Background
မိမိတို့မြန်မာ့သခွားမွှေးများမှာ တစ်ဖက်နိုင်ငံမှ ကြိုက်နှစ်သက်တဲ့အရွယ် အစားနဲ့ အရည်အသွေးရှိတာကြောင့် သခွားမွှေး တင်ပို့မှုများ ကောင်းလျက်ရှိပါ တယ်။ ယမန်နှစ်ကာလတူထက် ၁၁၁၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၄၆၈ သန်းဖိုး၊ အနီးစပ်ဆုံးကာလထက် ၃၀၁၈ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၆၆၆ သန်းဖိုး ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။
ယခုအခါ သကြားတင်ပို့ခွင့်ရရှိနေပြီဖြစ်တဲ့အတွက် ကြံသကာ၊ သကြား တင်ပို့မှုအပေါ် သစ်သီးဝလံနဲ့ ဥယျာဉ်ခြံမြေထွက်ပစ္စည်းများကဲ့သို့ ကုန်သွယ်လုပ် ငန်းခွန် ၅ ရာခိုင်နှုန်းလျှော့ချပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက်ခံပါက ပိုမို အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်တဲ့အတွက် တင်ပို့မှုလည်းပိုမိုလာနိုင်မယ်လို့ ကုန်သည် လုပ်ငန်းရှင်များက ပြောဆိုနေကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၅၁၀ ကျော်ကို မတ်လ ၂၁ ရက် မှ ၂၇ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နွားဘေးထွက်ပစ္စည်း တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ သုည ဒသမ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၂ တန်၊ ငါးကုန်းညိုခြောက် ၇၈ တန်နဲ့ ငါးစုံလေးခြောက် ၁၀ တန်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ငါးနီတူခြောက်တစ်မျိုးသာ ၁၂၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးခြောက် အမယ်စုံစုံ တင်ပို့နိုင်ခဲ့တဲ့
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၉၂၀ ခန့်ကို တင်ပု့ိနိုင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ရှိတမူးမှ ကန်ဒေါ်လာ သုညဒသမ ၀၂၂ သန်းတန်ဖိုး ရှိ ရှိန်းခိုနဲ့ ဇာတိပ္ဖိုလ်သီး ၄ တန်ကျော် တင်သွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ သွင်းကုန်လိုင်စင်ဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ထီး တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မတ် ၂၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ညှိနှိုင်းရေး အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မြို့နယ်ဆန်စပါး ကုန် သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနဲ့ တွေ့ဆုံခဲ့ပါတယ်။
မတ်လ ၁၄ ရက်မှ ၂၀ ရက်ကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၂၄ သန်း တန်ဖိုးရှိ ဧည့်မထ ၅ မှတ် ၂၅၁၇ တန်၊ ၁၀ မှတ် ၁၄၂၅ တန်ခန့်၊ ၁၅ မှတ် ၂၁၄၆ တန်ခန့်၊ ၂၅ မှတ် ၁၇၀၂ တန် ခန့်နဲ့ ငစိန် ၁၀ မှတ် ၁၀၀၅ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၇ သန်း တန်ဖိုးရှိ ဧည့်မထ တန် ၃၅၀၊ ကန်ဒေါ်လာ
မူဆယ် ၁၀၅ မိုင်မှာ ပေးဆောင်ရတဲ့ အလုပ်သမားခမှာ မြေဆီတစ်တန်လျှင် ၁၀၀၀ိ/-နှုန်းနဲ့ ကားတစ်စီးကို ၁၈၀၀၀ိ/-နှုန်း ပေးချေနေရသဖြင့် သယ်ယူခ နှုန်းထားလျှော့ချပေးရန်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ နယ်စပ်ကုန်သည် အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဦးဌေးဦးက ဆက် လက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၁၇၆သန်း တန်ဖိုးရှိ ရေချိုငါး ၁၄၂ တန်ကျော်၊ ငါးစုံလေးခြောက် ၁၂ တန်၊ ငါးနီတူခြောက် ၂ တန်နဲ့ ရေငန်ပုစွန်ကျား ၃ ဒသမ ၆ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရေချိုငါးနဲ့ ငါးစုံလေးခြောက် တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မောင်တော