Main menu

Background

Monday, 12 Mar 2012

    နိုင်ငံတော်မှ အရန်ဆန်ထားရှိရေး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရန်စပါးများအား အဝယ်ဒိုင်များ ဖွင့်လှစ်ပြီး ၄၆ ပေါင်၊ စပါးတင်း ၁၀၀ ကို ၃၃၀၀၀၀ ကျပ်ဈေးနဲ့သာ တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူ လျက်ရှိရာ၊ ရန်ကုန်(တောင်ပိုင်းခရိုင်) အရှေ့ခြမ်း၊ မြို့နယ်များဖြစ်တဲ့ သန်လျင် ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှ တောင်သူများ ဝမ်းသာအားရ သွားရောက် ရောင်းချခဲ့ကြကြောင်း သိရှိရပါတယ်။

Monday, 12 Mar 2012

    ပဲခူးတိုင်းဒေသကြီးမှာ  ရော်ဘာကို တဖြည်းဖြည်းတိုးချဲ့ စိုက်ပျိုးလာခဲ့ရာ ယခုအခါ ခရိုင်လေးခု၊ မြို့နယ် ၂၈ မြို့နယ် ရှိတဲ့အနက်၊ ခရိုင် သုံးခု၊ မြို့နယ် ၁၂ မြို့နယ်တွင် စိုက်ဧက ၁၀၁၂၃၂ ဧကအထိ တိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဓိက စိုက်ပျိုးတဲ့ ပဲခူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့လက မြို့နယ်အသင်းခွဲ ၂ ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါ တယ်။

Monday, 5 Mar 2012

ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး၊ အရောင်းအဝယ်များ  အဆင်ပြေစေရေးအတွက် အခွန်များလျှော့ ပေါ့ပေးခဲ့ပြီး အဘက်ဘက်မှ အားပေးဆောင်ရွက်နေချိန်မှာ ပြည် တွင်း အရောင်းအဝယ်လုပ်ငန်းများဖြစ်တဲ့ ရွှေရောင်းဝယ်ခြင်းလုပ် ငန်း၊ ပဲအမျိုးမျိုး၊ ဆန်၊ ပြောင်း၊ ဆား အစရှိတဲ့ ရောင်းဝယ်မှုလုပ် ငန်းများမှာ ငွေ/ပစ္စည်းတို့ကို လက်ငင်းပေးချေခြင်းမပြုဘဲ လေပတ်

Monday, 5 Mar 2012

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၂၀၁၂ ခုနှစ် မတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်မည့်  India Engineering Sourcing Show 2012  ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ဖိတ်ကြားလာပါသည်။

Monday, 5 Mar 2012

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၂ ခုနှစ် မတ် ၁၄ ရက်မှ ၁၈ ရက်အထိ  Thailand International Furniture Fair 2012   ပြပွဲကို  Bangkok International  Trade and Exhibition Centre (BITEC)  တွင် ကျင်းပမည်ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေး သံမှူးရုံးမှ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သို့ ဖိတ်ကြားလာပါ သည်။

Monday, 5 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး  အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာ့လူစွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုပညာသင်တန်း ကျောင်း (MHR) နှင့် မြန်မာသီဟ ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်သည့် ပြည်သူ့ ဆက်ဆံရေး သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီတွင် လှိုင်မြို့နယ်ရှိ Myanmar Info-Tech  ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြား ခဲ့ပါတယ်။

Monday, 5 Mar 2012

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှု အရေး ကြီးလာတာနဲ့အမျှ  နိုင်ငံအများစုက ပြည်တွင်းထုတ်လုပ်မှု  တိုးတက်အောင် ဆောင်ရွက်ရုံသာမက ပြည်ပနိုင်ငံများ မှာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့လည်း ကြိုးစားလာကြပါတယ်။  မြန်မာနိုင်ငံ အနေနဲ့ လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်သလို  ရေခံမြေခံကောင်းများ ရှိတဲ့အပြင် နိုင်ငံတော်အစိုးရသစ်လက် ထက်မှာ  ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိတာကြောင့်   ပြည်ပ နိုင်ငံတော်တော်များများက  စိတ်ဝင် တစားလာရောက်  လေ့လာဆွေးနွေး လျက်ရှိပါတယ်။

Monday, 5 Mar 2012

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ စပါးအများစုထွက်ရှိရာ မြို့နယ် ၆၄ မြို့နယ်မှာ တောင်သူများထံက မိုးစပါးကို ဝယ်ယူလျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်အထိ ဝယ်ယူပြီးစီးမှုအနေနဲ့ စပါးတင်း ၁၀ သိန်းကျော်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရပါတယ်။ ဝယ်ယူထားတဲ့ စပါး ၁၀ သိန်းကို ဆန်အနေနဲ့ မတ် ၅ ရက်ကစပြီး ရန်ကုန်ရှိကြီးကြပ်မှုကော်မတီမှ စပြီးလက်ခံသွားမယ်လို့လည်း သိရပါတယ်။ မိုးစပါးအများစုထွက်ရှိရာ ဒေသများကဝယ်ယူမှုကို မတ် ၁၀ ရက်မှာ အပြီးသတ်ဝယ်ယူမယ်လို့လည်း သိရပါတယ်။

Monday, 5 Mar 2012

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ပဲအထူးပြုကုမ္ပဏီများမှ တိုင်းအတွင်းမတ်ပဲ၊ ပဲတီစိမ်းများ အများဆုံးစိုက်ပျိုးလျက်ရှိတဲ့ မြို့နယ်များမှာ သွင်း အားစုဓာတ်မြေသြဇာနဲ့စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါတယ်။     ဟင်္သာတမြို့နယ်ရှိ ငဝန်ဧရာ ပဲမျိုးစုံအထူးပြုကုမ္ပဏီ၊ ဇလွန်မြို့နယ်ရှိ ရွှေ ဇလွန်ပဲအထူးပြုကုမ္ပဏီနဲ့ ဇလွန်ရှေ့ဆောင် ပဲအထူးပြုကုမ္ပဏီ၊ ဓနုဖြူမြို့နယ်ရှိ ဒေါင်းတံခွန်ပဲအထူးပြုကုမ္ပဏီ၊ အင်္ဂပူမြို့နယ်ရှိ ဇမ္ဗူရွှေ ပဲအထူးပြုကုမ္ပဏီများမှ တောင်သူများ၊

Monday, 5 Mar 2012

    ပဲခူးတိုင်းဒေသကြီးအနောက်မှာ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်း ရွက် စိုက်ပျိုး ထုတ်လုပ်သူများအသင်း အဖွဲ့ ဖွဲ့စည်းရေးကိစ္စများ ဆောင်ရွက် လျက်ရှိရာ ခရိုင်နဲ့မြို့နယ်များမှ TPIS   တာဝန်ခံများဟာ ကျေးရွာ အုပ်စုများ အရောက် ကွင်းဆင်းပြီး၊ စိုက်ပျိုးထုတ် လုပ်သူ တောင်သူများနဲ့ တွေ့ဆုံဆွေး နွေးခဲ့ပါတယ်။

Pages