်မော်တော်ကားရောင်းချမှုက ၂၀၁၁ ခုနှစ်မှာမကြုံဖူးအောင် တိုးတက်ခဲ့ပြီး ဂျပန်နိုင်ငံမှာမတ်လက ဆူနာမီဖြစ်ခဲ့ တာကြောင့် ဖြန့်ဖြူးမှုပြတ်တောက်မှာကို စိုးရိမ်နေသည့်ကြားမှ ပြည်တွင်း မော်တော်ကားထုတ်လုပ်သူတွေခန့်မှန်းထားခဲ့တဲ့ စီးရေ ၈၇၀၀၀၀ ထက် ကျော်လွန်ထုတ်လုပ်ခဲ့ပါတယ်။
ဥရောပ နိုင်ငံတော်ကြွေးမြီ အကျပ်အတည်းက ၂၀၁၂ ခုနှစ်မှာ ဂျပန်စီးပွားရေးအပေါ်ဆက်လက်ဂယက် ရိုက်ခတ်လိမ့်ဦးမယ်၊ ဒါ့ကြောင့် ယန်းငွေတန်ဖိုးဆက်လက် ခိုင်မာနေပြီး အမေရိကန်ပြည်ထောင်စုနဲ့ ထွန်းသစ်စစီးပွား ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းမှာ ဖြစ်ပါ တယ်။
ဒက်ထရွိုက်မှ မော်တော်ကားထုတ်လုပ်ရေး လုပ် ငန်းကြီးသုံးခုရဲ့ အမေရိကားတွင် ဒီဇင်ဘာ ရောင်းချမှုက ခိုင်မာမှုရှိခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ပါတယ်။ နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းက အကြီး အကျယ်ကျဆင်းခဲ့ရာမှ တဖြည်းဖြည်းရုန်းထွက်လာပြီ ဖြစ် သည့် အတွက် ၂၀၁၁ ခုနှစ် လုပ်ငန်းဆောင်ရွက်မှု စွမ်း ဆောင်ရည် မြင့်မားလာသလို ယခုနှစ်မှာလည်း ပိုမို ကောင်းမွန်လာလိမ့်မယ်လို့မျှော်လင့်စရာဖြစ်လာခဲ့ပါတယ်။
ပညာရေးအခြေခံကောင်းတဲ့ ကလေးများကို ပိုမိုတိုးတက်အောင်ဆောင်ရွက် ပေးသည့်အတွက် ကလေးသူငယ်များကိုအထောက်အကူပေးရေး ဈေးကွက်က တိုး တက်လျက်ရှိပါတယ်။ သို့သော် အသက် ၆ နှစ်အရွယ်သာ ရှိသေးသောကလေးများကို ဖွံ့ဖြိုးရေးစင်တာများက ဝင်ခွင့်စစ်ဆေးမှုများပြုလုပ်နေတဲ့အတွက် အချို့ သောမိဘများ အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
တရုတ်နိုင်ငံမှာ စက်ရုံသစ်တစ်ခုတည်ဆောက်ပြီး တဲဘလက်ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေမှာအသုံးပြု မဲ့ မင်မိုရီချစ်ပ်တွေထုတ်လုပ်မဲ့ ဆမ်ဆောင်းရဲ့စီမံကိန်းကို တောင်ကိုရီးယားကအတည်ပြုပေးခဲ့ကြောင်း တောင်ကိုရီး ယား နိုင်ငံအသိပညာစီးပွားရေးဝန်ကြီးဌာနက ပြောပါ တယ်။
တောင်ကိုရီးယားရှိ LCD ဖက်စပ်ကုမ္ပဏီမှ ရှယ်ယာများကို ဆိုနီ ကုမ္ပဏီက သူ၏စီးပွားဖက်ကုမ္ပဏီသို့ ပြန်လည်ရောင်းချရန် သဘော တူညီထားပြီး ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုက တနင်္လာနေ့ (ဒီဇင်ဘာ ၂၆)က ကြေညာ ပါတယ်။ ဆမ်ဆောင်းက ဖက်စပ်ကုမ္ပဏီ S-LCD Corp မှ ဆိုနီကုမ္ပဏီ၏ရှယ်ယာအားလုံးကို ဝယ်ယူခဲ့ရာ ဆမ်ဆောင်းကဖက်စပ် ကုမ္ပဏီ ရှယ်ယာအားလုံးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံက BRIC ခေါ်ထွန်းသစ်စ စီးပွားရေး နိုင်ငံမှာ ပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံရဲ့ စီးပွားရေးက ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်သစ်နိုင်ငံကို ကျော် တက်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေးအရ နံပတ် ၅ နေရာကို ရောက်လာလိမ့်မယ်လို့ ဘရာဇီးနိုင်ငံဘဏ္ဍာရေး ဝန်ကြီး က ပြောပါတယ်။
အဖွဲ့လိုက်ခရီးစဉ်အတွက် ဈေးသက်သာစွာ ပိုမိုရရှိခဲ့တဲ့အတွက် ပင်လယ်ရပ်ခြားကို ထွက်ခွာတဲ့ခရီး သည် ဦးရေက ၂၀၁၁ ခုနှစ်မှာ သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ဒီဇင်ဘာ ၂၉ ရက်ကထုတ်ပြန်တဲ့အစိုးရ စာရင်းဇယားများအရ သိရပါတယ်။
စီးပွားရေးလုပ်ငန်းတွေက စွမ်းအင်ကို ချွေတာပြီး ဂေဟစနစ်ကို ကာကွယ်ရမယ်။ တစ်ချိန်တည်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရင်း ရာသီဥတုပြဿနာကို ဖြေရှင်းဖို့ အတွက် ဆောင်ရွက်ဖွယ်ရာကိစ္စတွေကို ဖြေရှင်းရမယ်" လို့ ဟိုချီ မင်းစီတီမှာ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ဖိုရမ်ကို တက်ရောက်လာကြတဲ့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။
