Main menu

Background

Monday, 13 Feb 2012

            မန္တလေးမြို့ ၇၈ လမ်းနဲ့ ၇၇ လမ်းအကြား ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ရတနာပုံဈေးမှာ  ယခုလ အရောင်းအဝယ်ပါးခြင်းကြောင့် ဆိုင်ခန်းအငှားရော အရောင်းဈေးနှုန်းပါ ကျဆင်းလာကြောင်း သိရပါတယ်။ရွှေနိုင်ငံအထည်ဆိုင်မှ မအေးအေးမိုးက "အရောင်းအဝယ်ပါးတော့ ဆိုင်ခန်း ဈေးကလည်း ခပ်ပါးပါးပဲ။ ဈေးကျပေမယ့် ဆိုင်ခန်းဝယ်ယူသူနည်းပြီး အငှားတော့ ရှိတယ်။ အရောင်းအဝယ်ပါးနေတာ ၃ လလောက်ရှိပြီ။

Monday, 13 Feb 2012

             ကရင်ပြည်နယ်၊ ဒေါနတောင်ခြေမှထွက်ရှိတဲ့ ခရမ်းစွဲကျောက်များကို ပြည် တွင်းဈေးကွက်ထိုးဖောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ကရင်ပြည်နယ်၊ မြဝတီမြို့ ဒေါနခရမ်းကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲ ဝင်းလေးက "ကရင်ပြည်နယ်၊ ဒေါနတောင်ကနေ ဒေါနမြ၊ ဒေါနမြပြာ ခရမ်းစွဲထွက် တယ်။

Monday, 13 Feb 2012

    တောင်သမန်သို့ ပြည်တွင်းပြည်ပဧည့်များ အလာများခြင်းကြောင့် ဒေသခံလုပ်ငန်းများ အလုပ်ပိုဖြစ်ကြောင်း သိရပါတယ်။တောင်သမန်၊ ဦးပိန်တံတားမှာ ဓာတ်ပုံရိုက်သူတစ်ဦးက "ပြည်တွင်းဧည့်က တစ်နေကုန် တဖွဲဖွဲနဲ့လာ နေတာ။

Monday, 6 Feb 2012

ပြည်တွင်းမှ ပျိုးပင်များကို ပြည်ပ သို့တင်ပို့ရန် အစီအစဉ်ရှိကြောင်း၊ အမှာ စာများရှိကြောင်း၊ သစ်ပင်ပန်းမန် စိုက် ပျိုးပင်များ   စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ဥက္ကဋ္ဌက ပြော ပါတယ်။"ပြည်တွင်းမျိုးကိုမှာယူတာရှိတယ်။ မလုပ်နိုင်သေးဘူး။  မလေးစကားဆို ကွန်တိန်နာတစ်စီးလိုချင်လို့ မှာယူမှုရှိ တယ်။ တခြားမျိုးတွေလည်း လိုချင် တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ စိုက်ပျိုး ရေးမှာ ကာကွယ်တဲ့ဥပဒေရှိနေတယ်။

Monday, 6 Feb 2012

ပြည်ပတွင်သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများက မြန်မာနိုင်ငံရှိ မိ သားစုများထံ ငွေလွှဲပေးပို့ရာ၌ လျင်မြန် ချောမွေ့ပြီး လုံခြုံစိတ်ချစွာပေးပို့နိုင်ရန် အတွက် နိုင်ငံခြားသုံးငွေများ  ရောင်း ဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိက ဘဏ်လေးဘဏ်ကို  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ပြည်ပငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။

Monday, 16 Jan 2012

    ကယားပြည်နယ်အစိုးရမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှုလျော့နည်းပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်ကျန်ငွေကျပ်သိန်း ၅၀၀၀ ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က အပြီးသတ် ထုတ်ချေးပေးခဲ့လို့ ကယား ပြည်နယ်ပြည်သူများထံသို့ ချေးငွေကျပ်သိန်း ၂ သောင်းမှာ အပြည့်အဝရောက်ရှိ သွားပြီးဖြစ်ကြောင်းသိရပါတယ်။

Monday, 16 Jan 2012

     နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးအတွက် မွန်ပြည်နယ်ဆန်စပါး လုပ်ငန်းအသင်းအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နံနက်က မွန်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေးရှိ (TPIS)ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ပြည်နယ် မန်နေ ဂျာနဲ့ မွန်ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း အမှုဆောင်များ၊ မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဆန်စပါး ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ကြပါတယ်။

Monday, 16 Jan 2012

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ရှိ ဧရာ ပုသိမ်ဆန်စပါးအထူးပြု ကုမ္ပဏီမှ မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးလျက်ရှိတဲ့ တောင်သူများကို မျိုး၊ သွင်းအားစု၊ လယ်ယာသုံး စက်ပစ္စည်း များ ပံ့ပိုးပေးလျက်ရှိရာ ကျေးရွာ ၅၉ ရွာရှိ တောင်သူဦးရေ ၂၃၅၂ ဦး၊ စိုက် ဧက ၁၂၇၅၀ ဧကအတွက် ရက် ၉၀ စပါး၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ စုစုပေါင်း မျိုးစပါးတင်း ၁၄၅၀၊ တန်ဖိုးငွေကျပ် ၈၇ သိန်း၊ သွင်းအားစု ဓာတ်မြေ သြဇာအတွက် ကျပ်သိန်း ၇၂၆၆ သိန်း၊ ငွေသား ၅၂ သိန်း၊ လယ်ယာသုံးစက် ပစ္စည်းများအတွက် ကျပ်သိန်း ၁၃၃၂၊ စုစုပေါင်းပံ့ပိုးငွေကျပ်သိန်း ၈၇၃၇ ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်အထိ ပံ့ပိုးပြီးစီးကြောင်း သိရပါတယ်။ သိပ္ပံ နည်း ကျ ၁၄ ချက်နဲ့ စိုက်ပျိုးလျက်ရှိတဲ့ ကြောင်ပန်းကုန်း၊ လိန်ကုန်းကျေးရွာ၊ ကမ်းနီးကျေးရွာများရှိ တောင်သူများ အား လိုအပ်တာများကို အပြည့်အ၀ ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါတယ်။    မင်းမင်းဦး

Monday, 16 Jan 2012

၂၀၁၁ ခုနှစ် နိုဝင်လာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန် ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၁၉၅ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော အောက်တိုဘာ လထက် အမေရိကန်ဒေါ်လာ ၈၀၀ သန်း  သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၆ ဒသမ ၂၂ ဘီလီယံမြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။

Monday, 16 Jan 2012

             ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် နှစ်အလိုက် ၁၃ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၄၆ ဘီလီယံရှိပြီး၊ သွင်းကုန်တင်သွင်းမှု သည် နှစ်အလိုက် ၂၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၉၄ ဘီလီယံ ရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှုပိုငွေတန်ဖိုးသည်

Pages