Main menu

Background

Thursday, 7 Jun 2012

    နေပြည်တော်အသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်းကို ဒုတိယအကျော့ပွဲ ဦးထွက်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့်အတွက် အဝေးရောက်ပရိသတ်တစ်ဦးက ဆုကြေးငွေကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်စုံတစ်ရာစစ်ဆေးမေးမြန်းမှုများပြုလုပ်ရန်အစီအစဉ် မရှိကြောင်း သိရသည်။

Wednesday, 30 May 2012

    မြန်မာနေရှင်နယ်လိဂ်တွင် အအောင်မြင်ဆုံးကလပ်အသင်းဖြစ်သည့် ရတနာ ပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက မိမိတို့နိုင်ငံ၏ဘောလုံးဖွံ့ဖြိုးရေး မှာ တိုင်းပြည်၏စီးပွားရေးပေါ် တည်မီနေကြောင်း မေ ၁၉ ရက်က ပြုလုပ် ခဲ့သည့် Think Tank  အစည်းအဝေးတွင် ပြောကြားခဲ့သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာနည်းပြများဖြစ်သည့် ဦးတင်မြင့် အောင်နှင့် ဦးဇော်ဝင်းထွန်းတို့အား အဖွဲ့ချုပ်၏နည်းစနစ်ဌာနတွင် ခန့်အပ်တာ ဝန်ပေးရန်အတွက် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကြောင်း သိရသည်။

Thursday, 24 May 2012

    ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသည့် ရန်ကုန်ယူနိုက်တက် ဂိုးသမား စောအယ်ထူးသည် ယခုအခါဒဏ်ရာမှ သက်သာပျောက်ကင်းလာပြီးအသင်း နှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Thursday, 17 May 2012

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကို ယခင်က  Digicel Women Cup 2012  အမည်ဖြင့် ကျင်းပရန် စီစဉ်ခဲ့သော် လည်း ညှိနှိုင်းဆွေးနွေးမှုများ မပြီးပြတ်သေးသဖြင့်  MFF Women's Cup 2012 အမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ကြောင်း  သိရသည်။

Tuesday, 15 May 2012

    လူငယ်အမှတ်ပေးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အနိုင်ရရှိရန်အတွက် လူငယ် ကစားသမားသစ်များကို ရွေးချယ်ခေါ်ယူလျက်ရှိသည့်ကမ္ဘောဇအသင်းမှ ဦး သန်းထိုက်က လာရောက်အရွေးချယ်ခံသည့်ကစားသမားသစ်များတွင် လစာ ကျပ် ၁၀သိန်းနှင့်ထိုက်တန်သည့်ထူးချွန်ကစားသမားမတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။

Monday, 14 May 2012

      တောင်ကိုရီးယားနိုင်ငံတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေး စင် ယူ-၂၂ကစားသမားများအနေဖြင့် ယခုထက်ပို၍ လေ့ကျင်မှုပြင်းပြင်း ထန်ထန် ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်နည်းပြချုပ် ပတ်ဆောင်ဟွာက ထုတ်ဖော်ပြောကြားလိုက်သည်။      ၂၀၁၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာဖူဆယ် လက်ရွေးစင်အသင်းသည် ဖိလစ်ပိုင်အသင်းအား ၄-၅ဂိုးဖြင့် ရှုံးနိမ့်ကာ အဖွင့် မလှဖြစ်ခဲ့ရကြောင်း သိရသည်။

Sunday, 25 Mar 2012

-    မကွေးအက်ဖ်စီအား အနိုင်ရသောပွဲတွင် ကမ္ဘောဇအသင်းမှ ဂိုးသမားနှစ်ဦး စလုံး ဒဏ်ရာရရှိခဲ့ရာ ပထမဂိုးသမား ကျော်ဇင်ထက်မှာ ခါးဒဏ်ရာရရှိခဲ့ပြီး ၎င်းင်းနေရာ အစားဝင်လာခဲ့သည့် အရန်ဂိုးသမား ရဝေဇင်မှာ မကွေးအသင်း နောက်ခံလူ ကိုနေးနှင့်ထိခိုက်မိပြီး သတိလစ်မေ့မျောခဲ့ရာဆေးရုံတက်ရောက်  ကုသခဲ့ရကြောင်း၊ ယခုအခါ ၎င်းတို့နှစ်ဦးစလုံး ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။

Monday, 5 Mar 2012

မြန်မာ့လက်ရွေးစင်ယူ-၂၁အသင်း နှင့်ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲဝင်ရောက် ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းမှ ကြည်လင်းနှင့်ဒေးဗစ်ထန်းတို့ နှစ်ဦးအား AFC Cup ကစားမည့်နေ့ မတိုင်မီမိခင်ကလပ်အသင်းသို့ပြန်လည် စေလွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Monday, 5 Mar 2012

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးအစီအစဉ်အရ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ကမ္ဘောဇအသင်းနှင့်ထိုင်းပရီးမီးယားလိဂ်မှ ထိပ်တန်း အသင်းတစ်သင်းဖြစ်သည့် ချင်းရိုင်ယူနိုက်တက်အသင်းတို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရှိ မယ်ဆိုင်မြူနီစပါယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကမ္ဘောဇအသင်း က ချင်းရိုင်ယူနိုက်တက်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ဆုဖလားကို ရယူနိုင်ခဲ့သည်။

Monday, 5 Mar 2012

(၁၁)ကြိမ်မြောက်အရှေ့တောင်အာရှ အာဆီယံကာယဗလတံခွန်စိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ တွင်ဖေဖော်ဝါရီလ၂၅ရက်နေ့ကကျင်းပ ခဲ့ရာ မြန်မာအသင်းသည် ဆုတံဆိပ် ၇ခုရရှိခဲ့ပြီးနိုင်ငံအလိုက်ပထမနေရာတွင်  ရရှိခဲ့ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲတွင် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံမှ အားကစားသမားစုစုပေါင်း ၄၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင် မြန်မာအသင်းက ရွှေ ၃၊ ငွေ ၂၊ ကြေး ၁ စုစုပေါင်း  ဆုတံဆိပ် ၇ ခုရရှိခဲ့ခြင်း ဖြစ်သည်။

Pages