ကုန်သွယ်မှု၏ ဟန်ချက်နှင့် စီးပွားရေးယန္တရားလည်ပတ်မှု
အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေ(Trade Deficit) သည် ကမ္ဘာ့စီးပွားရေးတွင် အမြဲမပြတ်အာရုံစိုက်ခံရသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးလိုငွေသည် အမေရိကန်ဒေါ်လာ ၉၀၁ ဒသမ ၅ ဘီလီယံ ရှိခဲ့သည်။ ထိုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံကျော်ရှိခဲ့သလို ပြည်ပမှ သွင်းကုန်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၄ဒသမ ၃ ထရီလီယံကျော်ရှိခဲ့သည်။ သို့သော် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ပို့ကုန်တိုးတက်မှုနှုန်းက သွင်းကုန်တိုးတက်မှုနှုန်းထက် ပိုမိုမြန်ဆန်ခဲ့သည့်အတွက် ကုန်သွယ်ရေးလိုငွေသည် ယခင်နှစ်အလားတူကာလထက် သုံ
