Main menu

Background

Sunday, 25 Mar 2012

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ရောင်း ဝယ်လုပ်ကိုင်နေကြတဲ့ ကျောက်မျက်ရတနာရောင်းဝယ်ရာမှာ တရားဝင်လုပ်ကိုင် ခွင့်ရဖို့ ကျောက်မျက်ရုပ်ထု၊ ရုပ်ထွင်းထုလုပ်ရောင်းချခွင့် လိုင်စင်အတွက် ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ထားကြောင်း သိရပါတယ်။

Sunday, 25 Mar 2012

    မန္တလေးတိုင်းဒေသကြီး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအား ကဏ္ဍများစွာ နဲ့ဆောင်ရွက်လျက်ရှိရာ ကျေးလက် ဒေသ အသေးစား  ကုန်ထုတ်လုပ်ငန်း များ ဖွံဖြိုးတိုးတက်ရေးအတွက် ပထမ အကြိမ် ချေးငွေကျပ် ၆၇၃ ဒသမ ၅ သိန်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလက မြို့နယ် ၁၀ ခု၊ ကျေးရွာ ၁၃ ရွာ၊ လုပ် ငန်း ၁၃ ခုကို ထုတ်ချေးပြီးဖြစ်ပါတယ်။

Sunday, 25 Mar 2012

မန္တလေးတိုင်းဒေသကြီးမှာ ဒေသနွားမွေးမြူရေးအတွက် ချေးငွေယူပြီး မွေးမြူ သူများအနေဖြင့် နွားကောင်ရေ တိုးတက် အောင်မွေးမြူပြီး နွားအရည်အသွေး မြင့်မားအောင်မွေးမြူပါက လာမယ့်နှစ်မှာ ငွေဆက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းမှ မတ် ၁၀ ရက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနဲ့ တွေ့ဆုံပွဲ တွင် ပြောပါတယ်။

Tuesday, 13 Mar 2012

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက် ရေးအတွက် လိုအပ်တဲ့ ဘိလပ်မြေများကို ကော့ သောင်းဒေသက အဓိကထား တင်သွင်းပေးနေရ တာဖြစ်တဲ့အတွက် ကျပ်Earning  နဲ့ ဝယ်ယူခွင့် ပေးစေလိုတယ်လို့ ကော့သောင်းကုန်သည်အသင်း မှ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ဖေဖော်ဝါရီ ၂၈ ရက်က ကော့သောင်းကုန်သည် အသင်းမှာပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ် လို့ သတင်းရရှိပါတယ်။

Tuesday, 13 Mar 2012

ကယားပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ လွိုင်ကော်ခရိုင် တာဝန်ခံနဲ့အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ်၊ မတ်လ ၃ ရက်မှာ ဒေါခုခူရပ်ကွက်မှ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၁၀ ဦးနဲ့ လည်းကောင်း၊ မတ်လ ၄ ရက်မှာ နာနတ်တော ကျေးရွာမှ တောင်သူ ၁၄ ဦးနဲ့လည်းကောင်း တွေ့ဆုံပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများရဲ့ ရိတ်သိမ်းချိန်လွန် ကဏ္ဍ အပေါ်ဆောင်ရွက်နေမှုများကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Tuesday, 13 Mar 2012

ကျုံပျော်မြို့နယ်၊  TPIS  ဝန်ထမ်းများဟာ မတ် ၆ ရက်က ကျုံပျော်မြို့နယ်အတွင်း မန်းစက္ကူကျေးရွာ၊ အင်းမကျေးရွာ၊ ပျဉ်ချဆိပ်ကျေးရွာ၊ သောင်ကျေးရွာများသို့ အုပ်စုလေးစုခွဲပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများနဲ့တွေ့ဆုံကာ ၎င်းင်းတို့ရဲ့ ရိတ်သိမ်း ချိန်လွန်ကဏ္ဍအပေါ် ဆောင်ရွက်နေမှုများအတွက် နည်းပညာဖြန့်ဝေရေးလုပ်ငန်းများ ထိရောက်စွာလုပ်ကိုင်နိုင်ရန် ကွင်းဆင်းခဲ့ ပြီး၊

Tuesday, 13 Mar 2012

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်း လယ်ယာကုန်ထုတ်လုပ်မှု  ဖွံ့ဖြိုးရေးကုမ္ပဏီမှ မိုင်းယောင်းမြို့နယ်၊ မိုင်းယုဒေသထွက် တစ်သျှူး ငှက်ပျော၊ ဖရဲသီးနဲ့ ရွှေဖရုံသီးများကို မိုင်းယုဒေသ မှတစ်ဆင့် တရုတ်နိုင်ငံ ကျင်းဟုန်သို့ တင်ပို့ခွင့် လိုင်စင်ခွင့်ပြုချက်ရရှိတဲ့အတွက် အထူးဝမ်းသာ လျက်ရှိတယ်လို့  ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းရှဲလာက မတ် ၃ ရက်က တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်း  မယ်ယန်းအစည်း အဝေးခန်းမမှာပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေး အစည်းအဝေးမှာ ပြောကြားတယ်လို့ သတင်းရရှိပါတယ်။

Monday, 12 Mar 2012

    ဧရာဝတီတိုင်းဒေသကြီးအတွင်းဧည့်မထ ၂၅ မှတ်အဆင့်မီ နိုင်ငံတော်အရန် ဆန် ကြိတ်ခွဲရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်ကျွန်း၊ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးလုပ်ငန်း ကော်မတီ များမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ အဝယ်ဒိုင်များဖွင့်လှစ်ပြီး စပါးများ ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။

Monday, 12 Mar 2012

    ထိုင်းစက်မှုလုပ်ငန်းဖွွံ့ဖြိုးတိုးတက်ရေးဌာန  (Thailand Department of Industrial Promotion)    နှင့် မြန်မာနိုင်ငံမှ  Global Business Link Co.Ltd (GBL)   တို့ ပူးပေါင်းကြီးမှူးပြီး  Business Matching    ကို မတ်လ ၂၂ ရက် ကြာသပတေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ကန်တော်ကြီးကန်ရိပ်သာလမ်းရှိ Kandawgyi Palace Hotel   မင်္ဂလာခန်းမမှာ နံနက် ၀၉း၀၀ မှ ၁၆း၀၀ ချိန်ထိ ကျင်းပ သွားမယ်လို့ သတင်းရရှိပါတယ်။

Monday, 12 Mar 2012

    ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)နဲ့ မန္တလေးတိုင်းဒေသကြီး၊ သရက်သီးအစုအဖွဲ့မှ သရက်စိုက်တောင်သူများ၊ ခြံလုပ်ငန်းရှင်များ၊ ပွဲရုံများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနဲ့ မတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။

Pages