Background
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမတွင် မြန်မာ အနော်ရထာစီးပွားရေး လုပ်ငန်းစုမှဦးဆောင်၍ အခမ်းနားဆုံးနဲ့ အထူးခြား ဆုံးကုန်စည်ပြပွဲကြီးဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ၂၅ ရက်နေ့ နံနက်ပိုင်းကကျင်းပ ပြုလုပ်ရာတိုင်းဒေသကြီးစီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးလှခိုင်၊ မြန်မာအနော်ရထာ စီးပွားရေး လုပ်ငန်းစု ဥက္ကဌ ဒေါ်ခင်နှင်းဆီ၊ Father Land ကုမ္ပဏီဒါရိုက်တာ ဦးသက်လွင်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
သစ်သီးဝလံများ တန်ဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်မှာမန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေးရုံး အစည်းအဝေးခန်းမမှာ ကျင်းပ ပြု လုပ်ခဲ့ပါတယ်။
ပုသိမ်မြို့နယ်မှာ အသေးစား လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိနဲ့ ဝန်ထမ်းများမှ ကြီးကြပ်လျက် ပံ့ပိုးချေးငွေများ ထုတ်ချေးလျက်ရှိရာ ကြယ်စင်ဟိန်း ဈေးသမဝါယမအသင်းရှိ အသင်းသား ၁၇၆ ဦးအား မတည်ရင်း နှီးငွေ ကျပ် ၁၂၁ ဒသမ ၆ သိန်း၊ မြို့ သစ်ဈေး အသင်းသား ၁၀၅ ဦးအား ကျပ် ၆၆ ဒသမ ၉ သိန်း၊ အောင်သီရိ ဈေး အသင်းသား ၁၇၄ ဦးအား ကျပ် ၇၇ ဒသမ ၇ သိန်း၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ စီးပွားရေးဝန်ကြီးများ တွေ့ဆုံပွဲကို တက်ရောက်ရန် ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး H.E Gita Wirjawan အား မြန်မာ နိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင် ဇော်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းတိုးတို့မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်မှာ နေပြည်တော်၊ အမရာဟိုတယ်၌ သွားရောက်တွေ့ဆုံဂါရဝပြုကြောင်း သတင်းရရှိပါတယ်။
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ အစီအမံနဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ပါ အသေးစားပုဂ္ဂလိကငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၂၀၀၀ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၄ အုပ်စုမှ တောင်သူလယ်သမား ၄၀၀၀ အား တစ်ဦး ၅၀၀၀၀ ကျပ်နှုန်းဖြင့် ယခုလမှ စတင်ထုတ်ချေးမှာဖြစ်ပြီး ရှစ်လအတွင်း သတ်မှတ်ထားတဲ့ အတိုးနဲ့အတူ ပြန်လည် ပေးအပ်ရမှာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ် အနက် ကျန်လုပ်ငန်းစဉ်များကိုလည်း စတင်အကောင်အထည်ဖော်နိုင်ရန် ငွေ ကြေးအရင်းအနှီး၊ ပံ့ပိုးထောက်ပံ့ပစ္စည်းများနဲ့ နည်းပညာများကို စောင့်မျှော်လျက်ရှိ ကြောင်း သိရပါတယ်။ MMA
နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး အတွက် မြို့နယ်ဆန်စပါးလုပ်ငန်း အသင်းရဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာမြို့နယ်ဆန်စပါးလုပ်ငန်းအသင်း ရုံး ခန်းမမှာ ကျင်းပခဲ့ပါတယ်။
သစ်သီးဝလံများ တန်ဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု သင်တန်းနဲ့ အလုပ်ရုံဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၆ ရက်များမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သိပ္ပံလမ်းနဲ့ ၇၃ လမ်းဒေါင့်ရှိ မြန်မာ့စိုက်ပျိုးရေးရုံးမှာ ကျင်းပမှာ ဖြစ် ကြောင်း သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲရဲ့ နံနက်ပိုင်းမှာ သင်တန်းပို့ချပြီး နေ့လည်ပိုင်းမှာ ဆွေး နွေးပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး (ပြည်မြို့) အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှာ နိုင်ငံတော်အရန်ဆန်ထားရှိရေးအတွက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ် ၁၄ မြို့နယ်မှာ အဝယ်ဒိုင် ၄၆ ခုဖွင့်လှစ်ပြီး ဝယ်ယူရေး လုပ်ငန်းများကို မြို့နယ်ဝယ်ယူရေးကော်မတီများဖွဲ့စည်းဝယ်ယူခဲ့ပါတယ်။ ယခုတတိယပတ်အထိ စပါးတင်းပေါင်း ၂၃၀၀၀၀ ကျော် ဝယ်ယူရရှိပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း မြို့နယ်အလိုက် ရည်မှန်းချက်များ ပြည့်မီတဲ့အထိ ဝယ်ယူသွား မှာ ဖြစ်ပြီး၊ အမြန်ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။ နေမျိုးဝေ
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှာ နိုင်ငံတော်အရန်ဆန်အတွက် အဝယ် စခန်းများဖွင်ပြီး စပါးဝယ်ယူနေမှုများကို ပဲခူးတိုင်း အနောက်ပိုင်း တာဝန်ခံ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်း အောင်နဲ့ အဖွဲ့ဟာ ၂၀၁၂ ဖေဖော်ဝါရီ လ ၁၆၊ ၁၇ ရက်များမှာ တိုင်းဝယ်ယူ ရေး ကြီးကြပ် ကော်မတီဝင်များနဲ့အတူ
ထိုင်းနိုင်ငံ Department of International Trade Promotion မှ လက်ထောက်အထွေထွေမန်နေဂျာ Mr. Somdet Susomboon ဦးဆောင်တဲ့ ထိုင်းကုမ္ပဏီ ၂၇ ခုမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အဖွဲ့ဝင် ၄၀ ကျော် ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဖေဖော် ဝါရီလ ၂၂ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါတယ်။