ဗီယက်နမ်၊ မလေးရှားတို့နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်မည်ဟု တောင်ကိုရီးယားပြော
အာဆီယံ-ကိုရီးယားစင်တာနှင့် ကိုရီးယားသွင်းကုန်လုပ်ငန်းရှင်များအသင်းတို့သည် တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရန်ရည်ရွယ်၍ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ ကုန်သွယ်ရေးမြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း မေ ၁၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့တွင် မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းကဏ္ဍတွင် အထူးပြုထားသည့် ကိုရီးယားကုမ္ပဏီ ၂
